၅-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

ဒီမာရီယာ ။      ။ မန်ယူအသင်းရဲ့ ကစားသမားဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ဒီမာရီယာ က သူ့အနေနဲ့ မန်ယူအသင်းမှာ ကျောနံပတ်(၇) ၀တ်ဆင်ခဲ့ရခြင်းဟာ တာဝန်ရှိသူတွေ ပေးခဲ့တာကြောင့်ဖြစ်ကြောင်းနဲ့ သူ့အနေနဲ့ ရွေးချယ်စရာမရှိခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းမှာ ကျောနံပတ်(၇)ဂျာစီ ၀တ်ခွင့်ရခဲ့ပေမယ့် ဒီမာရီယာရဲ့ ခြေစွမ်းက ထိုက်တန်ခြင်းမရှိဘူးလို့ မှတ်ချက်ပေးနေကြတဲ့အပေါ် ဒီမာရီယာက တုန့်ပြန်လိုက်တာဖြစ်ပြီး သူက တခြားနံပတ်တစ်ခုနဲ့ ပိုပြီး သင့်တော်သူသာ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

 

အဲရစ်ဆင် ။      ။ စပါးအသင်းကနေ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူ အဲရစ်ဆင် က သူဟာ စပါးအသင်းမှာ သိုးမည်းတစ်ကောင်သာ ဖြစ်ခဲ့ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ စပါးအသင်းကနေ ထွက်ခွာဖို့ အရိုးသားဆုံး ဆုံးဖြတ်ခဲ့တဲ့အပေါ် ပရိသတ်တွေက အထင်မှားခဲ့ကြကြောင်းနဲ့ သူ့ကို လူဆိုးတစ်ယောက်လို ထင်ခဲ့ကြကြောင်းကို အဲရစ်ဆင်က အီတလီသတင်းစာ တစ်စောင်နဲ့ အင်တာဗျူးမှာ ဖြေဆိုလိုက်တာပါ။

ဗလင်စီယာ ။    ။ မန်ယူအသင်းရဲ့ ကျောနံပတ် (၂၅)ကို ၀တ်ဆင်မယ့် တိုက်စစ်မှူးသစ် အီဂါလို ကို မန်ယူအသင်းခေါင်းဆောင်ဟောင်း ဗလင်စီယာက အောင်မြင်မှုရဖို့ ဆုတောင်းပေးလိုက်ပါတယ်။ မန်ယူအသင်းရဲ့ ကျောနံပတ် (၂၅)ဟာ ဗလင်စီယာတစ်ယောက် မန်ယူမှာ ရှိစဉ်က ၀တ်ဆင်ခဲ့တဲ့ နံပတ်ဖြစ်ပြီး ဒီကျောနံပတ်ကို ၀တ်ဆင်ခဲ့လို့ အစ်ဂါလို အနေနဲ့ အောင်မြင်ဖို့ ဆုတောင်းပေးလိုက်ကြောင်း ဗလင်စီယာက သူ့ရဲ့တွစ်တာအကောင့်ကနေ ရေးသားသွားခဲ့ပါတယ်။

ဘက်ခမ် ။       ။ အင်တာမီယာမီအသင်းရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ် ကတော့ သူ့ကွင်းရဲ့ ထိုင်ခုံတွေကို ပန်းရောင်ခုံတွေအဖြစ် အလှဆင်ထားကြောင်းကို ထုတ်ဖော်ပြသလိုက်ပါတယ်။ မေဂျာလိဂ်ပြိုင်ပွဲဝင်ဖို့ ရက်(၄၀)ပဲ လိုတော့တဲ့အချိန်မှာ ဒေးဗစ်ဘက်ခမ်က သူ့ရဲ့ ဘောလုံးကွင်းသစ်ပုံရိပ်တွေကို ပြသလိုက်တာဖြစ်ပြီး ကွင်းရဲ့တချို့နေရာတွေမှာ ပြင်ဆင်လို့ မပြီးသေးတာတွေ ရှိနေသေးတယ်လို့ မီဒီယာတွေက ရေးသားနေကြပါတယ်။

READ
(၃၀-၅-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

နယူးကာဆယ် ။ ။ နယူးကာဆယ်အသင်းက အောက်စ်ဖို့ဒ်အသင်းကို (၂-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နယူးကာဆယ် ပရိသတ်တစ်ယောက်ရဲ့ အောင်ပွဲခံမှုက ဆိုရှယ်မီဒီယာတွေထက်မှာ နာမည်ကြီးသွားခဲ့ပါတယ်။ ပွဲချိန်အတွင်း နှစ်ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး နယူးကာဆယ်အတွက် အနိုင်ဂိုးကို မက်ဆီမင် သွင်းယူခဲ့ချိန်မှာ ပွဲကြည့်စင်မှာရှိနေတဲ့ ပရိသတ်တစ်ယောက်က သူ့ရဲ့ယောင်္ကျားအင်္ဂါကိုအပြင်ထုတ်ပြီး အောင်ပွဲခံခဲ့တာပါ။ ဒီအောင်ပွဲခံမှုကို ဗြိတိန်မီဒီယာတွေက “Helicopter Celebration” လို့ခေါ်ကြပြီး ဆိုရှယ်မီဒီယာမှာနာမည်ကြီးနေခဲ့ပါတယ်။

https://twitter.com/i/status/1224826530603438081

Linn

Source : TheSun , Goal , Mirror

SHARE