၂၇-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က ဘာစီလိုနာသာ တိုက်စစ်မှူးနေမာနဲ့ ဂရစ်ဇ်မန်းတို့ နှစ်ဦးစလုံးကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်း ဖြစ်သွားဖို့တောင်ရှိကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ဘာစီလိုနာ ဟာ နေမာ ကိုခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဂရစ်ဇ်မန်းကိုလည်း ထပ်မံခေါ်ယူသွားဖို့ပြင်ဆင်နေတာပါ။ ဘာစီလိုနာအသင်းနည်းပြဟောင်း ဂွာဒီယိုလာက မက်ဆီရော၊ဂရစ်ဇ်မန်းပါ အကောင်းဆုံးကစားသမားတွေဖြစ်ကြပြီး ဘာစီလိုနာမှာ ကစားဖို့ ထိုက်တန်သူတွေလို့ မှတ်ချက်ချသွားခဲ့ပါတယ်။

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ဒီအပြောင်းအရွှေ့ကာလရဲ့ ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် နယ်သာလန်လူငယ်နောက်ခံလူ ဘန်ဒန်ဘတ်ခ်ျ ကို ပေါင်(၁.၃)သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် (၁၇)နှစ်အရွယ် ကစားသမားလေးဟာ လီဗာပူးလ်အသင်းရဲ့ အနာဂတ်စီမံကိန်းတွေမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရှိနေလိမ့်မယ်လို့ လီဗာပူးလ်က သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားသွားခဲ့ပါတယ်။

READ
၉-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
Twitter

စကာတယ် ။    ။ ရိန်းဂျာအသင်းနည်းပြ ဂျရတ်ဟာ လီဗာပူးလ်မှာ အတူတွဲကစားခဲ့ဖူးတဲ့အသင်းဖော်ဟောင်း စကာတယ် ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ အသက် (၃၄)နှစ်ရှိပြီဖြစ်တဲ့ နောက်ခံလူ စကာတယ် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက တူရကီကလပ် ဖီနာဘာချီအသင်းမှာ ကစားနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

စပါး ။   ။ စပါးအသင်းဟာ လိဒ်ယူနိုက်တက်ရဲ့တောင်ပံကစားသမားလေး ဂျက် ကလပ်ခ် ကို ပေါင်(၁၁.၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီး ဆေးစစ်မှုလည်းအောင်မြင်သွားခဲ့ပြီလို့ Sky Sports့  ဖော်ပြပါတယ်။ အသက် (၁၈)နှစ်အရွယ် ကစားသမားလေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိဒ်အသင်းအတွက် (၂၅)ပွဲ ကစားပေးခဲ့ပြီး (၂) ဂိုးသွင်း၊ (၂)ဂိုးဖန်တီးပေးခဲ့သူပါ။

READ
Chelsea Vs Manchester United ပွဲကြိုသုံးသပ်ချက် (ဖုန်းကဒ်တစ်ကဒ်မဲဖောက်ပေးမည်)
Twitter

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ ဗလင်စီယာအသင်းရဲ့ဂိုးသမား နီတို ကို ပေါင်(၃၁)သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ သူတို့ရဲ့ဂိုးသမား ဆီလက်ဆန် ကို ဗလင်စီယာအသင်းဆီ ဖော်ပြမထားတဲ့ပြောင်းရွှေ့ကြေးနဲ့ရောင်းချခဲ့ပြီးနောက် နီတို ကို ပြန်လည်ခေါ်ယူခဲ့တာပါ။ ဗလင်စီယာအသင်းရဲ့ပွဲထွက်ဂိုးသမား နီတို ဟာ ဘာစီလိုနာမှာတော့ တာစတီဂန်ရဲ့နောက်မှာ ဒုတိယဂိုးသမားအဖြစ်နဲ့သာ ပွဲထွက်ရဖို့ရှိနေပါတယ်။

မန်ယူ ။ ။ မန်ယူအသင်းဟာ လက်စတာနောက်ခံလူ မက်ဂွိုင်းယားရဲ့အပြောင်းအရွှေ့အတွက် လက်လျော့လိုက်ပြီဖြစ်တယ်လို့ Mirror က ဖော်ပြပါတယ်။ မန်စီးတီးအသင်းက မန်ယူထက်ပိုပြီး ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းနေတဲ့အနေအထား၊ ကစားသမားကိုယ်တိုင်ကလည်း မန်ယူကို မရွေးချယ်ချင်တဲ့အနေအထားတွေကြောင့် မန်ယူအသင်း အခုလိုနောက်ဆုတ်သွားခဲ့တာဖြစ်တယ်လို့ Mirror သတင်းမှာ ဖော်ပြသွားခဲ့ပါတယ်။

(AP Photo/Luis Vieira)

Linn

Source : TheSun , Dailymail , Mirror

SHARE