၎-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

လမ်းပတ် ။      ။ လက်စတာအသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့အဓိက ဂိုးသမား ကီပါ ကို ပွဲထွက်ခွင့်မပေးခဲ့တဲ့ လမ်းပတ်ကတော့ ချယ်လ်ဆီးအသင်းရဲ့ဘုတ်အဖွဲ့နဲ့ အကျိတ်အနယ်ဆွေးနွေးနေရပြီလို့ Mirror က ဖော်ပြပါတယ်။ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဂိုးသမားအဖြစ် ပေါင်(၇၁.၆)သန်းနဲ့ ခေါ်ယူထားခဲ့ ကီပါ ဟာ အာဆင်နယ်ကို (၂)ဂိုးစီ သရေကျခဲ့တဲ့ပွဲက စွမ်းဆောင်ရည်ကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး အသင်းရဲ့ ဘုတ်အဖွဲ့က လမ်းပတ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်ခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အိုဝင် ။ ။ လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင် က ဒီနေ့ညမှာ ကစားမယ့် လီဗာပူးလ်နဲ့ ရှရူးဘူရီအသင်းတို့ရဲ့ FA ဖလား ပြန်ကန်ပွဲစဉ်မှာ လီဗာပူးလ်အသင်း ဂိုးပြတ်အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ လီဗာပူးလ်ဟာ ရှရူးဘူရီအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်တုန်းက (၂-၂)ဂိုးနဲ့ သရေကျခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ ဂိုးပြတ်နဲ့ပြန်လည်အနိုင်ယူနိုင်လိမ့်မယ်လို့ အိုဝင်က ခန့်မှန်းလိုက်တာပါ။

ဂါဘရီယယ် ။    ။ အာဆင်နယ်အသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ လိုင်လီနောက်ခံလူ ဂါဘရီယယ်ကိုခေါ်ဖို့ ကမ်းလှမ်းခဲ့ကြပြီး သူတို့ရဲ့ ကမ်းလှမ်းမှုတွေပယ်ချခံခဲ့ရတယ်လို့ Le 10 Sport က ဖော်ပြပါတယ်။ လိုင်လီအသင်းဟာ ဒီရာသီမှာ အသင်းအတွက် (၁၉)ပွဲ ကစားပေးထားတဲ့ အဓိက နောက်ခံလူကို လက်လွှတ်ဖို့ စိတ်ကူးမရှိခဲ့တာကြောင့် ဒီကမ်းလှမ်းမှုတွေကို ငြင်းပယ်သွားခဲ့တာပါလို့ သတင်းတွေက ဖော်ပြပါတယ်။

READ
၂၇-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အက်သလက် ။ ။ ဘာစီလိုနာအသင်းကွင်းလယ်လူ ရာကီတစ် ဟာ ဒီရာသီ အပြောင်းအရွှေ့မှာ အက်သလက်တီကိုအသင်းရဲ့ အဓိက ပြစ်မှတ်ဖြစ်လာခဲ့တယ်လို့ Marca က ဖော်ပြပါတယ်။ ဘာစီလိုနာနဲ့ (၂၀၂၁)ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရာကီတစ် ဟာ အသင်းကနေ ထွက်ခွာသွားဖို့များနေပြီး အီတလီမြေကို ရောက်ရှိမယ်လို့လည်း သတင်းတွေ ထွက်နေပါသေးတယ်။

စတာလင် ။      ။ မန်စီးတီးအသင်းတိုက်စစ်မှူး စတာလင် ကတော့ တံကောက်ကြောဒဏ်ရာကြောင့် ရီးယဲံလ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖို့ရှိနေတယ်လို့ သိရပါတယ်။ စပါးအသင်းကို (၂-၀)နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားခဲ့တဲ့ စတာလင်ဟာ အနည်းဆုံး (၂)ပတ်လောက် နားရဖို့ရှိနေပြီး ဖေဖော်ဝါရီ (၂၆)မှာ ကစားရမယ့် ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်ရဖို့ရှိနေခဲ့တာပါ။

READ
ပေါ့ဘာကိုမရရင် ဂျိမ်းရိုဒရီဂွက်ကို၅၄သန်းနဲ့ကမ်းလှမ်းတော့မယ့်မန်ယူ

Linn

Source  : TheSun , Goal , Mirror

 

SHARE