၂၈-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ဝစ်နယ်ဒန် ။     ။ လာမယ့်ရာသီကုန်ရင် လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမယ့်လည်း ကွင်းလယ်လူ ၀စ်နယ်ဒန် ကတော့ စာချုပ်သက်တမ်းတိုးဖို့ အလောတကြီး ဆုံးဖြတ်မှာမဟုတ်သေးဘူးလို့ ပြောဆိုလိုက်ပါတယ်။ အသက် (၂၉)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လီဗာပူးလ်အသင်းနဲ့အတူ ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ အသင့်ဖြစ်နေပြီး လီဗာပူးလ်အနေနဲ့လည်း ၀စ်နယ်ဒန်ကို စာချုပ်သစ်အတွက် ကမ်းလှမ်းမှု ပြုလုပ်ထားတာမရှိသေးဘူးလို့ သိရပါတယ်။

 

ဆလီမာနီ ။      ။ လက်စတာအသင်းရဲ့ တိုက်စစ်မှူး ဆလီမာနီ ကို အငှားနဲ့ခေါ်ယူဖို့ မန်ယူနဲ့ စပါးအသင်းတို့က ဆက်သွယ်နေကြတယ်လို့Mirror က ဖော်ပြပါတယ်။ လက်ရှိအချိန်မှာ ဒီကစားသမားကို မိုနာကို အသင်းဆီ အငှားချထားပေမယ့် တိုက်စစ်မှူးသစ် လိုအပ်နေတဲ့ မန်ယူနဲ့စပါးတို့ကတော့ လက်စတာဆီကနေ အငှားနဲ့ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေကြတာပါ။

ဝက်စ်ဟမ်း ။     ။ ၀က်စ်ဟမ်းအသင်းဟာ ချက်ကလပ် ဆလားဗီးယားပရပ်ရဲ့ ကွင်းလယ်လူ သောမတ် ဆောဆက် ကို ပေါင်(၁၆.၈)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ Goal က ဖော်ပြပါတယ်။ အသက် (၂၄)နှစ်အရွယ် ချက် လက်ရွေးစင်ကစားသမားဟာ ဆေးစစ်မှု ခံယူဖို့အတွက် လန်ဒန်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဖိအားတွေအောက်ရောက်နေတဲ့ ၀က်စ်ဟမ်းနည်းပြ မိုယက်စ်အတွက် အားကိုးရမယ့် ကစားသမားလို့ သုံးသပ်မှုတွေ ရှိနေခဲ့ပါတယ်။

ဘာစီလိုနာ ။    ။ အပြောင်းအရွှေ့ရာသီမပိတ်မီ ရက်ပိုင်းအလိုမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ အသင်းဟာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း ကို ချိတ်ဆက်နေပေမယ့် ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ကိုတော့ ပေးချေဖို့ ဆန္ဒမရှိပဲ ဖြစ်နေတယ်လို့ Mirror က ဖော်ပြပါတယ်။ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း (၁၈)လသာ ကျန်တော့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရလာနိုင်ဖွယ်ရှိတဲ့အနေအထားကြောင့် ဘာစီလိုနာက အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေးအပြည့်မပေးချင်တာဖြစ်ပြီး အငှားနဲ့ခေါ်ယူသွားဖို့က ပထမဦးစားပေးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

READ
ရော်နယ်ဒိုကို ၄ နာရီကြာငှားရမ်းခဟာ ပေါင် ၉ သိန်း ၂သောင်းအထိပေါက်ဈေးရှိ

အင်တာ ။        ။အင်တာမီလန်အသင်းဟာ သူတို့ရဲ့ ကစားသမားသစ် ဖြစ်လာမယ့် ကွင်းလယ်လူ အဲရစ်ဆင် ကို လာမယ့် ကြာသပတေးနေ့မှာ ပရိသတ်နဲ့ မိတ်ဆက်ပေးသွားဖို့ စီစဉ်နေပါတယ်။ ပြောင်းရွှေ့ကြေး ပေါင်(၁၇)သန်းနဲ့ အင်တာမီလန်ဆီရောက်ရှိလာခဲ့တဲ့ အဲရစ်ဆင်ဟာ (၂၀၂၄)ခုနှစ်အထိ အသင်းနဲ့ စာချုပ်  ချုပ်ဆိုထားပြီး တစ်နှစ်လုပ်ခလစာ ယူရို (၈)သန်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Linn

Source : Goal , Mirror

SHARE