၂၅-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Youtube

နေမာ ။ ။ PSG အသင်းတိုက်စစ်မှူး နေမာ ကို ခေါ်ယူဖို့ ဘာစီလိုနာ တာဝန်ရှိသူတွေ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း Marca က ဖော်ပြနေပါပြီ။ PSG မှာ တစ်နှစ်လုပ်ခလစာ ပေါင်(၃၂)သန်း ရရှိနေတဲ့ နေမာဟာ ဘာစီလိုနာမှာ အဲဒီထက်လျော့နည်းတဲ့လစာကို ရရှိမှာဖြစ်ပြီး လစာလျော့ယူဖို့အတွက် သဘောတူခဲ့တာပါ။ ဘာစီလိုနာဟာ နေမာအတွက် ဒမ်ဘီလီနဲ့ငွေသားအလိုက်ပေးကာ လဲလှယ်သွားဖို့ရှိနေပြီး ဒီအပြောင်းအရွှေ့မှာ ဘာစီလိုနာဆီကို ပြန်လည်ရောက်ရှိသွားဖို့ရှိနေပါတယ်။

အာဆင်နယ် ။   ။ ကစားသမားသစ်ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့စားရိတ်မရှိပဲ ဖြစ်နေတဲ့ အာဆင်နယ်အသင်းဟာ အသင်းကစားသမားတွေကို အရင်ဆုံးရောင်းချဖို့ ပြင်ဆင်နေပြီး အသင်းကွင်းလယ်လူတွေဖြစ်ကြတဲ့ အိုဇေးလ်နဲ့ မီခီတာရန် တို့ကို ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားတွေအဖြစ် ဘုန်းမောက်ရဲ့ ရွိုင်ယန်ဖရေဇာ ၊ ဘယ်လ်ဂျီယံတောင်ပံကစားသမား ကာရက်စ်ကို ၊ ဆဲလ်တစ်နောက်ခံလူ တီယာနေး နဲ့ ပဲလေ့စ်ရဲ့ ဇာဟာ တို့ရှိနေကြပေမယ့်လည်း လက်တွေ့မှာတော့ တစ်ဦးတစ်ယောက်ကိုမှ ခေါ်ယူနိုင်ခြင်းမရှိသေးပါဘူး။

(AP Photo/Darko Bandic)

ဝက်စ်ဘရွန်း ။   ။ ၀က်စ်ဘရွန်းအသင်းဟာ သူတို့ရဲ့အဓိက တိုက်စစ်မှူး ရွန်ဒွန် ကို ရောင်းချတော့မှာဖြစ်ကြောင်း တရားဝင်အသိပေးလိုက်ပါပြီ။ ပြီးခဲ့တဲ့ ရာသီတုန်းက နယူးကာဆယ်အသင်းဆီ အငှားချခဲ့ပြီး (၁၁) ဂိုးအထိ သွင်းယူခဲ့တဲ့ တိုက်စစ်မှူးကို နယူးကာဆယ်အသင်းက ခေါ်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း နည်းပြအပြောင်းအလဲကြားမှာ ခေါ်ယူမှု ပျက်ပြယ်သွားခဲ့တာပါ။ ရွန်ဒွန်အတွက် ၀က်စ်ဘရွန်းအသင်းက ပေါင်(၁၅)သန်းလောက် အလိုရှိနေပြီး ၀က်စ်ဟမ်းအသင်းရဲ့ ပေါင်(၁၀)သန်းနဲ့ ကမ်းလှမ်းမှုကိုတော့ ပယ်ချထားခဲ့ပါတယ်။

READ
ချယ်ဆီးအသင်းနဲ့သဘောတူညီမှုရသွားတဲ့ ဘိုနူချီ

ဘလန့် ။         ။ PSG အသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဟောင်း လောရင့်ဘလန့်ဟာ နယူးကာဆယ်အသင်းရဲ့နည်းပြအဖြစ် ရေပန်းစားမှုမှာ မော်ရင်ဟို ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့တဲ့ ဘလန့် ဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတာဖြစ်ပြီး ကိုယ်တိုင်လည်း နယူးကာဆယ်နည်းပြရာထူးအတွက် စိတ်ဝင်စားကြောင်း ၀န်ခံထားပါတယ်။

 

အေဂျက်ဇ် ။     ။ နယ်သာလန်ကလပ် အေဂျက်ဇ်အသင်းဟာ နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ကွင်စီ ပရုန်းစ် ကို ပေါင်(၁၈)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် (၂၇)နှစ်အရွယ် တိုက်စစ်မှူးဟာ ညာတောင်ပံကစားသမားအဖြစ်လည်း ကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆီးဗီးလားအသင်းအတွက် (၃၃)ပွဲကစား (၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

READ
ဝက်စ်ဟမ်းကိုရှုံးပြီးနောက် စပိန်မှာ ကောင်မလေးနဲ့ အပန်းဖြေနေတဲ့ ဒယ်လီအလီ
Ajax FC

ဟီဂူအင် ။       ။ ဂျူဗင်တပ်စ်အသင်းဟာ ချယ်လ်ဆီးအသင်းကနေ ပြန်လည်ရောက်ရှိလာတဲ့ တိုက်စစ်မှူး ဟီဂူအင် ကို ရောင်းချချင်ပေမယ့်လည်း သူ့အတွက် ကမ်းလှမ်းထားတဲ့အသင်းမရှိဘူးလို့ Goal က ဖော်ပြပါတယ်။ စီးရီးအေရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ခဲ့ဖူးတဲ့ ဟီဂူအင် ဟာ တိုက်စစ်အတွက် ရော်နယ်ဒို ရှိနေတဲ့အနေအထားမှာ အရန်ခုံမှာသာ ထိုင်နေရဖွယ်ရှိနေပြီး သူကိုယ်တိုင်လည်း အသင်းကနေ ထွက်ခွာချင်နေခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဟီဂူအင်ရဲ့အေးဂျင့်က တရုတ်စူပါလိဂ်အသင်းတွေနဲ့ ဆက်သွယ်နေခဲ့ပြီး မေဂျာလိဂ်ကလပ်အသင်းအချို့နဲ့လည်း ဆက်သွယ်နေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

Linn

Source : TheSun , Dailymail , Mirror

SHARE