၂၈-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Source : Twitter 'talksport'

အူဘာမီယန်း ။  ။ မန်ယူအသင်းဟာ အသင်းရဲ့တိုက်စစ်မှူး လူကာကူ ကို အင်တာမီလန်အသင်းဆီ ရောင်းချခဲ့မယ်ဆိုရင် သူ့နေရာမှာအစားထိုးဖို့အတွက် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာခဲ့ပါတယ်။ အူဘာမီယန်းဟာ ဒီအပြောင်းအရွှေ့မှာ အာဆင်နယ်ရဲ့ အလှုပ်ခတ်ဆုံးကစားသမားဖြစ်နေပြီး တရုတ်စူပါလိဂ်ကိုပြောင်းမယ်လို့ အသံတွေ ထွက်နေခဲ့သလို မန်ယူအသင်းဆီပြောင်းဖို့လည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဘေးလ် ။        ။ ရီးယဲလ်အသင်းကစားသမား ဂါရက်ဘေးလ်ကတော့ အသင်းကနေ ရီးယဲလ်အသင်းကနေ ထွက်ခွာဖို့ ငြင်းဆန်သွားခဲ့ပြီး တစ်ပတ်လုပ်ခလစာ ပေါင်(၆၅၀၀၀၀) ကို ဆက်လက်ရယူနေဦးမယ့်ပုံပဲလို့ Marca က ဖော်ပြပါတယ်။ ရီးယဲလ်အသင်းမှာ ဘေးလ်ရဲ့အနာဂတ်မရှိတော့ဘူးလို့ ဇီဒန်းက ပြောခဲ့ပေမယ့်လည်း ဘေးလ်ကတော့ လက်ကျန်စာချုပ်သက်တမ်း (၃)နှစ်အတွက် စုစုပေါင်းလစာငွေ ပေါင်သန်း(၁၀၀)နီးပါး ရနေဦးမှာပါ။ ရီးယဲလ်အသင်းအနေနဲ့ စာချုပ်ဖျက်သိမ်းဖို့ ကမ်းလှမ်းသွားမယ်ဆိုရင်တောင် ဘေးလ်အနေနဲ့ ငြင်းဆန်သွားဖို့ရှိနေတယ်လို့ Marca က ဖော်ပြနေပြီး သူ့ရဲ့မြင့်မားတဲ့လစာကြောင့် အငှားခေါ်ချင်တဲ့အသင်းတွေတောင် မရှိပဲဖြစ်နေတယ်လို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။

READ
ရော်နယ်ဒိုကို ၄ နာရီကြာငှားရမ်းခဟာ ပေါင် ၉ သိန်း ၂သောင်းအထိပေါက်ဈေးရှိ
Realmadrid fc

ရိုးမား ။ ။ တိုက်စစ်မှူး ဒီဇီကို ကို အင်တာမီလန်အသင်းဆီ လက်လွှတ်ရတော့မယ့် ရိုးမားအသင်းဟာ တိုက်စစ်ပိုင်းအတွက် ဟီဂူအင် ကို အငှားနဲ့ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ နည်းပြသစ် ဆာရီရဲ့လက်ထက်မှာ နေရာရဖို့ ရုန်းကန်ရဖွယ်ရှိနေတဲ့ ဟီဂူအင် ဟာ အသင်းကနေ ထွက်ခွာချင်နေကြောင်း ပြောဆိုထားခဲ့တာကြောင့် ရိုးမားအနေနဲ့ အငှားခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

(AP Photo/Darko Bandic)

ဆီးဗီးလား ။     ။ ဆီးဗီးလားအသင်းဟာ အေဂျက်ဇ်အသင်းနဲ့အတူ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ တောင်ပံကစားသမား ဇီယက်ခ်ျကိုခေါ်ဖို့ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ တယ်လီဂရပ်ဖ်က ဖော်ပြပါတယ်။ အသက် (၂၆)နှစ်အရွယ် မော်ရိုကို ကွင်းလယ်ကစားသမားဟာ လက်ရှိမှာ အာဖရိကနိုင်ငံများဖလားပွဲအတွက် ကစားပေးနေပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးက အနည်းဆုံး ယူရိုသန်း(၃၀)လို့ အေဂျက်ဇ်က သတ်မှတ်ထားပါတယ်။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းရဲ့ခံစစ်ကစားသမားတွေဖြစ်ကြတဲ့ မားကို့စ်အလွန်ဆိုနဲ့ ဇက်ပါကော်စတာ တို့ဟာ လာမယ့်ရာသီမှာ အသင်းကနေ ထွက်ခွာသွားဖို့ စီစဉ်နေကြတယ်လို့ The Star သတင်းစာက ဖော်ပြပါတယ်။ ဒီကစားသမားနှစ်ဦးဟာ နည်းပြအပြောင်းအလဲတွေကြားမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာချင်နေကြပြီး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ မော့ဆက် ကလည်း အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
ကွင်းလယ်ဗိုလ်ချုပ် အိုဇေးလ်ကို (၃)နှစ်ခွဲစာချုပ်နဲ့ သက်တမ်းတိုးနိုင်ခဲ့တဲ့ အာဆင်နယ်

ဘာဘယ်လ် ။   ။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဖူလ်ဟမ်အသင်းကို (၁)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဘာဘယ်လ်ဟာ အခုအချိန်မှာတော့ တူရကီကလပ် ဂါလာတာစာရေးအသင်းကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။ ဂါလာတာစာရေးအသင်းက ဘာဘယ်လ် ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသက် (၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ ကာဆင်ပါဆာ ၊ ဘက်ဆစ်တပ် စတဲ့ တူရကီကလပ်အသင်းတွေမှာ ကစားခဲ့ဖူးသူပါ။

(AP Photo/Martin Meissner)

Linn

Source : TheSun , Goal , Mirror

SHARE