၂၈-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / FoxSports

အမ်မရီ ။         ။ အာဆင်နယ်အသင်းဘုတ်အဖွဲ့ဟာ အမ်မရီ ကို ဒီတစ်ပတ် ပွဲစဉ်တွေပြီးရင် ထုတ်ပယ်မယ်လို့ သတင်းတွေ ထွက်နေပါပြီ။ အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့က အမ်မရီရဲ့နေရာကို အစားထိုးဖို့အတွက် ဆွေးနွေးခဲ့ပြီဖြစ်ပြီး ဂျုဗင်တပ်စ်နည်းပြဟောင်း အယ်လီဂရီ က အာဆင်နယ်နည်းပြ ရာထူးအတွက် အနီးစပ်ဆုံးဖြစ်နေတယ်လို့ တယ်လီဂရပ်ဖ် က ဖော်ပြပါတယ်။

ဟယ်ရီကိန်း ။   ။ စပါးအသင်းခေါင်းဆောင် ဟယ်ရီကိန်းက သူ့အနေနဲ့ အသင်းနည်းပြ မော်ရင်ဟို နဲ့ အကောင်းဆုံး ဆက်ဆံရေးမျိုးရှိဖို့ မျှော်လင့်နေကြောင်းနဲ့ အသင်းနဲ့ပတ်သက်ပြီး မော်ရင်ဟို ကိုလည်း အကြံဥာဏ်ကောင်းတွေ ပေးချင်ကြောင်း ပြောဆိုလိုက်ပါတယ်။ ကိန်း က သူနဲ့ မော်ရင်ဟို ဟာ ပြိုင်ပွဲတိုင်းကို အနိုင်ရချင်သူတွေဖြစ်ကြပြီး ရည်မှန်းချက်လည်းတူကြတာကြောင့် ကောင်းမွန်တဲ့ဆက်ဆံရေးဆိုတာလည်း ရှိနေမှာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

 

ကလင်းစမန်း ။  ။ ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင် အသင်းဟာ ဂျာမနီလက်ရွေးစင်ဘောလုံးသမားနဲ့နည်းပြဟောင်း ကလင်းစမန်းကို အသင်းမန်နေဂျာသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်း၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အမေရိကန်လက်ရွေးစင်အသင်းတို့ကို နည်းပြအဖြစ် ပြုလုပ်ခဲ့ဖူးတဲ့ ကလင်းစမန်းအနေနဲ့ (၂၀၁၆)ကတည်းက ဝေးကွာနေခဲ့တဲ့ နည်းပြ လောကထဲကို တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အေစီ ။ ။ စီးရီးအေကလပ် အေစီမီလန်အသင်းဟာ အေဗရာဟီမိုဗစ် ကို တိုက်စစ်အတွက် ခေါ်ယူဖို့ လက်လွှတ်လိုက်ရပြီးတဲ့နောက် မန်ဇူကစ်၊ မာရီယာနို ဒီယာ့ဇ် ၊ ဂျီရော့ဒ်၊ လူကာဂျိုဗစ် တို့ကို ခေါ်ယူချင်နေတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်တယ်လို့ Tuttosport က ဖော်ပြပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာတော့မယ့် ဂျီရော့ဒ်ဟာ (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုဖို့ အေစီအသင်းဆီကို ကမ်းလှမ်းထားခဲ့ပြီး အသင်းတာဝန်ရှိသူတွေကတော့ တစ်နှစ်ခွဲစာချုပ်နဲ့သာ ခေါ်ယူချင်နေတာကြောင့် အပြောင်းအရွှေ့က နှောင့်နှေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဗာတွန်ဂန် ။     ။ စပါးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တဲ့ နောက်ခံလူ ဗာတွန်ဂန် ကတော့ နည်းပြ မော်ရင်ဟို ရောက်ရှိလာတာကြောင့် စပါးအတွက် ဆက်ကစားပေးဖို့ ဆန္ဒရှိနေကြောင်း Sky Sports က ဖော်ပြပါတယ်။ ဘယ်လ်ဂျီယံနောက်ခံ ကစားသမားဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဒီရာသီကုန်ရင် ထွက်ခွာရမှာ ဖြစ်ပေမယ့် နည်းပြ မော်ရင်ဟို ရောက်လာတာကြောင့် အသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

READ
၃-၈-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE