ကွန်တီ ။ ။အင်တာမီလန်အသင်းနည်းပြ ကွန်တီက အသင်းတိုက်စစ်မှူး အီကာဒီ ဟာ သူ့ရဲ့အနာဂတ် အစီအစဉ်ထဲမှာ ရှိမနေတော့ကြောင်း အတည်ပြုလိုက်ပါတယ်။ လာမယ့်ရာသီရဲ့ အင်တာမီလန်အသင်း လူစာရင်းမှာ အီကာဒီ ကို ကွန်တီကဖယ်ရှားဖို့ ပြင်ဆင်နေတာဖြစ်ပြီး လူကာကူနဲ့ အလဲအလှယ်လုပ်ဖို့ အစွမ်းကုန်ကြိုးစားနေတာပါ။ အီကာဒီကိုယ်တိုင်ကလည်း အင်တာမီလန်အသင်းက ထွက်ခွာချင်ကြောင်း အတည်ပြုခဲ့ပြီး ဒီအပြောင်းအရွှေ့မှာ အင်တာမီလန်ကနေ ထွက်ခွာသွားရဖွယ်ရှိနေပါတယ်။
အဲလ်ဗက်စ် ။ ။ PSG အသင်းမှာ ဘောလုံးရာသီ (၂)ခုကို ဖြတ်သန်းခဲ့တဲ့ နောက်ခံလူ ဒါနီအဲလ်ဗက်စ်ဟာ အသင်းကနေ ထွက်ခွာခဲ့ပြီဆိုတဲ့အကြောင်းကို ကြေညာလိုက်ပါတယ်။ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ ကစားသမားဟောင်းဟာ သူ့ရဲ့အင်စတာဂရမ်ပို့စ်တစ်ခုကနေ အသိပေးလိုက်တာဖြစ်ပြီး ပရီးမီးယားလိဂ်မြေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လာရောက်ကစားမှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
ခီဒီရာ ။ ။ ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ခီဒီရာ ဟာ နည်းပြသစ် ဆာရီရဲ့လက်ထက်မှာ အသင်းကနေ ထွက်ခွာသွားရဖို့ရှိနေတယ်လို့ အီတလီသတင်းစာ Calciomercato က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဒဏ်ရာပြဿနာတွေနဲ့အတူ ရုန်းကန်ခဲ့ရပြီး ဂျူဗင်တပ်စ်အတွက် (၁၇)ပွဲသာ ကစားပေးခဲ့ရတဲ့ ခီဒီရာ ဟာ နည်းပြသစ် ဆာရီရဲ့ နည်းစနစ်ပိုင်းမှာ အံဝင်ဖို့ရုန်းကန်ရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး သူ့အနေနဲ့ အခြားအသင်းတစ်သင်းဆီ အငှားသွားရောက် ကစားရဖွယ်လည်းရှိနေပါတယ်။
ဘင်နီတက်ဇ် ။ ။ နယူးကာဆယ်အသင်းရဲ့လက်ရှိနည်းပြ ဘင်နီတက်ဇ်ဟာ သက်တမ်းတိုးစာချုပ်အတွက် ဒီနေ့အချိန်အထိ ကမ်းလှမ်းမှု မရရှိသေးတာကြောင့် အသင်းကနေ ထွက်ခွာသွားရဖို့ရှိနေတယ်လို့ Dailymail က ဖော်ပြပါတယ်။ ဘင်နီတက်ဇ်နဲ့ နယူးကာဆယ်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ဇွန်လ (၃၀)ရက် အထိပဲ ရှိတာမို့ နယူးကာဆယ်ဟာ ဘင်နီတက်ဇ်နဲ့လမ်းခွဲဖို့ သေချာနေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
Newcastle United have granted Rafael Benitez permission to hold talks with Chinese Super League club Dalian Lifang with just 9 days remaining on his contract.
A press conference is scheduled tomorrow for 12PM GMT.Get the latest news:
https://t.co/drmvqGkNQp pic.twitter.com/yt8SXlE4IJ— Newcastle United FC ➐ (@NewcastIeUtdFC) June 22, 2019
အေစီ ။ ။ စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ရီးယဲလ်ကွင်းလယ်လူ ဆီဘယ်လော့စ်ကို (၂)ရာသီ အငှားနဲ့ ခေါ်ယူဖို့အတွက် အနီးစပ်ဆုံးဖြစ်နေပါပြီ။ အေစီမီလန်ရဲ့ အားကစားဒါရိုက်တာသစ် မာလ်ဒီနီ ဟာ ဆီဘယ်လော့စ်ကိုခေါ်ယူဖို့ စပိန်မြေကို ရောက်ရှိနေတာဖြစ်ပြီး ရီးယဲလ်နဲ့ချုပ်ဆိုမယ့် စာချုပ်ထဲမှာ ယူရိုသန်း(၅၀)နဲ့ခေါ်ယူနိုင်မယ်ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုသွားဦးမှာပါ။
Dani Ceballos' goal for Spain U21s vs Italy #Golazo pic.twitter.com/NCerlPqcmT
— James Nalton (@JDNalton) June 16, 2019
လီဗာပူးလ် ။ ။ လိုင်လီအသင်းတောင်ပံကစားသမား နီကိုလပ်စ် ပီပီ ကိုခေါ်ယူဖို့ ကြိုးစားနေတဲ့ လီဗာပူးလ်အသင်းဟာ ဈေးကွက်ထဲမှာ အင်တာမီလန်၊ အက်သလက်တို့နဲ့ အပြိုင်ကြိုးစားနေရတယ်လို့ Mirror က ဖော်ပြပါတယ်။ အသက် (၂၄)နှစ်အရွယ် တောင်ပံကစားသမား အတွက် လီဗာပူးလ်အသင်းက ပေါင် (၅၄)သန်းနဲ့ ကမ်းလှမ်းမှု စတင်လိုက်ပြီးတဲ့နောက် ပီပီ ကိုခေါ်ယူမယ့် စီမံကိန်းဟာ လီဗာပူးလ်အတွက် ပိုမို ခက်ခဲလာဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
ဘာစီလိုနာ ။ ။ ဘာစီလိုနာအသင်းဟာ အေဂျက်ဇ်နောက်ခံလူ ဒီလစ် ကို လက်လွှတ်လိုက်တဲ့အကြောင်းရင်း ပေါ်ထွက်လာခဲ့ပါတယ်။ စပိန်သတင်းစာ Marca က ဒီလစ် ဟာ ဘာစီလိုနာအသင်းဆီကနေ များပြားတဲ့ လုပ်ခလစာ ပမာဏကိုတောင်းဆိုခဲ့တာဖြစ်ပြီး ဒီတောင်းဆိုမှုကြောင့် ဘာစီလိုနာက ဒီလစ်ကို ခေါ်ယူဖို့ ကြိုးစားမှုကနေ နောက်ဆုတ်သွားခဲ့တယ်လို့ ရေးသားခဲ့တာပါ။ ဒီလစ် ဟာ လက်ရှိအချိန်မှာတော့ ဂျူဗင်တပ်စ်အသင်းဆီကိုရောက်ရှိသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး တစ်နှစ်လုပ်ခ ပေါင်(၁၀)သန်းအထိ ရရှိသွားဖို့ရှိနေခဲ့တာပါ။
Linn
Source : TheSun , Goal , Mirror