(၂၁-၄-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အွန်နရီ – အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး အွန်နရီဟာ မိုနာကိုအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသော်လည်း လာမယ့်အပတ်မှာ အမေရိကန် မေဂျာလိဂ်ကလပ် New York Red Bulls အသင်းမှာ နည်းပြအဖြစ် ခန့်အပ်ခံရဖို့ ရှိနေကြောင်း သိရပါတယ်။

ဆိုးလ်ရှား – မန်ယူအသင်းမန်နေဂျာ ဆိုးလ်ရှားက အသင်းမှာ အန်ဝင်မှုမရှိတဲ့ ကစားသမားတွေ(အထူးသဖြင့် ဆန်းချက်ဇ်)ကို အသင်းမှာ ဆက်ထားဖို့ မရှိကြောင်းဆိုပါတယ်။ အသင်းအတွက် အန်မဝင်သူတွေ၊ အောင်မြင်မှုကို မဆာလောင်သူတွေ၊ ပေးဆပ်လိုစိတ်မရှိသူတွေကို အသင်းမှာ ဆက်မထားဘူးလို့ ပြောခဲ့တာပါ။

PA

အဲလစ်ဆင် – လီဗာပူးဂိုးသမား အဲလစ်ဆင်က လီဗာပူးအသင်းဟာ ပရီးမီယားလိဂ်ချန်ပီယံဖြစ်ရေးနဲ့၊ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရရေးအတွက် ဖိအားတွေမရှိကြောင်း၊ ဒါကြောင့် လက်ကျန်ပွဲစဉ်တွေကို အမှားအယွင်းမရှိ ကြိုးစားနိုင်မှာ ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

READ
၂-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဘာစီလိုနာ – စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ ရက်ရှ်ဖို့ကို ခေါ်ယူလိုမှုမှာ လက်ရှောင်ဖို့ရှိနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာက မန်ယူအသင်းအနေနဲ့ ၎င်းတို့တိုက်စစ်မှူးကို ဈေးနှုန်းမြင့်မားစွာနဲ့ အရောင်းဈေးကွက်တင်ဖို့ ရှိတာကြောင့် အခုလို လက်ရှောင်တာမျိုး ဖြစ်လာခဲ့တာပါ။

Goal

ဂွါဒီယိုလာ – ပရီးမီယားလိဂ်ချန်ပီယံဖြစ်ဖို့ အပြိုင်ကြိုးစားနေတဲ့ လက်ရှိလီဗာပူးအသင်းဟာ သူသိခဲ့တဲ့ လီဗာပူးသမိုင်းအတွင်းမှာ အကောင်းဆုံးအသင်းဖြစ်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။

မန်ယူ – မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ပေါ့ဂ်ဘာအနေနဲ့ မန်ယူရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရေးအတွက်၊ မိမိကစားလိုတဲ့ပုံစံ၊ နေရာကို စိတ်ကြိုက်ရွေးချယ်ခွင့် မရှိဘဲ၊ နည်းပြရဲ့ နည်းဗျူဟာအောက်မှာသာ ကစားရမှာဖြစ်ကြောင်း သတိပေးလိုက်တယ်လို့ သိရပါတယ်။

EPA

ချယ်လ်ဆီး – နည်းပြတွေရဲ့သင်္ချိုင်းလို့ တင်းစားခံနေရတဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် ဘောလုံးရာသီမစတင်မီမှာ လက်ရှိအသင်းနည်းပြ ဆာရီနေရာကို အစားထိုးဖို့၊ နည်းပြတစ်ဦး ရှာပုံတော်ဖွင့်နေကြောင်း သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ ဘယ်သူ့ကို ခန့်အပ်မယ်ဆိုတာမျိုး မရှိသေးပါဘူး။

READ
မော်ရင်ဟိုရဲ့ ဖခင် ပေါ်တူဂီဂိုးသမားဟောင်း ဖိလစ် ကွယ်လွန်

ဒီဘရိုင်း – မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ စပါးအသင်းကို 1-0 နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခံလိုက်ရပါတယ်။ သူ ရရှိတဲ့ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရဖို့ရှိနေပြီး မန်ယူနဲ့ပွဲစဉ်ကိုလည်း လွဲချော်လိမ့်မယ်လို့ ဂွါဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။

လင်းဇော်ကို (SportAhtar)
Source : skysports.com/ marca,com/ mirror.co.uk/ goal.com

SHARE