၂၀-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မော်ရင်ဟို ။     ။ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်ယူအသင်းရဲ့ အ၀တ်လဲခန်းထဲကို အသင်းရဲ့အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ် ရောက်လာခဲ့တာကြောင့် ဘုတ်အဖွဲ့ဟာ မော်ရင်ဟိုရဲ့ ရလဒ်ပိုင်းနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေကြပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ မန်ယူအသင်းရဲ့ဘုတ်အဖွဲ့က မာနကြီးပြီး လိုအပ်ချက်တွေအရမ်းများတဲ့ မော်ရင်ဟိုရဲ့နေရာမှာ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းကို အစားထိုးချင်နေတယ်လို့ သတင်းတွေထွက်နေပြီး ဇီဒန်းကိုယ်တိုင်လည်း မန်ယူနည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့ ၀န်ခံထားပါတယ်။

ဂယ်ရီနဗီးလ် ။   ။ မန်ယူအသင်းရဲ့ နောက်ခံကစားသမားဟောင်း ဂယ်ရီနဗီးလ်က အသင်းတာဝန်ရှိသူတွေအနေနဲ့ နည်းပြ မော်ရင်ဟိုကို ကစားသမားသစ်တွေခေါ်ယူပေးဖို့ လိုနေတာအမှန်ပါပဲလို့ ဆိုလိုက်ပါတယ်။ နဗီးလ်က မော်ရင်ဟိုဟာ ခံစစ်ပိုင်းမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး သူယုံကြည်ရတဲ့ ကစားသမားမရှိဘူးလို့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
၂၃-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
.independent.

ကီတာ ။         ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က အသင်းရဲ့ ကွင်းလယ်ကစားသမားသစ် နာဘီကီတာကို လိုက်ပ်ဇစ်အသင်းမှာထက် ပိုမိုကောင်းမွန်တဲ့ခြေစွမ်းနဲ့ တွေ့ရလိမ့်မယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ကီတာ ဟာ လီဗာပူးလ်အတွက် အဖွင့်ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့လို့ ကလော့ပ်က သူ့ရဲ့ပွဲထွက်လူစာရင်းထဲမှာ ထပ်မံအသုံးပြုသွားဖို့ စီစဉ်နေပါတယ်။

ဘာနေဗျူး ။     ။ ရီးယဲလ်အသင်းရဲ့ အိမ်ကွင်း ဘာနေဗျူးဟာ ရော်နယ်ဒို မရှိတော့တဲ့နောက် ပရိသတ်ဝင်ရောက်ကြည့်ရှုမှု စံချိန်တင်လျော့နည်းခဲ့ပြီး ပြီးခဲ့တဲ့ (၁၀)စုနှစ်တစ်ခုအတွင်းမှာ ပရိသတ်ဝင်ရောက်ကြည့်ရှုမှု အနည်းဆုံး ဖြစ်သွားခဲ့ပါတယ်။ ဂီတာဖေးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ ပရိသတ် (၄၈၄၆၆) ဦးသာ ၀င်ရောက်ခဲ့တာပါ။

TheSun

ဘန်လေ ။       ။ ဘန်လေအသင်းရဲ့ နောက်ခံကစားသမား လိုတန် ဟာ ၀က်ဖို့ဒ်အသင်းကို (၁-၃) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ၀က်ဖို့ဒ်ကစားသမား ဆာဆက်ရဲ့လက်ကို ရည်ရွယ်ချက်ရှိရှိတက်နင်းခဲ့တယ်လို့ သံသယရှိတာကြောင့် အက်ဖ်အေရဲ့ စစ်ဆေးမှုကို ခံယူနေရပါပြီ။ လိုတန်ဟာ ထောင့်ကန်ဘောနေရာနားမှာ လဲကျနေတဲ့ ဆာဆက်ရဲ့လက်ကို တက်နင်းထားခဲ့တာဖြစ်ပြီး တမင်ရည်ရွယ်တာလို့ အက်ဖ်အေက ဆုံးဖြတ်ခဲ့တယ်ဆိုရင်တော့ (၃)ပွဲပယ် ပြစ်ဒဏ်ကျခံရမှာပဲဖြစ်ပါတယ်။

READ
၆-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
TheSun

လာဇီယို ။        ။ လာဇီယိုအသင်းရဲ့ အမာခံပရိသတ်တွေဟာသူတို့ရဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ပွဲကြည့်စင်ရဲ့ ထိပ်ဆုံး (၁၀)တန်းကို အမျိုးသမီးတွေ မထိုင်ဖို့ တားဆီးလိုက်ပါတယ်။ လာဇီယို ပရိသတ်တွေက အဲဒီနေရာတွေဟာ တကယ့်ကို ကြမ်းတမ်းတဲ့နေရာတွေအဖြစ် သတ်မှတ်ထားပြီး ပြိုင်ဖက်ပရိသတ်တွေရဲ့ ပစ်ခတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုတွေ ဖြစ်နိုင်တဲ့နေရာတွေလို့ ယူဆတဲ့အတွက် အမျိုးသမီးပရိသတ်တွေကို အဲဒီနေရာတွေရဲ့အနောက်မှာသာ ထိုင်စေခဲ့ပါတယ်။

Linn

Source : Dailymail , TheSun , Mirror

 

SHARE