၎-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒို ဟာ အေဂျက်ဇ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ရာခိုင်နှုန်းအနည်းငယ်သာ ရှိကြောင်းပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီအသင်းရဲ့ နိုင်ငံတကာပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်ကို ပါဝင်နိုင်ခြင်းမရှိပဲ တစ်ကိုယ်တော်လေ့ကျင့်ခန်းတွေကို ကြိုးစားပြီးလုပ်နေခဲ့ရတာပါ။ အယ်လီဂရီက အေဂျက်ဇ်နဲ့ပွဲမှာ ရော်နယ်ဒို ပါဝင်နိုင်ဖို့က (၂၀)ရာခိုင်နှုန်းလောက်သာ ရှိပြီး သူ့အနေနဲ့လည်း အစွမ်းကုန်ကြိုးစားပြီး ပြန်လည်ကောင်းမွန်လာဖို့ လုပ်နေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဖာဒီနန် ။         ။ ယူနိုက်တက်ခံစစ်မှူးဟောင်း ရီယိုဖာဒီနန်က လက်ရှိယူနိုက်တက်နည်းပြ ဆိုးလ်ရှားလက်ထက်မှာ အသင်းရဲ့ အတိုးတက်ဆုံးကစားသမားသုံးဦးကို ပြောပြသွားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေဟာ အသင်းကို ပြည်တွင်းမှာ အခြေအနေတွေတိုးတက်လာအောင်ပြုလုပ်ပေးထားပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တိုးတက်အောင်ပြုလုပ်ပေးခဲ့တဲ့ ဆိုးလ်ရှားကို ပြီးခဲ့တဲ့ အပတ်မှာပဲ အမြဲတမ်းနည်းပြ အဖြစ် ခန့်အပ်သွားခဲ့ပါတယ်။ ဖာဒီနန်က မန်ယူအသင်းကစားသမားတွေဖြစ်ကြတဲ့ ပေါ့ဂ်ဘာ ၊ ရက်ရှ်ဖို့ဒ်နဲ့ လင်ဒီလော့ဖ်တို့ဟာ တိုးတက်မှုအရှိဆုံး ကစားသမားတွေဖြစ်လာနေကြပြီး အလက်ဆစ်ဆန်းချက်ဇ် ကတော့ လုံးဝကို တိုးတက်မလာသေးဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Mirror

လီဝန်ဒေါစကီး ။ ။ ဘိုင်ယန်အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက ကစားသမားဘ၀တစ်လျှောက်လုံးမှာ ရင်ဆိုင်ရအခက်ဆုံး ခံစစ်မှူး (၃)ဦးကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒေါ့တ်မွန်၊ ဘိုင်ယန် တို့နဲ့အတူ ဘွန်ဒက်စ်လီဂါပွဲစဉ် (၂၈၃)ပွဲအထိ ကစားထားတဲ့ လီဝန်ဒေါစကီး က ဆာဂျီယိုရာမို့စ် ၊ ဘိုတန် နဲ့ ဟမ်းမဲလ် တို့ဟာ ကျော်ဖြတ်ဖို့ အခက်ဆုံး ခံစစ်မှူးတွေဖြစ်ပြီး ရာမို့စ်ဆိုရင် ချန်ပီယံလိဂ်မှာ ဒုက္ခပေးနိုင်တဲ့ ခံစစ်မှူးမျိုး ဖြစ်တယ်လို့ ချီးကျူးသွားခဲ့တာပါ။

READ
၁-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
EPA

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လက်ကျန်ပွဲစဉ် (၇) ပွဲမှာ ရမှတ်(၁၅)မှတ်ရရှိရင်ပဲ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သေချာသွားပြီလို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ရမှတ် (၆၆)မှတ် ရရှိထားပြီး အမှတ်ပေးဇယားရဲ့အဆင့်(၅)နေရာမှာ ရပ်တည်နေတဲ့ မန်ယူအသင်းဟာ ဒီနေ့ညရဲ့ ပွဲစဉ်မှာ ၀ုဗ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မန်ယူအသင်းကို FA ဖလားကနေ ထွက်ရအောင် လုပ်နိုင်ခဲ့တဲ့ အသင်းပါ။ ဆိုးလ်ရှားက မန်ယူအသင်းအနေနဲ့ ပွဲစဉ်တိုင်းကို ဂရုစိုက်ကာ ယှဉ်ပြိုင်သွားဖို့ လိုအပ်မှာဖြစ်ပြီး တတ်နိုင်သလောက် အမှတ်တွေ မဆုံးရှုံးစေဖို့ ကြိုးစားရမှာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

(AP Photo/Rui Vieira)

ဒရော့ဂ်ဘာ ။    ။ ချယ်လ်ဆီးအသင်းတိုက်စစ်မှူးဟောင်း  ဒရော့ဂ်ဘာ က နည်းပြလောကထဲကို အလောတကြီးနဲ့ ၀င်ရောက်ဖို့ စိတ်ကူးမရှိသေးကြောင်းနဲ့ လက်ရှိအချိန်ဟာ ဘောလုံးပွဲတွေကနေ ဝေးဝေးနေရမယ့်အချိန်ဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ချယ်လ်ဆီးအသင်း ကစားသမားအများစုဟာ လက်ရှိအချိန်မှာနည်းပြ လောကထဲ ပြန်လည်ဝင်ရောက်နေကြပြီး လမ်းပတ်၊ ဂျွန်တယ်ရီနဲ့ ဂျိုကိုးလ် တို့ဟာ နည်းပြတွေအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်နေကြပါပြီ။ ဒရော့ဘာ က သူဖြတ်သန်းခဲ့တဲ့ ဘောလုံးသမားဘ၀ဟာ နည်းပြတစ်ယောက်အဖြစ် ပြန်လည်လုပ်ကိုင်ဖို့ လုံလောက်တယ်လို့ ခံစားရကြောင်း ဆိုလိုက်ပြီး နည်းပြကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

READ
ရလဒ်ဆိုးနေတဲ့မန်ယူအသင်းနဲ့မော်ရင်ဟို ဘာတွေမှားနေလဲ
AFP

ရာဘီယော့ ။    ။ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ PSG အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ရာဘီယော့ က သူ့အနေနဲ့ ရီးယဲလ်အသင်းနဲ့ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။ အသက် (၂၃)နှစ်သာ ရှိသေးတဲ့ ပြင်သစ်ကွင်းလယ်ကစားသမားကို  အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်တာကြောင့် ရာဘီယော့ကို ဆွဲဆောင်ဖို့ လီဗာပူးလ် ၊ ဘာစီလိုနာ အသင်းတွေက ကြိုးစားနေကြပေမယ့်လည်း ကစားသမားကတော့ ရီးယဲလ်အသင်းကိုသာ ရွေးချယ်သွားဖိုရှိနေတာပါ။ ရီးယဲလ်ဟာ ပြင်သစ်နည်းပြ ဇီဒန်းရဲ့ အကူအညီနဲ့ ရာဘီယော့နဲ့ဆွေးနွေးဖို့ အခွင့်အရေးရခဲ့တာဖြစ်တယ်လို့ စပိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။

Linn

Source : TheSun , Dailymail , Marca

SHARE