၂၅-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အယ်လီ ။        ။အင်္ဂလန်အသင်း ကွင်းလယ်ကစားသမား အယ်လီ က အင်္ဂလန်လက်ရွေးစင်အသင်း ကမ္ဘာ့နံပတ်(၁)နေရာကို မရောက်မချင်း ကစားသမားဘ၀ကနေ အနားယူမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီးတဲ့နောက် ချက် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ခဲ့တဲ့ အယ်လီ က အင်္ဂလန်ကို ကမ္ဘာ့နံပတ်(၁)နေရာမှာ မြင်တွေ့ရဖို့ဆိုတာ သူ့ရဲ့အိပ်မက်ပဲဖြစ်တယ်လို့ ဖွင့်ဟလိုက်တာပါ။ အယ်လီရဲ့ အင်္ဂလန်အသင်းဟာ ဒီညပွဲစဉ်မှာ မွန်တီနီဂရိုးနဲ့ ယူရို(၂၀၂၀) ခြေစစ်ပွဲအဖြစ် ကစားရမှာဖြစ်ပြီး အင်္ဂလန်အသင်းရလဒ်ကောင်းတွေ ရယူနိုင်လိမ့်ဦးမယ်လို့ အယ်လီက မျှော်လင့်နေပါတယ်။

မက်အလစ္စတာ ။         ။ လီဗာပူးလ်၊ လိဒ်နဲ့ လက်စတာအသင်းတို့မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမားကြီး မက်အလစ္စတာ ဟာ တနင်္ဂနွေနံနက်ပိုင်းက လိဒ်မြို့ထဲမှာ တိုက်ခိုက်ခံခဲ့ရပြီး ဆေးရုံရောက်နေတယ်လို့ သိရပါတယ်။ အင်္ဂလန်ရဲ့ MBE ဘွဲ့ရ ကစားသမားကြီးဟာ ဇနီးဖြစ်သူနဲ့ စားသောက်ဆိုင်တစ်ဆိုင်က ထွက်လာပြီးနောက် တက္ကစီငှားဖို့ စောင့်ဆိုင်းနေချိန်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မျက်နှာမှာ ဒဏ်ရာတွေရခဲ့လို့ (၁၀)ချက်လောက် ချုပ်လိုက်ရတယ်လို့ Mirror က ဖော်ပြသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက တိုက်ခိုက်သူတွေကို ရှာဖွေနေပြီး ဘောလုံးလူဆိုးတွေရဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ ကောက်ချက်ချနေကြပါတယ်။

PA

ကီတာ ။         ။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ပေါင်သန်း(၅၀)နဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ကီတာ ကို ပြန်လည်ရောင်းချဖို့ ပြင်ဆင်နေပြီလို့ Mirror သတင်းစာက ဖော်ပြပါတယ်။ အသက် (၂၄)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ၀စ်နယ်ဒန်၊ ဟန်ဒါဆင် တို့ကို ကျော်ပြီး နေရာရအောင် မကစားနိုင်တာကြောင့် လီဗာပူးလ်က ရောင်းထုတ်ဖို့ စဉ်းစားနေတာဖြစ်ပြီး ပေါင်(၁၀)သန်းလောက် အရှုံးခံ ရောင်းချသွားဖို့ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ လက်ရှိမှာတော့ ကီတာ ကို စိတ်ဝင်စားနေတဲ့ အသင်းတွေအဖြစ် ဘိုင်ယန်နဲ့ ဒေါ့တ်မွန်အသင်းတို့ ရှိနေကြပြီး ကီတာ အတွက် ကိုယ်စားလှယ်စေလွှတ်ပြီး ဆွေးနွေးမှုတွေတောင် ပြုလုပ်နေကြတယ်လို့ သိရပါ တယ်။

READ
မက်ဆီကိုခေါ်ယူဖို့နီးစပ်နေကြောင်း သတင်းထွက်လာတဲ့ချယ်လ်ဆီး
PA

မာနေး ။                   ။ ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက လီဗာပူးလ်တိုက်စစ်မှူး မာနေး ဟာ သူလိုချင်တဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း Goal က ဖော်ပြပါတယ်။ စပိန်ရေဒီယိုတစ်ခုနဲ့ အင်တာဗျူး အစီအစဉ်မှာ ဇီဒန်း က မာနေးရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ကို ဖြေကြားသွားခဲ့ပြီး မာနေးဟာ သူအလိုရှိတဲ့ ကစားသမားမျိုး ဖြစ်ကြောင်းနဲ့ ရီးယဲလ်ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ကြောင်း ၀န်ခံသွားခဲ့တာပါ။ ဒါပေမယ့် လီဗာပူးလ်အသင်းက သူတို့ရဲ့ ကစားသမားကို ဆက်လက်ထိန်းသိမ်းထားချင်တဲ့ အရိပ်အယောင်တွေရှိနေပြီး ဘာဖြစ်မယ်ဆိုတာ မသိသေးဘူးလို့ ဇီဒန်းက ဆိုပါတယ်။

Mirror

ဝက်စ်ဟမ်း ။     ။ ၀က်စ်ဟမ်းအသင်းဟာ ဒီရာသီကုန်ရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် တိုက်စစ်မှူး ကာရိုးလ် ၊ လူးကပ်စ်ပီရက်ဇ် တို့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးနှစ်ယောက်ကို လျာထားနေပါတယ်။ ဖူလ်ဟမ်အသင်း တိုက်စစ်မှူး မီထရိုဗစ်နဲ့ ဆယ်လ်တာဗီဂိုရဲ့ မက်ဆီဂိုမက်ဇ် တို့ဟာ ၀က်စ်ဟမ်းရဲ့ ပစ်မှတ်ကစားသမားတွေ ဖြစ်နေကြတယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး လာမယ့်အပြောင်းအရွှေ့မှာ ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ ရေးသားနေကြပါတယ်။

READ
(၂၃-၂-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အဆန်စီယို ။    ။ ရီးယဲလ်အသင်းကွင်းလယ်မှာ ပွဲထွက်ခွင့်မရပဲ ဖြစ်နေတဲ့အဆန်ဆီယို အတွက် လာမယ့်ရက်ပိုင်းအတွင်း အဆုံးအဖြတ်ပေးသွားမယ်လို့ နည်းပြ ဇီဒန်းက ဆိုလိုက်ပါတယ်။ ရီးယဲလ်ကို ပထမအကြိမ် ဇီဒန်းတစ်ယောက် နည်းပြခဲ့စဉ်က အဆန်ဆီယို ဟာ ကစားခွင့်ရခဲ့ပေမယ့် လိုပီတီဂီနဲ့ ဆိုလာရီတို့ လက်ထက်တွေမှာတော့ ကစားခွင့်ပျောက်ဆုံးသွားခဲ့ပြီး အရန်ခုံမှာသာ ထိုင်နေခဲ့ရတာပါ။ ဇီဒန်းက အဆန်ဆီယို ကို ခေါ်ယူချင်တဲ့အသင်းတွေ ရှိနေကြပေမယ့် ကစားသမားနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချဖို့ ခက်ခဲနေကြောင်း ၀န်ခံသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE