၂၁-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Talksports "Twitter"

ဘေးလ် ။        ။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက ဂါရက်ဘေးလ်ရဲ့အပြောင်းအရွှေ့ ဖြစ်လာဖို့ အရမ်းကိုနီးစပ်တဲ့အခြေအနေတွေရောက်နေပြီလို့ ပြောဆိုပြီးနောက် ဂါရက်ဘေးလ်တစ်ယောက် ဘယ်အသင်းဆီပြောင်းမလဲဆိုတာ လောင်းကစားဒိုင်တွေက ကြေးဖွင့်လှစ်လိုက်ကြပါတယ်။ Ladbrokes ရဲ့ ကြေးဖွင့်လှစ်မှုမှာ ဘေးလ်တစ်ယောက် တရုတ်ကလပ်အသင်းတစ်သင်းဆီကိုရောက်မယ်ဆိုတာ (၁၁)လေး (၁၀)လေးအထိ ပေးထားခဲ့ပြီး၊ ဒုတိယနေရာမှာတော့ ဘိုင်ယန်က  (၃)လေး(၁)လေးနဲ့ လိုက်နေပါတယ်။ တတိယနေရာမှာ စပါးက (၆)လေး(၁)လေးနဲ့ စတုတ္ထနေရာမှာ မန်ယူက (၉)လေး(၂)လေး အသီးသီးရပ်တည်နေကြပါတယ်။

မန်ယူ ။ ။ မန်ယူအသင်းပရိသတ်တွေကတော့ ရီးယဲလ်ကနေ ပြောင်းရွှေ့ဖို့ အတည်ပြုလိုက်ပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ဂါရက်ဘေးလ်ကိုခေါ်ယူဖို့ အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းနေကြပါပြီ။ ဘိုင်ယန်အသင်းကို (၃-၁)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဇီဒန်းက ဘေးလ်ကို ပွဲထွက်ခွင့်မပေးခဲ့သလို ပွဲအပြီးမှာလည်း သူ့ရဲ့အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့အရမ်းနီးစပ်နေပြီဆိုတဲ့အကြောင်း အသိပေးခဲ့တာပါ။ အဲဒီနောက်မှာတော့ တွစ်တာပေါ်မှာ မန်ယူပရိသတ်တွေက ဂါရက်ဘေးလ်ကိုခေါ်ယူဖို့ တိုက်တွန်းနေခဲ့ကြပြီး ဒီအချိန်ဟာ ဘေးလ်ကိုခေါ်ဖို့  အသင့်တော်ဆုံးအချိန်ပဲလို့မှတ်ချက်ပေးနေကြပါတယ်။

ကန်တီ ။         ။ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကန်တီ ဟာ ဒူးဒဏ်ရာကြောင့် ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်ကနေ အိမ်ပြန်သွားခဲ့ပြီဖြစ်ပါတယ်။ အသက် (၂၈)နှစ်အရွယ် ကွင်းလယ်လူ ဟာ ဂျပန်နိုင်ငံကနေ အင်္ဂလန်ကို ဒူးဒဏ်ရာအတွက် ကုသမှုခံယူဖို့ ပြန်သွားခဲ့ပြီး ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည်မစတင်မီမှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ နည်းပြ လမ်းပတ်က မျှော်လင့်နေပါတယ်။

READ
၂၀-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Eugene Hoshiko)

မန်စီးတီး ။       ။ မန်စီးတီးဟာ မက်ဆီလက်သစ် လို့ နာမည်ကြီးနေတဲ့ အာဂျင်တီးနားလူငယ်တိုက်စစ်မှူး အယ်လ်မန်ဒါ ကို ပေါင်(၁၆)သန်းနဲ့ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အသက် (၁၈)နှစ်အရွယ် တိုက်စစ်မှူးဟာ အာဂျင်တီးနားကလပ် ဆာစ်ဖီး အသင်းမှာ ကစားနေသူဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာမှ စီနီယာအသင်းအတွက် ကစားခွင့်ရခဲ့သူပါ။

ရို့စ် ။   ။ စပါးအသင်းရဲ့နောက်ခံလူ ဒန်နီရို့စ် ကို ဂျူဗင်တပ်စ်အသင်းနည်းပြ ဆာရီ က ခေါ်ယူဖို့ ကြိုးစားနေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ အလားအလာရှိတယ်လို့ Mirror က ဖော်ပြပါတယ်။ PSG ၊ ရှော်လ်ကေးနဲ့ နယူးကာဆယ်အသင်းတို့ကလည်း ရို့စ်ကို ခေါ်ယူဖို့ ကြိုးစားနေကြပြီး ဂျူဗင်တပ်စ်အသင်းက ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

 

အီဝိုဘီ ။         ။ အာဆင်နယ်အသင်းတောင်ပံကစားသမား အီဝိုဘီ က ဇာဟာ သာ အာဆင်နယ်အသင်းဆီရောက်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့အသင်းကနေ ထွက်သွားကောင်းထွက်သွားလိမ့်မယ်လို့ ၀န်ခံလိုက်ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ အီဝိုဘီ ဟာ ဇာဟာ သာ ရောက်လာရင် ပွဲထွက်ခွင့်အတွက် ပိုမိုရုန်းကန်လာရနိုင်တာကြောင့် သူ့အနေနဲ့ အသင်းကနေ ထွက်ခွာသွားဖို့ရှိနေကြောင်း TheSun နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့တာပါ။

READ
၂၄-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

Linn

Source : TheSun , Goal , Marca

SHARE