၂၁-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

မိုဗစ် ။  ။ ဂလက်ဆီအသင်းကနေ ထွက်ခွာဖို့ပြင်နေတဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ ကို အင်တာမီလန်အသင်းနဲ့ ချိတ်ဆက်ခိုင်းနေတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။ အင်တာမီလန်အသင်းမှာ (၂၀၀၆)ကနေ (၂၀၀၉)ခုနှစ်အထိ ကစားခဲ့ဖူးတဲ့ မိုဗစ်ဟာ သူ့ရဲ့အသင်းဟောင်းကို ပြန်လည်ခြေချဖို့ ပြင်ဆင်နေတာဖြစ်ပြီး မန်ယူအသင်းဆီ ရောက်မယ်လို့လည်း သတင်းတွေ ထွက်နေခဲ့တာပါ။

ဆန်ချို ။          ။ အင်္ဂလန်အသင်းအတွက် သွားရောက်ကစားပေးအပြီး ဒေါ့တ်မွန်လေ့ကျင့်ရေးကွင်းဆီ နောက်ကျပြီးမှ ပြန်ရောက်လာခဲ့တဲ့ ဆန်ချို ကို အသင်းတာဝန်ရှိသူတွေက ပေါင် (၈၆၀၀၀) ဒဏ်ရိုက်လိုက်ပါတယ်။ ဆန်ချိုဟာ ဒေါ့တ်မွန်နည်းပြ ဖက်ဘရီ ရဲ့ ဒေါသပေါက်ကွဲမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး မိုးရေထဲမှာ တစ်ကိုယ်တော် လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ အသက် (၁၉)နှစ်အရွယ် တောင်ပံကစားသမားဟာ အသင်းရဲ့သတ်မှတ်ထားတဲ့ရက်ထက် တစ်ရက်လောက်နောက်ကျပြီးမှ ပြန်လည်ရောက်ရှိလာခဲ့တာကြောင့် အခုလိုမျိုး ဒဏ်ရိုက်ခံခဲ့ရတာဖြစ်ပါတယ်။

ပိုချက်တီနို ။     ။ TheSun သတင်းစာရဲ့ အားကစားသတင်းထောက် ဘရန်ဒွန် က စပါးအသင်းနည်းပြ ပိုချက်တီနိုအနေနဲ့ စပါးကနေ ထွက်ခွာသွားတာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပြီး ပိုချက်တီနိုအတွက် အခက်ခဲဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်ကြောင်း သုံးသပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၀က်ဖို့ဒ်အသင်းကို အိမ်ကွင်းမှာ တစ်ဂိုးစီ သရေသာကန်နိုင်ခဲ့တဲ့ စပါးရဲ့ အခြေအနေက အဆိုးဆုံးကိုရောက်နေပြီလို့ ဘရန်ဒွန်က သုံးသပ်သွားခဲ့ပြီး ပိုချက်တီနို ထွက်ခွာသွားတာက စပါးအတွက် အကောင်းဆုံးအဖြေဖြစ်လိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ရွိုင်ကိန်း ။       ။ မန်ယူအသင်းကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက မန်ယူနဲ့လီဗာပူးလ်ကစားသမားတွေအကြားမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းမရှိတဲ့ အခြေအနေတွေက ပြိုင်ပွဲကို ပျင်းစရာဖြစ်စေခဲ့တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ နှစ်ဖက်အသင်းကစားသမားတွေဟာ ပွဲမကစားမီ ဥမင်လှိုဏ်ခေါင်းထဲမှာ ပွေ့ဖက်၊နမ်းရှုံ့ နှုတ်ဆက်နေကြတဲ့ ရုပ်သံမြင်ကွင်းတွေကို မြင်တွေ့ခဲ့ရပြီးနောက် ရွိုင်ကိန်းက သူတို့ခေတ်တုန်းက ဗီအဲရာတို့လူစုနဲ့ ဥမင်ထဲမှာ ရန်ဖြစ်ခဲ့ကြရတာကို မှတ်မိနေသေးကြောင်း ပြောဆိုသွားခဲ့တာပါ။

ဒွန်နာရမ်းမား ။  ။ အေစီမီလန်အသင်းကနေ ရောင်းချဖွယ်ရှိနေတဲ့ လူငယ်ဂိုးသမား ဒွန်နာရမ်းမား ကို PSG အသင်းက ခေါ်ယူဖို့ ပြင်ဆင်နေပါပြီ။ အသက် (၂၀)အရွယ် အီတလီလက်ရွေးစင် ဂိုးသမားဟာ လက်ရှိ PSG အတွက် ပွဲထွက်ပေးနေတဲ့ ကေလာနားဗက်စ်ရဲ့နေရာကို ခြိမ်းခြောက်ဖို့ရှိနေပြီး ဒီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ PSGအသင်းက ပြင်ဆင်နေတာပါ။

READ
ဝက်ဝံကိုနှုတ်သီးစွပ်ပြီးလက်ခုပ်တီး, ဘောလုံးပေးခိုင်းတဲ့ ရုရှားဘောလုံးအသင်းဝေဖန်ခံနေရ

ဒေါ့တ်မွန် ။      ။ ဒေါ့တ်မွန်အသင်းဟာ အေစီနောက်ခံလူ ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့  ပြင်ဆင်နေတယ်လို့ ESPN က ဖော်ပြပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင် ကစားသမားဟာ အေစီမီလန်ရဲ့ ဘဏ္ဍာရေးပြဿနာကြောင့် အသင်းကနေ ရောင်းချခံရဖွယ်ရှိနေပြီး လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာသွားရလိမ့်မယ်လို့ ESPN က ရေးသားသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE