၂၂-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter

ဒီလစ် ။ ။ အေဂျက်ဇ်အသင်းနောက်ခံကစားသမား ဒီလစ် ဟာ Nations League ဗိုလ်လုပွဲစဉ်တုန်းက ရော်နယ်ဒို ပြောခဲ့တဲ့ စကားအတိုင်း ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးဖြစ်လို့နေပြန်ပါပြီ။ ဂျူဗင်တပ်စ်ဟာ ဒီလစ်အတွက် ပေါင် (၆၂)သန်း အသုံးပြုသွားဖို့ ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း ရော်နယ်ဒိုနဲ့ တွဲဖက်ကစားရမယ့်အခွင့်အရေးကို လက်မလွှတ်ချင်ပဲ ဖြစ်နေတယ်လို့ Mirror က ဖော်ပြပါတယ်။

နေမာ ။ ။ PSG အသင်းတိုက်စစ်မှူးနေမာ က PSG ဟာ ဥရောပရဲ့ထိပ်သီးအသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခြင်းမရှိတဲ့အခြေအနေတွေကြောင့် အသင်းကနေ ထွက်ခွာချင်ခဲ့တာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အသက်၂၇ နှစ်အရွယ် ဒီဘရာဇီးလ် သားဟာ ၂၀၁၇ ခုနှစ်နွေရာသီမှာ ဘာစီလိုနာ အသင်းကနေ PSG အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ် ပြီး စပိန်မြေကို ပြန်လာချင်နေပြီ ဆိုတဲ့ သတင်းတွေ မကြာခဏဆိုသလိုထွက်နေခဲ့တာဖြစ်ပါတယ်။

READ
(၆-၃-၁၈)အတွက် ညနေခင်းပိုင်း နောက်ဆုံးရ အားကစားသတင်းများ
.(AP Photo/Andre Penner)

ဇီယက် ။         ။ လီ​ဗာပူးလ်အသင်း ဟာ အာဆင်​နယ်​ အသင်း ​စောင့်​ကြည့်​ခြင်းကို ခံ​နေရတဲ့ အိုင်​ယက်​အသင်းရဲ့ တိုက်​စစ်​ကစားသမား​ ဟာကင်​ဇီယက်​ကို ​ချည်းကပ်​ ​နေတယ်​လို့ သိရပါတယ်။ ပေါင်​သန်း ၃၀တန်​ အယ်​ဂျီးရီးယား လက်​​ရွေးစင်​ ဟာ အာဆင်​နယ်​ ကို ​ပြောင်းချင်​ ​နေခဲ့​ပေမယ့်​လည်း ချန်​ပီယံလိဂ်​ ပြိုင်​ပွဲနဲ့ ဆွဲ​ဆောင်​ နိုင်​တဲ့ ဥ​ရောပ ချန်​ပီယံ လီဗာပူးလ် အသင်းရဲ့ ကမ်းလှမ်းမှု ကို​တော့ ပယ်​ချနိုင်​ဖို့ ခက်​ခဲမှာ ဖြစ်​ပါတယ်​။

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ ကွင်းလယ်လူ ရာဘီယော့ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီး ရာဘီယော့ကိုသာ ခေါ်ယူနိုင်မယ်ဆိုရင် ပေါ့ဂ်ဘာကို ခေါ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အီတလီသတင်းစာတွေက ဖော်ပြနေပါတယ်။ လက်ရှိမှာ ပေါ့ဂ်ဘာအတွက်ပေါင်(၁၂၅)သန်းနဲ့ ကမ်းလှမ်းမယ်လို့ သတင်းတွေ ထွက်နေခဲ့တဲ့ ဂျူဗင်တပ်စ်ဟာ PSG အသင်း ကွင်းလယ်လူ ရာဘီယော့အတွက် ဆွေးနွေးမှုတွေမှာ အလားအလာကောင်းတွေ မြင်တွေ့နေခဲ့ရတာပါ။

READ
မန်စီးတီး VS ရီးယဲလ် (ပွဲကြိုအပြည့်အစုံ)
(AP Photo/Francois Mori, pool)

ဆန်းချက်ဇ် ။    ။ မန်ယူအသင်းဟာ ကိုပါအမေရိကပြိုင်ပွဲမှာ ချီလီအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးဆန်းချက်ဇ်ကို အငှားချတာမျိုး၊ ရောင်းထုတ်တာမျိုး ပြုလုပ်ဦးမှာမဟုတ်ပဲ အသင်းမှာ ဆက်လက်ခေါ်ယူထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Goal က ဖော်ပြပါတယ်။ ချီလီအသင်းအတွက် (၂)ပွဲ ကစားပြီး ပွဲတိုင်းဂိုးသွင်းပေးထားတဲ့ ဆန်းချက်ဇ်ဟာ လက်ရှိအချိန်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပြီး ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေရဆဲပါ။

(AP Photo/Ricardo Mazalan)

ဒေါ့တ်မွန် ။      ။ ဒီရာသီအပြောင်းအရွှေ့မှာ ကစားသမား(၄)ဦးအတွက် ပေါင်သန်း(၁၀၀)အထိ သုံးထားတဲ့ ဒေါ့တ်မွန်အသင်းဟာ မိုချန်ဂလက်ဘတ်အသင်းကွင်းလယ်လူ ပလီယာ ကို ထပ်မံခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ ဂျာမန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ အသက် (၂၆)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂလက်ဘတ်အသင်းအတွက် (၃၅)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး (၁၅)ဂိုး သွင်းယူပေးနိုင်ခဲ့သူပါ။

Linn

Source : Mirror , TheSun , Goal

SHARE