၂၅-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

အိုဇေးလ် ။       ။ မန်ယူအသင်းကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးလ် က မန်ယူအသင်းအနေနဲ့ အာဆင်နယ်အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူ အိုဇေးလ်ကို ခေါ်ယူပြီး တိုက်စစ်ပိုင်းအားနည်းနေမှုကို ဖြေရှင်းသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ လက်အောက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အိုဇေးလ်ကို အငှားစာချုပ်နဲ့ ခေါ်ယူသင့်တယ်လို့ စခိုးလ်က တိုက်တွန်းလိုက်ပြီး မန်ယူအတွက် အသုံးဝင်မယ့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ကော်တင်ဟို ။   ။ လီဗာပူးလ်အသင်းကွင်းလယ်ကစားသမားဟောင်း ဟာမန်း က ကော်တင်ဟို ဟာ ဘိုင်ယန်မြူးနစ်မှာ သူစိမ်းတစ်ယောက်လိုဖြစ်နေကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ကော်တင်ဟို အနေနဲ့ တစ်ရာသီအငှားချထားခြင်းခံရတာကြောင့် ဘိုင်ယန်အတွက် နောက်ထပ် ပွဲ(၃၀)ကျော် ကစားပေးဖို့ ရှိသေးပေမယ့်လည်း လက်ရှိအခြေအနေနဲ့ ကစားနေပုံအရတော့ အခြားအသင်းဖော်တွေကြားမှာ သူစိမ်းတစ်ယောက်လိုဖြစ်နေတယ်လို့ ဟာမန်းကမှတ်ချက်ပေးလိုက်ပါတယ်။

 

ဟယ်ရီကိန်း ။   ။ Mirror သတင်းစာရဲ့ အားကစားသုံးသပ်သူတစ်ယောက်ဖြစ်တဲ့ အန်ဒီ ဒန်း က မန်ယူအသင်းအနေနဲ့ ဟယ်ရီကိန်းကို ခေါ်ဖို့ စိတ်ဝင်စားနေတာကို ရပ်လိုက်သင့်ကြောင်းနဲ့ ဟယ်ရီကိန်းဟာ မန်ယူမှာကစားတာထက် စပါးအသင်းမှာ ကစားတာက ပိုပြီး ဆုဖလားရနိုင်ချေရှိကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ အန်ဒီ က မန်ယူအသင်းအနေနဲ့ ဒီဖက်နှစ်ပိုင်းတွေမှာ ဆုဖလားတစ်လုံးရဖို့ ရုန်းကန်နေရတာကို ထောက်ပြလိုက်ပြီး ဟယ်ရီကိန်းအနေနဲ့ ဆုဖလားလိုချင်တယ်ဆိုရင် မန်ယူကို မလာတာက ပိုပြီးသင့်တော်ကြောင်း ထောက်ပြလိုက်ပါတယ်။

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ ဖလာမင်ဂိုအသင်းရဲ့ဘရာဇီးတိုက်စစ်မှူး အဲဗာတန် ကို ကင်းထောက်စေလွှတ်ကာ စောင့်ကြည့်နေပြီး ဖလာမင်ဂိုနဲ့ ဂရီမီယိုအသင်းတို့ရဲ့ပွဲကို စောင့်ကြည့်ဖို့ စေခိုင်းခဲ့တယ်လို့ Marca က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးအသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ အဲဗာတန် ကို ဥရောပ ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပြီး ဘာစီလိုနာအသင်းကတော့ ကင်းထောက်စေလွှတ်ပြီးတောင် စောင့်ကြည့်ခိုင်းထားခဲ့တာပါ။

မူလာ ။ ။ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာမယ့် တိုက်စစ်မှူး သောမတ်မူလာ အတွက် မန်ယူနဲ့ အင်တာမီလန်တို့ အပြိုင်လုရဖွယ်ရှိနေတယ်လို့ Kicker က ဖော်ပြပါတယ်။ စီးရီးအေကလပ် အင်တာမီလန် ဟာ အသက် (၃၀)အရွယ် တိုက်စစ်မှူးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်းနဲ့ မန်ယူအသင်းကတော့ စောင့်ကြည့်နေဆဲ အခြေအနေသာ ရှိသေးကြောင့် Kicker က ရေးသားသွားခဲ့ပါတယ်။

READ
၂၃-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : Goal , Mirrro , TheSun

SHARE