(၂၃-၄-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ကာရေဂါ – အာဆင်နယ်အသင်းဟာ ခရစ်စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ အာဆင်နယ်ဟာ (၂-၃) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြတ်ပြတ်သားသား ဦးဆောင်ခွင့်ကို အာဆင်နယ်တို့ လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် ကာရေဂါက အာဆင်နယ်ရဲ့ (၃၅)သန်းတန် မူစတာဖီကိုလည်း ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

ပေါ့ဂ်ဘာ – မန်ယူအသင်း ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက မိမိတို့ကို ကျော်ဖြတ်ပြီး၊ မန်စီးတီးကို ပရီးမီယားလိဂ် ချံပီယံဖြစ်ခွင့် ပေးသွားမှာမဟုတ်ကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။ မန်ယူနဲ့ မန်စီးတီးတို့ဟာ ဧပြီ(၂၅)မနက်ပိုင်း (၁.၃၀)မိနစ်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး၊ ဒီပွဲကို မန်ယူက မန်စီးတီးကို ဒုက္ခပေးသွားမယ်လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီမှာ ကစားသမားအင်အားစု ပြည့်မီနေစေဖို့အတွက် အရည်သွေးပြည့် ကစားသမား(၄)ဦးအထိ ဖြည့်တင်းမှာဖြစ်ကြောင်း၊ လက်ရှိမှာတော့ ဘာစီလိုနာကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုကို အရခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးဟာ နည်းပြပိုင်း အပြောင်းအလဲ ပြုလုပ်ဖို့လည်း ပြင်ဆင်နေပါတယ်။

Liverpool FC

လီဗာပူး ဂန္ထဝင် အီယန်ရက်ရှ်က ကလော့ပ်ဟာ လီဗာပူးရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရရှိထားသူဖြစ်ပြီး၊ ယခုနှစ်မှာတော့ လီဗာပူးရဲ့ (၂၉)နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီယားလိဂ်ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ဒီအတိုင်းပဲ အသင်းပရိသတ်ကလည်း ဝန်းရံအားပေးမှု အပြည့်ရှိနေကြောင်း ဆိုခဲ့ပါတယ်။

ရီနာတိုဆန်းချက်စ် – ဘိုင်ယန်ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်က လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆန်းချက်စ်ဟာ အသက်(၂၁)နှစ်သာ ရှိသေးပြီး အသင်းတာဝန်ရှိသူတွေကတော့ သူ့ကို လက်လွှတ်မခံရစေဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ဦးမယ်လို့ ဆိုပါတယ်။

GiveMeSport

ဝေါလ်ကာ – မန်စီးတီးခံစစ်မှူး ဝေါလ်ကာက မန်ယူအသင်းအနေနဲ့ သူတို့ကို ကျော်ဖြတ်ပြီး မန်စီးတီးကို အလွယ်တကူ ချန်ပီယံဖြစ်စေမှာမဟုတ်ကြောင်း၊ မန်ယူပရိသတ်တွေက လီဗာပူးကို ဖလားမရစေချင်ကြပေမယ့်၊ မန်ယူနဲ့ မန်စီးတီးပွဲစဉ်ကတော့ ယခုနှစ်မှာ ကြည့်ဖို့အကောင်းဆုံး ပွဲတစ်ခုဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ဆာရီ – ဘန်လေနဲ့ သရေကျခဲ့တဲ့ပွဲစဉ်မှာ ကွင်းထဲကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် ချယ်လ်ဆီးနည်းပြ ဆာရီဟာ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခြင်း မရှိတော့ပဲ၊ လက်ထောက်နည်းပြ ဇိုလာကိုသာ ကိုယ်စား သတင်းစာရှင်းလင်းပွဲ ပြုလုပ်စေခဲ့ကြောင်း သိရပါတယ်။

ဒီဂီယာ – မန်ယူအသင်းဂိုးသမား ဒီဂီယာက မန်ယူအသင်းနဲ့ ရေရှည်စာချုပ် မချုပ်ဆိုခင်မှာ အသင်းရဲ့အပြောင်းအရွှေ့ပေါ်လစီနဲ့ပတ်သက်တဲ့ တိကျတဲ့ အာမခံမှုတွေကို သိရှိလိုနေပြီး၊ ဒီလို ပွင့်လင်းမြင်သာမှုရှိမှသာ မန်ယူနဲ့ ဆက်ပြီး လက်တွဲဖို့ရှိနေကြောင်း သိရပါတယ်။

(AP Photo/Frank Augstein)

ရီယက်ဒ်မာရက်ဇ် – မန်စီးတီးအသင်း ကစားသမား မာရက်ဇ်က အသင်းမှာ ပွဲထွက်ခွင့် အလွန်နည်းပါးနေခြင်းကို အဆုံးသတ်ဖို့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းတော့မှာဖြစ်ကြောင်း တာဝန်ရှိသူတွေကို သတိပေးလိုက်ကြောင်း သိရပါတယ်။ မန်စီးတီးအနေနဲ့လည်း သူ့ကို ရောင်းထုတ်ဖွယ် ရှိနေပါတယ်။ မာရက်ဇ်ဟာ လက်စတာမှာ ခြေစွမ်းပြခွင့်ရခဲ့ပေမယ့်၊ မန်စီးတီးမှာတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။

 

READ
(၁၈-၆-၂၀၁၈) အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လင်းဇော်ကို (SportAhtar)

Source : skysports.com/ goal.com/ marca.com/ as.com

SHARE