၂၀-၅-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းဟာ အသင်းအတွက် ပြည်တွင်းဆုဖလား(၃)လုံး ရယူပေးခဲ့တဲ့ နည်းပြ ဂွာဒီယိုလာ ကို (၅)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းလိုက်ပြီး အဲဒီ(၅)နှစ်အတွက် လစာငွေ ပေါင်သန်း(၁၀၀)ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဆီကို ဂွာဒီယိုလာရောက်မယ်လို့ သတင်းတွေ ထွက်နေခဲ့ပြီးတဲ့နောက် မန်စီးတီးက သူတို့ရဲ့နည်းပြကို ထိန်းထားဖို့ ကြိုးစားလာခဲ့တာဖြစ်ပြီး ဒီကမ်းလှမ်းမှုဟာ ဂွာဒီယိုလာအတွက် တကယ့်ကို မက်လောက်ဖွယ်ပမာဏ ပါ။ အဲဒီ ကမ်းလှမ်းမှုကိုသာ ဂွာဒီယိုလာတစ်ယောက် လက်ခံရင် ဘောလုံးကမ္ဘာရဲ့လစာအများဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘက်ပီ ။         ။ ဒီရာသီ၊ ပြင်သစ်လိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လက်ခံရယူအပြီးမှာတော့ PSG တိုက်စစ်မှူး ဘက်ပီက သူ့အနေနဲ့ ကစားသမားဘ၀ အလှည့်အပြောင်းတစ်ခုနဲ့ ကြုံလာရနိုင်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဘက်ပီ ရဲ့ ဒီစကားက ရီးယဲလ်ကို ပြောင်းရွှေ့ဖို့  ထွက်ပေါ်နေတဲ့သတင်းတွေကို အတည်ပြုပေးလိုက်သလို ဖြစ်သွားပြီး ရီးယဲလ်အသင်းအနေနဲ့လည်း မျှော်လင့်ချက်ရှိလာခဲ့တာပါ။ လက်ရှိမှာတော့ ဘက်ပီရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း(၁၅၀)အထက်မှာ ရှိနေတယ်လို့ သုံးသပ်မှုတွေရှိနေခဲ့ပြီး ဒီဈေးကိုပေးနိုင်မယ့်အသင်းမျိုးက လက်ချိုးရေလို့ရတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

READ
၃-၇-၂၀၁၈ အတွက် မနက်ခင်းဦးဦးဖျားဖျား အားကစားသတင်းများ
Goal

ဇီယက်ခ်ျ ။       ။ အေဂျက်အသင်းအတွက် ခြေစွမ်းပြ ကစားပေးခဲ့တဲ့ မော်ရိုကို ကွင်းလယ်လူ ဇီယက်ခ်ျဟာ အာဆင်နယ်အသင်းကို ရောက်နိုင်ကြောင်း ဒေးလီးမေးလ်က ရေးသားခဲ့ပြီး ဇီယက်ခ်ျဟာ အိုဇေးလ်နဲ့ တွဲဖက်ကစားလိုနေကြောင်း သိရပါတယ်။ အေဂျက်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ပြည်တွင်းဖလား ၂ လုံးဆွတ်ခူးရရှိကာ အောင်မြင်မှုတွေရခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဇီယက်ခ်ျဟာ အေဂျက်ကွင်းလယ်မှာ ဒီဂျောင်နဲ့ တွဲဖက်ကာ အကောင်းဆုံး ကစားနေသူဖြစ်ပြီး တိုက်စစ်လိုက်ပါကစားရာမှာ ထူးချွန်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

AP

တိုနီခရူးစ် ။      ။ ရီးယဲလ်အသင်းကွင်းလယ်ကစားသမား တိုနီခရူးစ်ဟာ (၂၀၂၃)ခုနှစ်အထိ သက်တမ်းရှိတဲ့ သက်တမ်းတိုးစာချုပ်ကို ရီးယဲလ်နဲ့ချုပ်ဆိုလိုက်ပါတယ်။ လာလီဂါနောက်ဆုံးပွဲစဉ်တုန်းက ဂါရက်ဘေးလ်နဲ့အတူ အရန်ခုံမှာ ထိုင်နေခဲ့ရတဲ့ ခရူးစ်ဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း ဘက်တစ်နဲ့ပွဲအပြီး နာရီပိုင်းအကြာမှာပဲ အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာပါ။

READ
၂၅-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AFP

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ အသင်းကနေ ထွက်ခွာသွားပြီဖြစ်တဲ့ နောက်ခံလူ ကွန်ပနီရဲ့နေရာမှာ အစားထိုးဖို့ လက်စတာနောက်ခံလူ မက်ဂွိုင်းယားနဲ့ အေဂျက်ဇ်နောက်ခံလူ ဒီလစ် တို့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါပြီ။ ဒီလစ်ကတော့ အပြောင်းအရွှေ့မင်းသားအဖြစ် နာမည်ကြီးနေသူပါ။ အသက် ၁၉ နှစ်သာရှိသေးပေမယ့် အေဂျက်နဲ့အတူ သူ ပြသနေတဲ့ခြေစွမ်းကြောင့် ဥရောပထိပ်တန်းအသင်းကြီးအများစုက ပစ်မှတ်ထားနေတာပါ။ ဒီလစ်ကို ဘာကာ မန်ယူကလည်းချိတ်ဆက်နေပြီး အခု မန်စီးတီးပါ ပါဝင်လာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အခြားနောက်တစ်ယောက်ကတော့ မက်ဂွိုင်းယားဖြစ်ပါတယ်။ ဒီလက်စတာနဲ့ အင်္ဂလန်ခံစစ်မှူးဟာ ကြံ့ခိုင်မှုကောင်းတဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း သူ့ခြေစွမ်းကို မှတ်ကျောက်တင်ပြီးသားပါ။ ဒါကြောင့်မို့ သူ့ကို မန်ယူကလည်း အလေးအနက်ထားစိတ်ဝင်စားနေပြီး မန်စီးတီးနဲ့ ပြိုင်ဆိုင်မှုကိုမြင်ရမှာပါ။

Linn

Source : TheSun , Goal , Mirror

SHARE