(၂၀-၄-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Rui Vieira)

လူကာကူ။       ။ မန်ယူအသင်းဟာ တိုက်စစ်မှူး လူကာကူကို ယခုနှစ်ဘောလုံးရာသီအကုန်မှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း Telegraph သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ လူကာကူဟာ အဲဗာတန်အသင်း ကနေ မန်ယူအသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်းနဲ့ (၂၀၁၇)ခုနှစ်က ရောက်ရှိလာခဲ့သူပါ။ မန်ယူနည်းပြ  ဆိုးလ်ရှားဟာ သူ့ရဲ့ကစားကွက်နဲ့ လူကာကူ အံမ၀င်ဘူးလို့ ယူဆနေပြီး လူကာကူကို ရောင်းထုတ်ဖို့ မန်ယူ ဘုတ်အဖွဲ့ကို တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

မော်ရင်ဟို။      ။ မန်ယူနည်းပြဟောင်း မော်ရင်ဟိုက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာအသင်းနဲ့ ရင် ဆိုင်ရမယ့် လီဗာပူးလ်အသင်းအတွက် မက်ဆီကို ထိန်းချုပ်ဖို့ နည်းလမ်းကို အကြံပြုပြောကြားခဲ့ပါတယ်။ မော်ရင်ဟိုက မက်ဆီကို တစ်ဦးချင်း လူကပ်ကစားခိုင်းလို့ မရကြောင်း၊ မက်ဆီကို ထိန်းချုပ်ချင်ရင်တော့ အသင်းလိုက် စုစည်းမှုနဲ့ လှောင်အိမ်တစ်ခုကို ဖန်တီးပြီး မက်ဆီ ကစားရခက်အောင် ကြိုးစားသင့်ကြောင့် အကြံပေး ပြောကြားခဲ့တာပါ။

SofaScore

ရော်နယ်ဒို။      ။ အသက်(၃၄)နှစ်အရွယ် တိုက်စစ်မှူး ရော်နယ်ဒိုအတွက် (၂၀၁၈-၁၉)ဘောလုံးရာသီဟာ ဖရီးကစ်ကန်သွင်းမှု အဆိုးရွားဆုံး ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။     ရော်နယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဖရီးကစ်(၁၆)ကြိမ်အထိ ကန်သွင်းခဲ့ပေမယ့် ဂိုးအဖြစ် တစ်ကြိမ်မှ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါ ဘူး။ ရော်နယ်ဒိုဟာ ကစားသမားဘ၀ သက်တမ်းတစ်လျှောက် ကလပ်နဲ့ နိုင်ငံအသင်းတွေအတွက် ဖရီးကစ်ဂိုး (၅၀)အထိ သွင်းယူထားသူဖြစ်ပြီး နောက်ဆုံးကန်သွင်းခဲ့တဲ့ ဖရီးကစ်ဂိုးကတော့ (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီနဲ့စပိန်တို့ (၃-၃)ရလဒ်နဲ့ သရေကျခဲ့တာပွဲမှာ ဖြစ်ပါတယ်။

READ
Special One သို့မဟုတ် မော်ရင်ဟို အထုတ်ခံလိုက်ရပြီ (Breaking News)

ဂျာမိန်းဂျီးနက်စပ်။        ။ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူဟောင်း ဂျာမိန်းဂျီးနက်စ်က ဆိုးလ်ရှားကို နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဟာ မန်ယူအသင်းဘုတ်အဖွဲ့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း BBC Radio နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ယာယီနည်းပြအဖြစ် မန်ယူအသင်း ကို ကိုင်တွယ်ခဲ့တဲ့ (၁၁)ပွဲမှာ (၁၀)ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လမှာ မန်ယူရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံရသူပါ။ ဂျီးနက်စ်က “ မန်ယူအသင်းဟာ ဖာဂူဆန်စတိုင်လ်ကို ပြန်အ သက်သွင်းဖို့ ကြိုးစားတယ် ပြောပါတယ်။      ဖာဂူဆန်စတိုင်လ်ကို ဖာဂူဆန်ကလွဲလို့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။ ဥပမာ ပြောရရင် ဂွာဒီယိုလာကလည်း မန်စီနီ၊ ပယ်လီဂရီနီ စတိုင်လ်တွေသုံးပြီး မန်စီးတီးအတွက် ပရီမီးယား လိဂ်ဖလား ယူပေးခဲ့တာ မဟုတ်ပါဘူး။ ရေရှည်ဟာ သူတို့မျှော်လင့်တာ မဖြစ်နိုင်မှန်း မန်ယူဘုတ်အဖွဲ့ဝင်တွေ သိသွားမှာပါ” ဆိုပြီး သုံးသပ်သွားခဲ့တာပါ။

ဘင်နီတက်ဇ်။             ။ နယူးကာဆယ်အသင်းရဲ့နည်းပြ ဘင်နီတက်ဇ်က အနာဂတ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကို ယှဉ်ပြိုင်ပြီး ချန်ပီယံလိဂ်ဖလားကို ထပ်ယူချင်သေးတယ်လို့ ပြောကြားခဲ့တာကြောင့် ဒီနှစ်ဘောလုံးရာသီကုန် မှာ နယူးကာဆယ်ကနေ ထွက်ခွာတော့မှာ သေချာနေပြီဖြစ်ကြောင်း အင်္ဂလိပ်မီဒီယာတွေက သုံးသပ်ခဲ့ပါတယ်။ နယူးကာဆယ်နဲ့ ဘင်နီတက်ဇ်ရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးလကို ရောက်ရှိနေပြီဖြစ်ပြီး ယခုအချိန်အထိ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေဟာ အဆင်မပြေ ဖြစ်နေကြောင်းလည်း သိရပါတယ်။ ဘင်နီတက်ဇ်ဟာ (၂၀၀၄-၀၅)ဘောလုံးရာသီက လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူဖူးတဲ့ နည်းပြတစ်ဦးပါ။

READ
၂-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
Twitter
Twitter

ဖာဘရီဂတ်စ်။             ။ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်နဲ့ တော့တင်ဟမ်အသင်းရဲ့ ဂန္တ၀င်နောက်ခံလူဟောင်း ဂရေဟမ် ရောဘတ်တို့ဟာ တွစ်တာပေါ်မှာ အပြန်အလှန် အချင်းများနေခဲ့ကြပါတယ်။ ဖာဘရီဂတ်စ်ဟာ သူ့ရဲ့ တွစ်တာပေါ်မှာ “ ပရိသတ်တစ်ယောက်အနေနဲ့ မေး ကြည့်တာပါ။ ချန်ပီယံလိဂ်ဖိုင်နယ်တက်ပြီး ဒုတိယဆုနဲ့ ကျေနပ်မလား။ ယူရိုပါလိဂ်ဖလား ယူမလား” ဆိုပြီး တော့တင်ဟမ်အသင်းကို စောင်းမြောင်း ရေးသားခဲ့တာပါ။ ဂရေဟမ် ရောဘတ်က ဖာဘရီဂတ်စ်ရဲ့ကို “ ပွဲကစားခွင့် ပိုရပြီလား ဆက်စ်” ဆိုပြီး ချယ်လ်ဆီးက ထွက်ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး လှောင်ပြောင်ခဲ့ ပါတယ်။ ဖာဘရီဂတ်စ်က အားကျမခံ “ ခင်ဗျား ဘယ်သူလဲ ကျုပ်မသိဘူး။ ကျုပ် ပွဲကစာခွင့် ပိုရ၊ မရလည်း ကျုပ်မသိဘူး။ ကျုပ်သိတာကတော့ ခင်ဗျားတို့ ဒီရာသီလည်း ဘာဆုဖလားမှ ရဦးမှာမဟုတ်ဘူး” ဆိုပြီး ပြန်လည် ချေပခဲ့ပါတယ်။

SHARE