၂၄-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မလေးရှား ။      ။ မလေးရှားအသင်းနည်းပြ တန်ချန်ဟိုက အိမ်ရှင်ပရိသတ်အင်အားကြောင့် မြန်မာအသင်းကို အနိုင်ရမယ်လို့ ယုံကြည်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြန်မာအသင်းဟာ (၂၀၁၈) ဆူဇူကီးဖလား၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မလေးရှားအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရိသတ် (၈၀၀၀၀)ကျော်ဆန့်တဲ့ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ရမှာပါ။ မလေးရှားအသင်းတာဝန်ရှိသူတွေက ဒီပွဲကို ပရိသတ် (၆၀၀၀၀) ကျော် လာရောက်အားပေးမယ်လို့ ခန့်မှန်းထားခဲ့ပြီး မြန်မာပရိသတ်တွေအတွက် ခွဲတမ်းလက်မှတ်က (၅၀၀၀) သာရှိနေခဲ့တာပါ။ ဒီအခြေအနေမှာ မလေးရှားအသင်းက ပရိသတ်အင်အားနဲ့ မြန်မာကို အနိုင်ကစားသွားဖို့ မျှော်လင့်နေကြောင်း မလေးရှားနည်းပြက ပြောဆိုလိုက်တာဖြစ်ပါတယ်။

မော်ရင်ဟို ။     ။ မန်ယူအသင်းနည်းပြ မော်ရင်ဟို က အသင်းရဲ့တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ မန်ယူအသင်းကနေ ထွက်ခွာသွားချင်တယ်လို့ မထင်မိကြောင်းပြောဆိုလိုက်ပါတယ်။ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ ဆန်းချက်ဇ်ရဲ့အပြောင်းအရွှေ့ ကောလာဟလတွေနဲ့ ပတ်သက်လို့ မော်ရင်ဟိုက မှတ်ချက်ပေးသွားခဲ့တာဖြစ်ပြီး ဆန်းချက်ဇ်ဟာ မန်ယူအသင်းကနေ ထွက်ခွာသွားဦးမှာမဟုတ်ဘူးလို့ သူယုံကြည်ထားကြောင်း မီဒီယာတွေကို ပြောဆိုသွားခဲ့ပါတယ်။ ချီလီအသင်းရဲ့ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့က မန်ယူအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရသူပါ။

(AP Photo/Frank Augstein, File)

ဆိုလာရီ ။        ။ ရီးယဲလ်အသင်းနည်းပြသစ် ဆိုလာရီ က ကွင်းလယ်ကစားသမား အစ္စကို ကို အရန်ခုံမှာသာ ထားရှိရခြင်းဟာ နည်းစနစ်ပိုင်းကြောင့်သာ ဖြစ်ပြီး ကစားသမားနဲ့အကြား ပြဿနာတစ်စုံတစ်ရာရှိမနေကြောင်း အသိပေးလိုက်ပါတယ်။ ဆိုလာရီ ရီးယဲလ်ကို စတင်ကိုင်တွယ်တဲ့အချိန်ကစပြီး ပွဲထွက်ခွင့်ပျောက်ဆုံးသွားခဲ့တဲ့ အစ္စကို ဟာ ရီးယဲလ်ကနေ ထွက်ခွာဖို့ပြင်နေတယ်လို့ သတင်းတွေထွက်နေသလို တစ်ဖက်မှာလည်း နည်းပြဆိုလာရီနဲ့ အဆင်မပြေဘူးဆိုတဲ့ သတင်းတွေ ရှိနေပါတယ်။ ဆိုလာရီက အစ္စကိုနဲ့ သူ့ရဲ့ကြားမှာ ဘယ်လိုပြဿနာမှ မရှိကြောင်းနဲ့ ကစားသမားတွေရဲ့ ပွဲထွက်ခွင့်ကို ဆုံးဖြတ်ရခြင်းဟာ နည်းပြတစ်ယောက်ရဲ့အလုပ်သာဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
(၃၁-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Goal

ရာဘီယော့ ။    ။ PSG အသင်း ကွင်းလယ်ကစားသမား ရာဘီယော့ရဲ့ အနေအထားကို ဆွေးနွေးဖို့အတွက် အသင်းဥက္ကဌ အယ်လ်ခီလိုင်ဖီ ကိုယ်တိုင်ကြားဝင်လာခဲ့ပါတယ်။ လာမယ့်နွေရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ပြင်နေပြီး ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေတဲ့ ရာဘီယော့ကို အသင်းဥက္ကဌကိုယ်တိုင်က လာမယ့်တစ်ပတ်မှာတွေ့ဆုံဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အယ်လ်ခီလိုင်ဖီ ဟာ ရာဘီယော့ကို အသင်းမှာ ဆက်ရှိနေစေချင်သူဖြစ်ပြီး သူ့ရဲ့ညှိနှိုင်းမှုကြောင့် ရာဘီယော့တစ်ယောက် အသင်းမှာ ဆက်ရှိနေလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

(AP Photo/Claude Paris)

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ဖို့ မလိုအပ်သေးဘူးလို့ ယုံကြည်နေကြောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲက သတင်းတွေမှာတော့ မန်စီးတီးဟာ အေဂျက်ဇ်အသင်းရဲ့ ကွင်းလယ်လူ ဒီဂျောင် နဲ့ ဒေါ့တ်မွန်ရဲ့ ဆန်ချို တို့ကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး မန်စီးတီးနဲ့ ဒေါ့တ်မွန်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဆန်ချိုကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့ အခွင့်အရေးတွေရှိနေကြောင်း Mirror က ဖော်ပြပါတယ်။

READ
စံချိန်တင်လစာနဲ့တိဗက်ဇ်ကို ခေါ်ယူချင်နေတဲ့တရုတ်ကလပ်အသင်း

ဆာဗေ့ခ်ျ ။       ။ ဘောလုံးပွဲခန့်မှန်းသူတစ်ယောက်အဖြစ် ပြောင်းလဲရပ်တည်နေတဲ့ ဘလက်ဘန်းကစားသမားဟောင်း ဆာဗေ့ခ်ျရဲ့ ခန့်မှန်းချက်တွေမှာတော့ မန်ယူအသင်းက ပဲလေ့စ်ကို (၃-၀) နဲ့ အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းထားပြီး ချယ်လ်ဆီးအသင်းက စပါးအသင်းကို အဝေးကွင်းမှာ (၁-၂) ဂိုးနဲ့ နိုင်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဆာဗေ့ခ်ျက ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အကောင်းဆုံး ပုံစံကို ဆက်လက်ပြသသွားဦးမှာဖြစ်ပြီး စပါးအသင်းရဲ့ သွင်းဂိုး တစ်ဂိုးလောက်ကိုတော့ ခွင့်ပြုလိုက်ရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Linn

Source : TheSun , Dailymail , Mirror , Goal

SHARE