၂၆-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦီးဖျားဖျား အားကစားသတင်းများ

ကာဗာနီ ။        ။ ရော်နယ်ဒိုကို ဆုံးရှုံးလိုက်ရတဲ့ ရီးယဲလ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ကာဗာနီကိုခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ AS သတင်းစာက ဖော်ပြပါတယ်။ ရီးယဲလ်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ဟာဇက်ကိုခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ဟာဇက်ရဲ့တန်ဖိုးက မြင့်မားလွန်းတာကြောင့် အသက် (၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး ကာဗာနီကိုခေါ်ယူဖို့ စဉ်းစားလာခဲ့တာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ အသက် (၃၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ဂိုးသမားဟောင်း ရောဘတ်ဂရင်းကို တစ်နှစ်စာချုပ်နဲ့ တရားဝင် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ရောဘတ်ဂရင်းဟာ ချယ်လ်ဆီးအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ကော့တွိုက်စ်၊ ကာဘယ်လာရိုတို့ရဲ့နောက် တတိယ ဦးစားပေးကစားသမားအဖြစ်ကစားရမှာဖြစ်ပါတယ်။

Twitter

ဒစ်ဂ်နီ ။          ။ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ ဘာစီလိုနာနောက်ခံလူ ဒစ်ဂ်နီကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အဲဗာတန်အသင်းရဲ့ တာဝန်ရှိသူတွေက စပိန်ကို ရောက်ရှိနေကြပြီး ဘာစီလိုနာအသင်းက သူတို့ရဲ့နောက်ခံလူအတွက် ယူရို (၁၆)သန်း အလိုရှိနေပါတယ်။

READ
၁၆-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရှာကွီရီ ။         ။ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားသစ် ရှာကွီရီက အသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဖလားရရှိနိုင်တဲ့ လူအင်အားကို ပိုင်ဆိုင်ထားတယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ ရှာကွီရီက လီဗာပူးလ်နည်းပြ ဂျာဂန်ကလော့ပ်ကိုလည်း ချီးကျူးသွားခဲ့ပြီး ကလော့ပ်ရှိနေတဲ့ အတွက်ကြောင့် လီဗာပူးလ်ကို ပြောင်းလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

PA

အီဝိုဘီ ။         ။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမား အီဝိုဘီကို (၅) နှစ် သက်တမ်းရှိတဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ လာဇီယိုအသင်းကခေါ်ယူဖို့ ကြိုးစားနေတဲ့ အီဝိုဘီဟာ စာချုပ်သစ်အရ တစ်ပတ်ကို ပေါင် (၇၀,၀၀၀) ရရှိမှာဖြစ်ပြီး (၂၀၂၃) ခုနှစ်အထိ အာဆင်နယ်မှာ ရှိနေတော့မှာဖြစ်ပါတယ်။

ဂနက်နွန် ။       ။ ပြင်သစ်ကလပ် ရင်းနက်စ်အသင်းရဲ့ လူငယ်နောက်ခံလူ ဂနက်နွန်ဟာ ဆီးဗီးလားအသင်းကို ယူရို (၁၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ပြင်သစ် ယူ-၂၁ အသင်းရဲ့ နောက်ခံကစားသမားဟာ ရင်းနက်စ်အသင်းအတွက် (၃)ရာသီအတွင်းမှာ (၇၉)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး (၂) ဂိုး သွင်းယူပေးခဲ့ပါတယ်။

READ
မက်ဆီကိုခေါ်ယူဖို့နီးစပ်နေကြောင်း သတင်းထွက်လာတဲ့ချယ်လ်ဆီး
Twitter

ဂယ်လ်ဆွန်မာတင် ။     ။ အက်သလက်တီကိုအသင်းဟာ ပေါ်တူဂီကလပ် စပို့တင်းအသင်းရဲ့ တိုက်စစ်မှူး ဂယ်လ်ဆွန်မာတင် ကို (၅)နှစ်စာချုပ်နဲ့ခေါ်ယူလိုက်ပါတယ်။ အက်သလက်အသင်းဟာ အသင်းက ထွက်ခွာသွားတဲ့ တိုက်စစ်မှူးတောရက်စ်ရဲ့နေရာမှာ အစားထိုးဖို့ ဂယ်လ်ဆွန်ကို ခေါ်ယူလိုက်တာဖြစ်ပြီး အသက် (၂၃)နှစ်အရွယ် တိုက်စစ်မှူးအတွက် ယူရို (၁၅)သန်း သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။

Linn

Source : TheSun , AS , Dailymail

 

SHARE