၂၂-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ခရီနီယာ ။      ။ ရီးယဲလ်အသင်းဟာ အင်တာမီလန်နောက်ခံလူ ခရီနီယာ ကို ယူရိုသန်း(၈၀)နဲ့ စတင်ပြီး ကမ်းလှမ်းလိုက်ပါတယ်။ ခရီနီယာရဲ့ အေးဂျင့်ကတော့ ကစားသမား ရဲ့တန်ကြေးဟာ ယူရိုသန်း(၁၀၀)အထိ ရှိတယ်လို့ ပြောဆိုထားခဲ့ပြီး ရီးယဲလ်ရဲ့ ကမ်းလှမ်းမှုကို စတင်ရရှိနေပြီဖြစ်ကြောင်း ပြောဆိုလိုက်တာပါ။

ဟာဇက် ။       ။ ရီးယဲလ်အသင်းတောင်ပံကစားသမား ဟာဇက် က ရီးယဲလ်အသင်းကို စတင်ရောက်ရှိလာတဲ့အချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်ဟာ ပုံမှန်ထက် ပိုများနေခဲ့ကြောင်း ၀န်ခံလိုက်ပါတယ်။ ရီးယဲလ်အသင်းမှာ ဟာဇက်တစ်ယောက် ခြေစွမ်းမပြနိုင်တာဟာ သူ့ရဲ့အလေးချိန်များလာတဲ့ ခန္ဓာကိုယ်အနေအထားကြောင့်ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ဟာဇက်က လက်ခံလိုက်ပြီး သူ့အနေနဲ့ ရီးယဲလ်အသင်းကို စတင်ရောက်ရှိလာချိန်ကတည်းက  ခန္ဓာကိုယ်အလေးချိန်ဟာ ပုံမှန်ထက် ပိုများနေခဲ့ကြောင်း ၀န်ခံသွားခဲ့ပါတယ်။

 

လိုဗရန် ။        ။ လီဗာပူးလ်အသင်းရဲ့နောက်ခံကစားသမား လိုဗရန်ဟာ လာမယ့်အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်ထားတယ်လို့ Mirror့  ဖော်ပြပါတယ်။ လီဗာပူးလ်အသင်းရဲ့ အရန်ခုံမှာသာ ရှိနေရတော့တဲ့ ကစားသမားဟာ မာတစ်၊ ဂိုမက်ဇ်နဲ့ ဗန်ဒိုက်တို့ကို ပွဲထွက်ခွင့်အတွက် ကျော်ဖြတ်နိုင်ခြင်းမရှိတော့ပဲ အရန်ခုံမှာသာ ထိုင်နေခဲ့ရလို့ အသင်းကနေ ထွက်ခွာသွားဖို့ရှိနေတယ်လို့ သတင်းတွေက  ဖော်ပြနေကြတာပါ။

အမ်မရီချန် ။    ။ ဒေါ့တ်မွန်အသင်းဟာ လာမယ့် ဇန်န၀ါရီမှာ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ အန်မရီချန် ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Bild က ဖော်ပြပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အမ်မရီချန် ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ရှိနေပြီး ဒေါ့တ်မွန်အသင်းရဲ့ ခေါ်ယူချင်နေတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေတယ်လို့ Bild က ရေးသားထားတာပါ။

READ
၁၂-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

လက်စတာ ။   ။ လက်စတာအသင်းဟာ ဖရိုင်းဘတ်အသင်းရဲ့နောက်ခံလူ ရိုဘင်ကို့ခ်ျ ကို ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်နေတယ်လို့ TheSun က ဖော်ပြပါတယ်။ ဘရန်ဒန်ရော်ဂျာဟာ ရာသီဝက်အပြောင်းအရွှေ့မှာ ခံစစ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်နေတာဖြစ်ပြီး အသက် (၂၃)နှစ်အရွယ် ကစားသမားအတွက် ကင်းထောက်တစ်ဦးစေလွှတ်ထားတယ်လို့ TheSun က ရေးသားဖော်ပြထားပါတယ်။

ပဲလေ့စ် ။        ။ ပဲလေ့စ်အသင်းဟာ ချယ်လ်ဆီးတိုက်စစ်မှူး ဂျီရော့ဒ်ကို ပေါင်(၅)သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းနေတယ်လို့ The Express က ဖော်ပြပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဂျီရော့ဒ်အတွက် တစ်ရာသီ လုပ်ခလစာငွေ ပေါင်(၇)သန်းအထိ ပေးချေနေရလို့ ရောင်းထုတ်လိုက်မယ်ဆိုရင် လစာငွေပမာဏ လျော့ကျသွားဖို့ရှိနေတယ်လို့ သုံးသပ်သူတွေလည်းရှိနေပါတယ်။ ဂျီရော့ဒ်အတွက် အင်တာမီလန်နဲ့ ဒေါ့တ်မွန်အသင်းတို့ကလည်း စိတ်ဝင်စားနေကြပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ နေရာမရမှုကြောင့် အသင်းပြောင်းဖို့ရှိနေတယ်လို့လည်း မှတ်ချက်ပေးနေကြပါတယ်။

READ
အာဆင်နယ် အသင်းကို Twitter မှတဆင့် လှောင်ပြောင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်

Linn

Source : TheSun , Goal , Mirror

SHARE