၂၁-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

တောရက်စ် ။    ။ အက်သလက်တီကို၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့မှာ ကစားခဲ့တဲ့ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကနေ အနားယူလိုက်ပြီဆိုတဲ့အကြောင်း ကြေညာလိုက်ပါပြီ။ အသက် (၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ တောရက်စ်ဟာ ဂျေလိဂ်ကလပ် တိုဆု အသင်းမှာ ကစားသမားဘ၀ နောက်ဆုံးနှစ်တွေကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် ဘောလုံးသမားဘ၀ကနေ အနားယူကြောင်း ကြေညာသွားခဲ့တာဖြစ်ပါတယ်။

နေမာ ။ ။ ရီးယဲလ်အသင်းတိုက်စစ်မှူး ဘင်ဇီမာ နဲ့ PSG အသင်းတိုက်စစ်မှူး နေမာ တို့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာခဲ့ပြီးနောက် နေမာတစ်ယောက် ရီးယဲလ်ကိုပြောင်းဖို့ နီးစပ်နေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဘန်ဇီမာ ဟာ နေမာနဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်သွားခဲ့ပြီးတဲ့နောက် ပရိသတ်တွေက နေမာတစ်ယောက် ရီးယဲလ်ရောက်တော့မယ်လို့ ခန့်မှန်းခဲ့ကြတာပါ။

Twitter

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ ဟော်လန်ကလပ် ဘရီဒါအသင်းရဲ့ ညာနောက်ခံလူ ဗန် ဗိုင်နန်ကို (၂)နှစ် စာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။ ဘာစီလိုနာဟာ အသက် (၂၀)အရွယ် နောက်ခံလူကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိခဲ့တာဖြစ်ပြီး ဒီကစားသမားရဲ့ စာချုပ်လျော်ကြေးကို ပေါင်(၈၉)သန်းအဖြစ် ထည့်သွင်းချုပ်ဆိုခဲ့တာပါ။

READ
PSGကို ၄ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ဘာစီလိုနာအသင်း ဘာတွေများမှားနေခဲ့လဲ
Barccelona/Twitter

ဆန်းချက် ။      ။ မန်ယူအသင်းဟာ တိုက်စစ်မှူး ဆန်းချက်ဇ်အတွက် ဘရာဇီးကလပ်အသင်းတစ်သင်းရဲ့ အငှားနဲ့ခေါ်ယူဖို့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး အသင်းမှာ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ TheSun က ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းမှာ ပြီးခဲ့တဲ့ တစ်ရာသီလုံး ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဆန်းချက်ဇ်ဟာ ချီလီအသင်းနဲ့ ကိုပါအမေရိက ပြိုင်ပွဲမှာတော့ ခြေစွမ်းပြနေပြီး သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ထားပါတယ်။

(AP Photo/Nelson Antoine)

လီဗာပူးလ် ။     ။ လီဗာပူးလ်ဟာ ဘက်တစ်အသင်း ဘယ်နောက်ခံလူ ဂျူနီယာဖာပို ကို စာချုပ်လျော်ကြေး ပေါင်(၄၅)သန်းအထိ ပေးပြီး ခေါ်ယူမယ်လို့ ESPN က ဖော်ပြပါတယ်။ လီဗာပူးလ်ဟာ အသင်းကနေ ထွက်ခွာမယ့် နောက်ခံလူ မိုရီနိုရဲ့နေရာမှာ အစားထိုးဖို့ ဖာပို ကို ခေါ်ယူချင်နေတာဖြစ်ပြီး ဒီရာသီအပြောင်းအရွှေ့မှာ ဘာလှုပ်ရှားမှုမှာမရှိပဲ ငြိမ်သက်နေတဲ့ လီဗာပူးလ်ရဲ့ အပြောင်းအရွှေ့စီမံကိန်းတွေက အားလုံးကို စိတ်ဝင်တစားဖြစ်စေခဲ့တာတော့အမှန်ပါ။

READ
၂၂-၆-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

မာရာဒိုနာ ။      ။ အာဂျင်တီးနားအသင်းရဲ့ ဂန္ဓ၀င်ကစားသမားဟောင်းကြီး မာရာဒိုနာ က အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတယ်ဆိုတဲ့သတင်းတွေကို အင်စတာဂရမ်ဗီဒီယိုတစ်ခုနဲ့အတူ ဒေါသတကြီးငြင်းဆန်သွားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ အဲဒီ ဗီဒီယိုထဲမှာ မာရာဒိုနာ က သူ့ကို အတိတ်မေ့ရောဂါခံစားနေရတယ်လို့ သတင်းလွှင့်နေသူတွေကို ဒေါသတကြီးပြောဆိုသွားခဲ့ပြီး သူ့အနေနဲ့ ကျန်းကျန်းမာမာရှိနေကြောင်းအသိပေးသွားခဲ့ပါတယ်။

Linn

Source : TheSun , ESPN , Mirror

SHARE