၂၀-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter

မန်ယူ ။ ။ မန်ယူအသင်းဟာ ပဲလေ့စ်အသင်းရဲ့ နောက်ခံလူ ဘစ်ဆာကာ ကို ပေါင် (၅၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပါပြီ။ အင်္ဂလန် ယူ(၂၁)အသင်းရဲ့ နောက်ခံကစားသမားဟာ ခံစစ်ပိုင်းကို အားဖြည့်မယ့် မန်ယူအသင်းရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ခဲ့ပြီး လူကာကူ ကိုရောင်းဖို့ သေချာသွားပြီဆိုတဲ့အခြေအနေမှာ ဘစ်ဆာကာ ကိုခေါ်ယူမှုအတွက် မန်ယူအသင်းက အပြီးသတ် လုပ်ဆောင်လိုက်တာပါ။

ပေါ့ဂ်ဘာ ။       ။ ဂျူဗင်တပ်စ်အသင်းဟာ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာ ကို ခေါ်ယူဖို့ ယုံကြည်မှုပြင်းထန်နေပြီး ရီးယဲလ်အသင်းထက် အခွင့်အရေးတွေရှိနေတယ်လို့ Mirror က ဖော်ပြပါတယ်။ မန်ယူကနေ ထွက်ခွာချင်ကြောင်း ၀န်ခံထားတဲ့ ပေါ့ဂ်ဘာအတွက် မန်ယူ၊ ရီးယဲလ်နဲ့ ဂျူဗင်တပ်စ်တို့ အပြိုင်ဖြစ်နေကြပြီး ဂျူဗင်တပ်စ်က ပေါင်(၁၂၅)သန်းအထိပေးမယ်လို့ ကမ်းလှမ်းထားတာပါ။

READ
အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်းထပ်မတိုးသေးဘူးလို့ပြောလိုက်တဲ့ လူကာကူ
(AP Photo/Francois Mori, pool)

နေမာ ။ ။ ရီးယဲလ်အသင်းဟာ PSG တိုက်စစ်မှူး တိုက်စစ်မှူး နေမာကိုခေါ်ယူဖို့အတွက် ယူရိုသန်း(၁၃၀) နဲ့ ဂါရက်ဘေးလ် (ဒါမှမဟုတ်) ဂျိမ်းစ်ရိုဒရီဂွက်ဇ် တို့ထဲက တစ်ဦးကို အလိုက်ပေးသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ Marca က ဖော်ပြပါတယ်။ နေမာ ကိုယ်တိုင်ကတော့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်နေကြောင်း ၀န်ခံထားခဲ့ပြီး ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့ဟာ နေမာအတွက် အပြိုင်အဆိုင်ဖြစ်လာဖို့ရှိနေပါတယ်။

(AP Photo/Andre Penner)

အာဆင်နယ် ။   ။ ဒီရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ် တစ်ဦးမှ ခေါ်ယူနိုင်ခြင်းမရှိတဲ့ အာဆင်နယ်အသင်းဟာ ဆဲလ်တစ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား တီယာနေး ကို ပေါင်သန်း(၂၀)နဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေပါတယ်။

အိုရီဂီ ။ ။ လီဗာပူးလ်အသင်းဟာ တိုက်စစ်မှူး အိုရီဂီ ကိုရောင်းချသွားဖို့ အစီအစဉ်မရှိပဲ တိုက်စစ်မှာ ဆက်လက်ရှိနေဖို့ မျှော်လင့်ထားတယ်လို့ Mirror က ဖော်ပြပါတယ်။ လာမယ့်နှစ်ဘောလုံးရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ အိုရီဂီဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်မှာ လီဗာပူးလ်အတွက် သူရဲကောင်းဖြစ်ခဲ့ပေမယ့်လည်းအသင်းအနေနဲ့ သူ့ကို စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားနေဆဲအခြေအနေမှာ ရှိနေပါတယ်။

READ
ကစ်အားအပြင်းထန်ဆုံး ထိပ်တန်းဂိုး(၁၀)ဂိုး (210.8km/h)
(AP Photo/Armando Franca)

ဘင်နီတက်ဇ် ။  ။ ဇွန်လ (၃၀)ရက်ဆိုရင် နယူးကာဆယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ ကမ်းလှမ်းမှုအသစ် လက်ခံမရရှိသေးတဲ့ ဘင်နီတက်ဇ်ဟာ အသင်းကနေ ထွက်ခွာရဖို့ ရာခိုင်နှုန်းများနေတယ်လို့ Goal က သုံးသပ်ပါတယ်။ အသင်းပိုင်ရှင်အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ့် နယူးကာဆယ် ဟာ နည်းပြသစ်ခန့်အပ်ဖို့ စီစဉ်နေတာဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြပြီး ဘင်နီတက်ဇ်နေရာမှာ နာမည်ကြီး နည်းပြတစ်ဦးရောက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE