၂၁-၅-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းဟာ ဆွမ်ဆီးတောင်ပံကစားသမားလေး ဒန်နီယယ်ဂျိမ်းစ် ကို ပေါင်(၁၅)သန်းနဲ့ခေါ်ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီချက်ရရှိသွားခဲ့ပါပြီ။ အသက် (၂၁)နှစ်အရွယ်သာ ရှိသေးတဲ့ ဝေးလ်ကွင်းလယ်ကစားသမားလေးဟာ ဆိုးလ်ရှားရဲ့ ဒီရာသီ ပထမဆုံးခေါ်ယူမှု ဖြစ်ခဲ့ပြီး လိဒ်အသင်းကိုပြောင်းဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မန်ယူအသင်းကို ရောက်ရှိသွားခဲ့ရတာပါ။ ဆိုးလ်ရှားဟာ ဒီရာသီမှာ မန်ယူအသင်းကို လူငယ်တွေနဲ့တည်ဆောက်ဖို့ကြိုးစားနေပြီး ဘင်ဖီကာကွင်းလယ်ကစားသမားလေး ဖိလစ် ကိုလည်းခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

ဘက်ပီ ။         ။ PSG အသင်းရဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘက်ပီရဲ့အိပ်မက်ဟာ ရီးယဲလ်မက်ဒရစ်အသင်းဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ပြောကြားလိုက်ပါတယ်။ အူနိုင်းအမ်မရီဟာ PSG အသင်းမှာ အမ်ဘာပေနဲ့ လက်တွဲခဲ့ဖူးတာဖြစ်ပါတယ်။ ဘက်ပီဟာ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ကလပ်အသင်းအတွက်ရော၊ နိုင်ငံလက်ရွေးစင်အသင်းအတွက်ပါ အထူးခြေစွမ်းပြကစားနေခဲ့ပြီး ပြင်သစ်လီဂူး ဂိုးသွင်းဘုရင်ဆုကို ရရှိဖို့သေချာနေသလို ဥရောပရွှေဖိနပ်ဆုအတွက်လည်း မက်ဆီကို ဖိအားပေးနေဆဲပါပဲ။ အမ်မရီက PSG အသင်းကို သူနည်းပြခဲ့စဉ်ကတည်းက ဘက်ပီဟာ ရီးယဲလ်ကိုပြောင်းဖို့ ဆန္ဒရှိနေခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

READ
(၂၉-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အန်ဆယ်လော့တီ ။   ။ နာပိုလီအသင်းနည်းပြ အန်ဆယ်လော့တီက သူ့အနေနဲ့ ဂျူဗင်တပ်စ်အသင်းကိုပြောင်းဖို့ အခွင့်အရေးမရှိသေးကြောင်းနဲ့ နာပိုလီအသင်းနဲ့သူ့ရဲ့ကြားက စာချုပ်ကို လေးစားရမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒို က အန်ဆယ်လော့တီကို လစ်လပ်သွားတဲ့နည်းပြရာထူးအတွက် ခန့်ထားဖို့ တိုက်တွန်းပြီးတဲ့နောက်မှာ ဒီနည်းပြကြီးနဲ့ပတ်သက်တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် တရားဝင်ဖြေရှင်းမှု ပြုလုပ်သွားခဲ့တာပါ။

AFP

ရာဘီယော့ဇ် ။                ။ ဒီနှစ်ရာသီအကုန်မှာ အသင်းကနေထွက်ခွာတော့မယ့် PSG အသင်းရဲ့ကြယ်ပွင့် ရာဘီယောဇ့်ကို ခေါ်ယူဖို့အတွက် စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်အသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် စပါးတို့က အပြိုင်ဖြစ်လာတယ်လို့ သိရပါတယ်။ ရာဘီယောဇ့်ဟာ အစောပိုင်းလတွေကတည်းက PSG အသင်းနဲ့ စာချုပ်သစ်မချုပ်ဖို့ ဆုံးဖြတ်ထားသူပါ။ ဒါကြောင့်မို့ ဒီရာသီအကုန်မှာ သူဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ကစားသမားတစ်ဦးဖြစ်ပြီး ထိပ်တန်းခြေစွမ်းရှိသူလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ရာဘီယော့ဇ်ကို ဥရောပရဲ့ ထိပ်သီးကလပ်တော်တော်များများက စိတ်ဝင်စားနေကြတာပါ။ လက်ရှိမှာ အာဆင်နယ် ၊ လီဗာပူး ၊ ဂျူဗင်တပ် စပါးတို့ကလည်း သတင်းထွက်ပေါ်နေတာဖြစ်ပြီး ဂျူဗင်တပ်နဲ့ စပါးကတော့ ပိုမိုအားစိုက်ပြီး ကြိုးစားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

READ
၂၉-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
AP

ဂျူဗင်တပ်စ် ။ ။ ဂျူဗင်တပ်စ်အသင်းဟာ လက်ရှိဘောလုံးရာသီအကုန်မှာ ထွက်ခွာတော့မယ့် နည်းပြမက်စ်အယ်လီဂရီရဲ့နေရာမှာ အစားထိုးဖို့အတွက် ချဲလ်ဆီးနည်းပြ မော်ရီဇီယိုဆာရီရဲ့ ကိုယ်စားလှယ်တွေကို ပထမဦးဆုံးအကြိမ်ဆက်သွယ်လာခဲ့တယ်လို့ Goal သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်နဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကစားရဖို့ ရှိနေသေးတဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာလည်း ရရှိထားပေမယ့်လည်း နည်းပြဆာရီရဲ့စတမ်းဖို့ဒ်ဘရစ်ခ်ျ အနာဂတ်ဟာ မရေမရာဖြစ်နေခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာလည်း ၄င်းတို့ရဲ့နည်းပြသစ်ရာထူးအတွက် ဆာရီအပါအဝင် ပိုချက်တီနို၊ (လာဇီယိုနည်းပြ) အင်ဇာဂီတို့ကိုလည်း ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

Linn

Source : Goal , Mirror , TheSun

SHARE