၂၆-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Youtube

PSG ။  ။ PSG အသင်းဟာ အဲဗာတန်အသင်း ကွင်းလယ်ကစားသမား ဂွီယီ ကို ပေါင်(၂၈)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂွီယီ ကို (၅)နှစ်စာချုပ် နဲ့ ခေါ်ယူလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေကတည်းက ခေါ်ယူဖို့ကြိုးစားမှုဟာ ဒီနေ့မှာတော့ အကောင်အထည် ပေါ်သွားခဲ့ပါပြီ။

ဘိုင်လီ ။         ။ စပါးနဲ့ကစားခဲ့တဲ့ ICC ပွဲစဉ်ပြီးတဲ့နောက် အင်္ဂလန်မြေကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ မန်ယူအသင်းရဲ့ဓာတ်ပုံတွေကို ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြပြီး ဒဏ်ရာရကစားသမား ဘိုင်လီ ကိုတော့ လေဆိပ်ထဲကနေ ၀ှီးချဲနဲ့ထွက်လာတာကိုတွေ့ခဲ့ကြရပါတယ်။ စပါးနဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တဲ့ ဘိုင်လီ ဟာ ဒဏ်ရာမပြင်းထန်ဘူးလို့ နည်းပြဆိုးလ်ရှားက ပြောဆိုထားပေမယ့် အနည်းဆုံး(၁)လလောက်တော့ နားရလိမ့်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Mirror “Twitter”

ပီပီ ။    ။ လိုင်လီကွင်းလယ်ကစားသမား ပီပီ ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့အသင်းတွေထဲမှာ နာပိုလီအသင်းက ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ Mirror က ဖော်ပြပါတယ်။ နာပိုလီအသင်းတာဝန်ရှိသူတွေဟာ ပီပီရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ဆွေးနွေးမှုတွေ အဆင်ပြေခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး နာပိုလီဟာ ဂျိမ်းစ်ရိုဒရီဂွက်ဇ် ထက် ပီပီကိုသာခေါ်ဖို့ ရည်မှန်းထားတဲ့အကြောင်းလည်းရေးသားနေကြပါတယ်။

READ
Rio 2016 မှာ ခြေထောက်ထက်ပိုင်းကျိုးသွားတဲ့ ပြင်သစ်အားကစားသမား

လီရွိုင်းဖာ ။      ။ ဆွမ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား လီရွိုင်းဖာ ဟာ ဖီယင်နုအသင်းဆီကို ဖော်ပြမထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ဆွမ်ဆီးအတွက် (၇၉)ပွဲ ကစားခဲ့ပြီး (၈) ဂိုးသွင်းယူပေးခဲ့တဲ့ (၂၉)နှစ်အရွယ် ကွင်းလယ်လူဟာ ဖီယင်နုလူငယ်အစီအစဉ်ကနေ ပေါ်ထွက်လာခဲ့သူလည်း ဖြစ်ပါတယ်။

 

ဗီလာ ။ ။ ဗီလာအသင်းဟာ မန်စီးတီးအသင်းရဲ့ လူငယ်ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ္စ ကို ပေါင်(၁၅)သန်းနဲ့ ခေါ်ယူလိုက်ပြန်ပါပြီ။ အသက် (၂၁)နှစ်အရွယ် ကွင်းလယ်ဗဟို ကစားသမားဟာ ဘရာဇီးယူ(၂၃)အသင်းအတွက် ကစားပေးနေသူဖြစ်ပြီး စပိန်ကလပ် ဂျီရိုနာ အသင်းဆီ (၂)ရာသီအငှားနဲ့ သွားရောက်ကစားပေးထားသူပါ။

 

ဝီလီယံ ။         ။ ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ၀ီလီယံကို စာချုပ်သက်တမ်း (၁)နှစ်တိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီဆိုတဲ့အကြောင်း Mirror က ဖော်ပြသွားပါတယ်။ အသက် (၃၀)အရွယ် ကွင်းလယ်ကစားသမားကို ဘာစီလိုနာ၊ PSG နဲ့ မန်ယူအသင်းတို့က စိတ်ဝင်စားခဲ့ကြပေမယ့်လည်း နည်းပြအပြောင်းအလဲတွေ ဖြစ်လာပြီးတဲ့နောက်မှာ ချယ်လ်ဆီးအသင်းမှာ ဆက်ရှိနေဖို့ ၀ီလီယံက ဆုံးဖြတ်ခဲ့တာပါ။

READ
(၃၁-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : Goal , Mirror , TheSun

SHARE