၂၃-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ပိုချက်တီနို ။     ။ စပါးအသင်းကနေ ထွက်ခွာသွားရပြီဖြစ်တဲ့ နည်းပြ ပိုချက်တီနိုကြောင့် မန်ယူနည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့ပြီလို့ Mirror က သုံးသပ်ပါတယ်။ ဆိုးလ်ရှားကို မခေါ်ယူခင်ကတည်းက ပိုချက်တီနိုကို မျက်စိကျခဲ့တဲ့ မန်ယူဟာ ပိုချက်တီနို ကို အလွယ်တကူခေါ်ယူနိုင်မယ့် လက်ရှိအခြေအနေအပေါ် အသုံးချသွားဖို့ရှိနေပြီး ဆိုးလ်ရှားအနေနဲ့ လာမယ့် ပွဲစဉ်တွေမှာ အမှားအယွင်း မလုပ်မိဖို့ လိုလိမ့်မယ်လို့ ရေးသား ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းနောက်ခံလူဟောင်း ဒစ်ဆင် က လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ အပြောင်းအရွှေ့အတွက် ငွေထုတ်မပေးဖို့ အာဆင်နယ်အသင်း ဘုတ်အဖွဲ့ကို တိုက်တွန်းလိုက်ပါတယ် အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က တန်ဖိုးကြီး ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ရုန်းကန်နေရပြီး အမ်မရီဟာ ကစားသမားခေါ်ယူမှုမှာ စနစ်မကျသေးဘူးလို့ ဒစ်ဆင် က ယူဆနေတာပါ။ အာဆင်နယ်ဟာ လက်ရှိအချိန်မှာ နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက် နိုင်ပွဲပျောက်နေပြီး နည်းပြ အမ်မရီကလည်းဖိအားတွေနဲ့ရင်ဆိုင်နေရပါပြီ။

 

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က ဒီရာသီ ကုန်ဆုံးချိန်မှာ မန်စီးတီးကနေ ထွက်ခွာမယ်ဆိုတဲ့သတင်းတွေကို တုန့်ပြန်လိုက်ပါတယ်။ ဂွာဒီယိုလာနဲ့ မန်စီးတီးရဲ့ လက်ရှိစာချုပ်ဟာ (၂၀၂၀-၂၁) ဘောလုံးရာသီကုန်ဆုံးချိန်မှာ အဆုံးသတ်မှာဖြစ်ပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့အတွက် ညှိနှိုင်းမှုတွေကအဆင်မပြေဖြစ်နေဆဲပါ။ ဂွာဒီယိုလာ က သူ့အနေနဲ့ မန်စီးတီးအသင်းမှာ ဆက်ရှိနေချင်ပြီး အသင်းကနေ ထွက်ခွာသွားဖို့ စဉ်းစားနေတာမျိုး လုံးဝမရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက ကွင်းလယ်လူ တော်ရဲရား အနေနဲ့ ပွဲထွက်ခွင့်ကို ပိုပြီး လိုချင်တယ်ဆိုရင် သူ့ရဲ့ ကစားပုံကိုလည်း ပိုကောင်းအောင် ကြိုးစားရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ အသက် (၂၃)နှစ်အရွယ် ကွင်းလယ်လူ ဟာ ဒီရာသီမှာ အာဆင်နယ်ရဲ့အရန်ခုံမှာသာ ရှိနေခဲ့ရပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူ ဘန်တန်ကာ က အမ်မရီအနေနဲ့ ဒီလိုမျိုးဆက်ပြီးနေရာမပေးဘူးဆိုရင် အသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ ပြောဆိုထားခဲ့တာပါ။ အမ်မရီက ဘန်တန်ကာရဲ့ ပြောစကားကို အခုလိုမျိုး တုန့်ပြန်လိုက်တာဖြစ်ပြီး ပွဲထွက်ကစားချင်ရင် လက်ရှိကစားပုံထက် ပိုကောင်းအောင် ကစားပြဖို့လိုမယ်လို့ မှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။

ရစ်ချာလီဆင် ။  ။ အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ရစ်ချာလီဆင် တစ်ယောက် မန်ယူအသင်းရဲ့ဇန်န၀ါရီပစ်မှတ်စာရင်းထဲ ပါလာပြန်ပြီလို့ Sky Sports က ဖော်ပြပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို မြှင့်တင်ဖို့ တိုက်စစ်ကစားသမားသစ်တွေကို ကျိန်းသေပေါက် ခေါ်ယူမှာဖြစ်ပြီး ရစ်ချာလီဆင် လည်း အလိုရှိတဲ့ စာရင်းထဲ ပါလာခဲ့ပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေကြတာပါ။

READ
၂၃-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အီမာဆင် ။      ။ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ အီမာဆင် ကိုခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေကြောင်း Dello Sports က ဖော်ပြပါတယ်။ ဂျူဗင်တပ်စ်နည်းပြ ဆာရီ ဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေခေါ်ယူခွင့် ရရှိထားခဲ့ပြီးနောက် ချယ်လ်ဆီးအသင်း နောက်ခံလူ အီမာဆင် ကိုခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE