၂၁-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "SkySports"

ဂယ်ရီနဗီးလ် ။   ။ မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဂယ်ရီနဗီးလ် က ဒီတစ်ပတ်ကစားမယ့် ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာချယ်လ်ဆီးအသင်းကို ပိုသဘောကျနေမိကြောင်းနဲ့ လီဗာပူးလ်အသင်းရှုံးသွားလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ မနက်ဖြန်ည (၁၀း၀၀)နာရီမှာ ကစားကြမှာဖြစ်ပြီး လက်ရှိကစားပုံအရဆိုရင် ချယ်လ်ဆီးကတောင် ပိုကောင်းတဲ့ပုံစံမျိုးမှာရှိနေတယ်လို့ နဗီးလ်က မှတ်ချက်ချလိုက်တာပါ။

ပီတာခရော့ခ်ျ ။  ။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျက ဒီရာသီမှာ ပြိုင်ဖက်အသင်းတွေရဲ့ ဂိုးကန်သွင်းခွင့်တွေကို အကြိမ် (၁၂၀)အထိ ခွင့်ပြုထားရတဲ့ အာဆင်နယ်ခံစစ်ပိုင်းဟာ နည်းပြအမ်မရီအတွက် တကယ့်ကို စိတ်ပျက်စရာဖြစ်လာလိမ့်မယ်ဆိုတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ခံစစ်ကစားသမားအချို့ ဒဏ်ရာက ပြန်ကောင်းလာပြီဆိုပေမယ့် ခရော့ခ်ျကတော့ အာဆင်နယ်ဟာ ဒီပုံစံအတိုင်းဆိုရင် လာမယ့်ပွဲတွေမှာလည်း ဂိုးတွေ ပေးနေရဖို့  သေချာသလောက်ပဲလို့ သုံးသပ်ခဲ့ပါတယ်။

 

ဂျာဂျီယယ်ကာ ။ ။ ဒီနေ့ည ကစားမယ့်ပွဲစဉ်မှာ အသင်းဟောင်း အဲဗာတန်အသင်းနဲ့ ပြန်ပြီးရင်ဆိုင်ရမယ့် နောက်ခံလူ ဂျာဂျီယယ်ကာ က အဲဗာတန်အသင်းပရိသတ်တွေဟာ သူ့အတွက် မမေ့နိုင်တဲ့ ပရိသတ်တွေဖြစ်ပြီး အဲဗာတန်မှာကစားခဲ့တဲ့နေ့ရက်တွေကို အမြဲအမှတ်ရနေမိတယ်လို့ ပြောဆိုလိုက်ပါတယ်။ အဲဗာတန်အသင်းမှာ (၁၂)နှစ်ကြာ ကစားခဲ့ပြီးတဲ့နောက်မှာမှ ရှက်ဖီးအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂျာဂျီယယ်ကာ က သူ့အနေနဲ့ အဲဗာတန်ကစားသမားအဖြစ်နဲ့ ဘောလုံးသမားဘ၀ကို အဆုံးသတ်ချင်ခဲ့ပေမယ့်လည်း အဲဒါက လက်တွေ့မှာဖြစ်မလာနိုင်ခဲ့ဘူးလို့ ၀န်ခံလိုက်ပါသေးတယ်။

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က မန်စီးတီးခံစစ်ပိုင်းအနေနဲ့ အင်အားနည်းနေချိန်မှာ နောက်ခံလူ မန်ဒီတစ်ယောက် ပြန်လည်ကောင်းမွန်လာတာဟာ ဘုရားပေးတဲ့ဆုလဒ်သာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ရှက်တာဒိုးနက်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ကစားခဲ့တဲ့ မန်ဒီ ဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာတွေကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး မန်စီးတီးအတွက် ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဂွာဒီယိုလာ က မှတ်ချက်ပေးလိုက်ပါတယ်။

ဇာကာ ။         ။ အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ နီကိုလက်စ် က ဒီတစ်ပတ် ဗီလာနဲ့ကစားမယ့်ပွဲစဉ်မှာ အသင်းရဲ့ကွင်းလယ်လူ ဇာခါ ကို ထည့်သွင်းမကစားသင့်ဘူးလို့ နည်းပြ အမ်မရီ ကို အကြံပေးလိုက်ပါတယ်။ ဒီရာသီမှာ အာဆင်နယ်အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ပါဝင်ခွင့်ရခဲ့ပေမယ့် ဇာခါရဲ့ခြေစွမ်းဟာ ပုံမှန်ထက် ကျဆင်းနေခဲ့တယ်လို့ ပရိသတ်တွေက မှတ်ယူနေကြပြီး အသင်းလူစာရင်းကနေ ချန်လှပ်ထားဖို့ တောင်းဆိုနေကြတာပါ။

READ
၉-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Twitter

SHARE