(၂-၅-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Jon Super)

ဘာနာဒိုဆေးလ်ဗား – မန်စီးတီးအသင်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား ဆေးလ်ဗားကို ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေမှုကို ဆေးလ်ဗားက တုန့်ပြန်ခဲ့ပါတယ်။ သူဟာ မန်စီးတီးအသင်းမှာ ပျော်နေလို့ အသင်းပြောင်းဖို့ စိတ်ကူးမရှိသေးဘူးလို့ ဆိုပါတယ်။

ဘာလော့တယ်လီ – မာဆေးတိုက်စစ်မှူး ဘာလော့တယ်လီက မိမိမြင်ဖူးသမျှ တိုက်စစ်မှူးတွေထဲမှာ မက်ဆီထက် ကောင်းတဲ့သူ ဘယ်သူမှမရှိကြောင်း၊ ဒိုလေးဟာ မက်ဆီနဲ့နှိုင်းယှဉ်ဖို့ မထိုက်တန်သူတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒိုလေးရဲ့ပရိသတ်တွေက ဘာလော့တယ်လီရဲ့စကားကို အလွန်ဒေါသထွက်နေကြပါတယ်။

Goal.com

ဗန်ဒိုက် – ယမန်နေ့ညက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်၊ ပထမအကြော့ပွဲစဉ်မှာ ဘာစီလိုနာကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး၊ လီဗာပူးနောက်ခံလူ ဗန်ဒိုက်က ရှုံးခဲ့ပေမယ့်၊ မိမိတို့ အသင်းသားတွေဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်တွေ ခိုင်မာနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပေါ့ဂ်ဘာ – အသင်းပြောင်းဖို့ ရေပန်းစားနေသူ ပေါ့ဂ်ဘာဟာ ရီးယဲလ်ကို ပြောင်းရွှေ့နိုင်ဖို့ တစ်ဖက်က ကမ်းလှမ်းမှုတစ်ခုဖြစ်တဲ့ လုပ်ခလစာ လျှော့ယူရေးကိစ္စကို သဘောတူညီခဲ့ကြောင်း သိရပါတယ်။ ဒီသတင်းကြောင့် ယခုနှစ် အပြောင်းအရွှေ့ရာသီမှာ ပေါ့ဂ်ဘာတစ်ယောက် မန်ယူကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။

 

READ
ကမ်းလှမ်းမှုများကိုနားစွင့်နေတဲ့ ဂရစ်ဇ်မန်း

ယနေ့မနက်ပိုင်း (1.30)နာရီမှာ ယှဉ်ပြိုင်ကြမယ့် ယူရိုပါလိဂ်ပွဲစဉ်တွေအတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်များ-

Twitter

အာဆင်နယ် VS ဗလင်စီယာ

အမ်မရီဟာ အသင်းဟောင်း ဗလင်စီယာကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။ လက်တလောမှာ ရလဒ်တွေ ဆိုးနေတဲ့ အာဆင်နယ်တို့အဖို့ ဒီပွဲက အမှားခံလို့မရပါဘူး။ အာဆင်နယ်ကိုယ်တိုင်က ယူရိုပါလိဂ်ကို အတော်လေး အားထည့်ကစားနေတဲ့အတွက် အိမ်ကွင်းမှာလည်း ရလဒ်ကောင်း ရယူဖို့ ကြိုးစားမှာပါ။

အာဆင်နယ်လူဟောင်း၊ ဗလင်ကွင်းလယ်လူ ကုတ်ကွီလင်ကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ယခုအကြော့ကို လွဲချော်မှာ ဖြစ်ပါတယ်။ ဗလင်စီယာဟာ နောက်ဆုံးကစားထားတဲ့ နှစ်ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ အဝေးကွင်းမှာဆိုရင်လည်း သာမန်ခြေစွမ်းသာ ရှိလို့ ဒီပွဲကို အာဆင်နယ်တို့ အောင်ပွဲခံပါလိမ့်မယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်အာဆင်နယ် 2-1 ဗလင်စီယာ

Twitter

Eintracht Frankfurt vs ချယ်လ်ဆီး

READ
စီရော်နယ်ဒိုရဲ့ ဟက်ထရစ်သွင်းဂိုးတွေနဲ့ ဖိုင်နယ်တက်ဖို့နီးစပ်သွားတဲ့ ရီးရဲလ်မက်ဒရစ်

ချယ်လ်ဆီးဟာ ယူရိုပါလိဂ်နောက်ဆုံး (၁၂)ပွဲမှာ (၁၁)ပွဲအထိ အနိုင်ကစားထားသူတွေပါ။ ဒါပေမယ့် ကစားရခက်ခဲတဲ့ Eintracht Frankfurtအသင်းနဲ့ရင်ဆိုင်ရတာဖြစ်လို့ ချယ်လ်ဆီးတို့ အလွယ်တကူ ရလဒ်ကောင်းရဖို့ မလွယ်ပါဘူး။ Eintracht Frankfurt အသင်းဟာ ယူရိုပါလိဂ်နောက်ဆုံးကစားခဲ့ရတဲ့ အိမ်ကွင်း(၁၀)ပွဲမှာ တစ်ပွဲမှာ ရှုံးမထားတာကိုလည်း ထည့်တွက်ရမှာပါ။

ချယ်လ်ဆီးကလည်း သမိုင်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ယူရိုပါလိဂ်မှာ သူတို့ ရင်ဆိုင်ခဲ့ရတဲ့ ဂျာမန်ကလပ်တွေနဲ့ ကစားခဲ့တဲ့နောက်ဆုံး(၁၀)ပွဲမှာ တစ်ပွဲသာရှုံးနိမ့်ထားခြင်းက အားသာချက်ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲမှာ အိမ်ကွင်းကစားအားကောင်းတဲ့အတွက် ချယ်လ်ဆီးတို့ အဝေးဂိုးတစ်ဂိုး ရရင်ကို မဆိုးတဲ့ အနေအထားပါ။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်Eintracht Frankfurt 1-1 ချယ်လ်ဆီး

 

လင်းဇော်ကို (SportsAhtar)

Source : skysport.com/ thesun.co.uk/ metro.co.uk/ marca.com/ goal.com

SHARE