၇-၂-၂၀၂၀ အတွက် ညနေခင်းဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

အာစင်ဝင်းဂါး ။  ။ အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ အသင်းနည်းပြဟောင်း အာစင်ဝင်းဂါး ကို အာဆင်နယ်အသင်းဆီ ပြန်လာပြီး အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေကြတယ်လို့ Mirror က ဖော်ပြပါတယ်။ အာဆင်နယ်အသင်းအတွက် (၂၂)နှစ်ကြာအလုပ်လုပ်ခဲ့တဲ့ နည်းပြကြီးကို အုပ်ချုပ်ရေးပိုင်းရာထူးတစ်ခုနဲ့ ပြန်လာစေဖို့အတွက် အသင်းတာဝန်ရှိသူတွေက ဆက်သွယ်နေပြီး ပရိသတ်တွေကလည်း ၀င်းဂါးတစ်ယောက် အာဆင်နယ်အသင်းဆီ ပြန်လာဖို့ မျှော်လင့်နေကြပါတယ်။

 

ဘရိုက်တန် ။    ။ ဘရိုက်တန်အသင်းရဲ့ အသက် (၁၈)နှစ်အရွယ် ကြယ်ပွင့်ဂိုးသမားလေးကို ဘာစီလိုနာက ပေါင်(၄)သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဘရိုက်တန်ကနေ Worthing အအအသင်းဆီ အငှားချထားတဲ့ ဂိုးသမားလေး ကားလ် ရက်ရှ်ဝေါ့သ် ဟာ ဘာစီလိုနာကင်းထောက်တွေရဲ့ လာရောက်စောင့်ကြည့်ခြင်းကို ခံနေရပြီး ဘရိုက်တန်ဖက်က လက်ခံဆွေးနွေးနေတယ်လို့ Goal က ဖော်ပြပါတယ်။

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာ ကို လာမယ့်အပြောင်းအရွှေ့မှာ ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီလို့ TheSun က ဖော်ပြပါတယ်။ ဂျူဗင်တပ်စ်အသင်းဆီကနေ ပေါင်(၈၉)သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားကို မန်ယူအသင်းက ပေါင်သန်း(၄၀)၀န်းကျင်နဲ့ ရောင်းချဖို့ စီစဉ်နေတာဖြစ်ပြီး ပေါ့ဂ်ဘာအပေါ် မန်ယူအသင်းတာဝန်ရှိသူတွေရဲ့ သည်းခံစိတ် ကုန်ဆုံးနေကြပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

READ
၁၅-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဂျော်ဒီအယ်လ်ဘာ ။      ။ ဘာစီလိုနာအသင်းနောက်ခံကစားသမား ဂျော်ဒီအယ်လ်ဘာ က အသင်းကစားသမားတွေကို ဝေဖန်ခဲ့တဲ့ အားကစားဒါရိုက်တာ အဘီဒယ် ကို ပြန်ပြီး ဝေဖန်လိုက်ပါတယ်။ အယ်လ်ဘာ က အဘီဒယ် ဟာ ကစားသမားတွေအကြား စည်းလုံးမှုကို ပြိုကွဲစေတဲ့ စကားမျိုးပြောခဲ့တာလို့ မှတ်ချက်ပေးလိုက်ပြီး မနေ့ညက ရှုံးနိမ့်ခဲ့တဲ့ ကိုပါဒယ်ရေးပွဲစဉ်ဟာ အဘီဒယ် ရဲ့ ပြောစကားတွေကြောင့်ပဲ ဖြစ်တယ်လို့ တုန့်ပြန်သွားခဲ့ပါတယ်။

အလစ်ဆွန် ။    ။ လီဗာပူးလ်အသင်းရဲ့ ဂိုးသမား အလစ်ဆွန်ဟာ ဆောင်းရာသီနားရက်တွေမှာ ဘရာဇီးကလပ် ဖလူမီနီစ်အသင်းဆီကို သွားရောက်လေ့ကျင့်ဖို့ ခွင့်တောင်းခဲ့တယ်လို့ Mirror က ဖော်ပြပါတယ်။ လီဗာပူးလ်အသင်းဟာ ပွဲပန်းနေတဲ့ ကစားသမားတွေကို ဆောင်းရာသီနားရက် ပေးထားခဲ့ပြီး ဖေဖော်ဝါရီ (၁၃)ရက်မှ အသင်းကို ပြန်လာဖို့ ခွင့်ပေးခဲ့ပေမယ့် အလစ်ဆွန်ကတော့ သူ့ရဲ့အစ်ကိုရှိရာ ဘရာဇီးကလပ်အသင်းဆီ သွားရောက်လေ့ကျင့်ဖို့ ခွင့်တောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

READ
ရွန်းနီရဲ့သား Kai နဲ့ မန်ယူလူငယ်အသင်း စာချုပ်ချုပ်ဆို

Linn

Source : TheSun , Goal , Mirror

SHARE