၂၉-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

မန်ယူ ။ ။ မန်ယူအသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်ဟာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ဂျာမန်ကြယ်ပွင့်ကစားသမား ဟာဗက်ဇ် နဲ့ သောမတ်မူလာ တို့ကိုခေါ်ယူဖို့ မီးစိမ်းပြလိုက်ပြီဖြစ်ကြောင်း TheSun က ဖော်ပြပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားတဲ့ မူလာ နဲ့ ပြီးခဲ့တဲ့ ရာသီတုန်းက လေဗာကူဆင်အတွက် ဂိုး(၂၀)အထိ သွင်းယူထားခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဟာဗက်ဇ် တို့ဟာ မန်ယူအသင်းရဲ့အဓိက ပစ်မှတ်တွေဖြစ်လာခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဂျေလိဂ် ။        ။ ဒီတစ်ပတ်ကစားခဲ့တဲ့ မွန်တိုင်းဒိုးယာမာဂါ အသင်းနဲ့ အီဟီးမီးအသင်းတို့ရဲ့ဂျေလိဂ် ဒုတိယတန်း ပွဲစဉ်မှာ ကွင်းလယ်ကနေ သွင်းယူခဲ့တဲ့ သွင်းဂိုး(၂)ဂိုးကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ တစ်ပွဲတည်းမှာ ကွင်းလယ်စည်းကနေ သွင်းဂိုး(၂)ဂိုး သွင်းယူဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပဲဖြစ်ပြီး ယာမာဂါ အသင်းရဲ့ ကွင်းလယ်လူတွေဖြစ်ကြတဲ့ နာကာမူရာနဲ့ ဆာကာမိုတို တို့က သွင်းယူသွားခဲ့ကြတာပါ။

ရှန်ဟိုင်းရှန်ဟွာ ။         ။ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာ အသင်းဟာ လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့မှာ ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်ကို ခေါ်ယူသွားနိုင်ဖို့ ကြိုးစားနေကြောင်း Marca သတင်းစာက ဖော်ပြပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ကတော့ ဘေးလ်ကို ဇန်န၀ါရီအပြောင်းအရွှေ့မှာ ထုတ်မရောင်းဘူးဆိုရင် ရာသီကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ရှိနေတာကြောင့် ဘေးလ်အနေနဲ့ အသင်းကနေ ဇန်န၀ါရီလမှာပဲ ထွက်သွားရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
ပထမပိုင်းအပြီးမှာဒီမာရီယာနဲ့အင်္ကျီချင်းလဲခဲ့တဲ့ဟာဇက်ကို ချယ်လ်ဆီးပရိတ်သတ်များဒေါသထွက်

 

ဘူဖွန် ။ ။ ဂျူဗင်တပ်စ်အသင်းရဲ့ အသက် (၄၃)နှစ်အရွယ် ဂိုးသမားကြီး ဘူဖွန်ဟာ နောက်ထပ် တစ်ရာသီ ဘောလုံးဆက်ကစားဖို့ရှိနေပြီး သူ့ရဲ့ကစားသမားဘ၀ကို ဆက်လက် သက်တမ်းတိုးဖို့ ပြင်နေတယ်လို့ Mirror က ဖော်ပြပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဘူဖွန်ကို တစ်နှစ်သက်တမ်းတိုးဖို့ စဉ်းစားနေပြီဖြစ်ပြီး ဘူဖွန်အနေနဲ့ကတော့ အနားယူမယ့်အရိပ်အယောင် မတွေ့သေးပါဘူး။ လက်ရှိအချိန်မှာတော့ ဘူဖွန်ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ပွဲထွက်ဂိုးသမားအဖြစ် ဆက်ဇီနီ ကို နေရာပေးထားခဲ့ရပြီး သူက ဒုတိယဂိုးသမားအဖြစ်သာ ရှိနေခဲ့ရတာပါ။

ရာကီတစ် ။      ။အေစီမီလန်အသင်းဟာ ဘာစီလိုနာမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ ရာကီတစ် ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း La Gazetta dello Sport က ဖော်ပြပါတယ်။ ဘာစီလိုနာရဲ့ကွင်းလယ်မှာ ဒီဂျောင်ရောက်လာပြီးတဲ့နောက် ပွဲထွက်ခွင့်ပျောက်ဆုံးသွားခဲ့တဲ့ ရာကီတစ်ဟာ အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပြီး အေစီမီလန်က ခေါ်ယူဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။

READ
(၄-၄-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မာဆယ်လို ။    ။ ပြီးခဲ့တဲ့ ရာသီကတည်းက ရီးယဲလ်မှာ ပုံမှန်ခြေစွမ်းမရှိတော့တဲ့ မာဆယ်လို တစ်ယောက် ဂျူဗင်တပ်စ်အသင်းဆီရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ရီးယဲလ်အသင်းအတွက် (၁၂)နှစ်ကြာ အသုံးတော်ခံခဲ့တဲ့ မာဆယ်လို ဟာ အသင်းဖော်ဟောင်း ရော်နယ်ဒို ရှိတဲ့ ဂျူဗင်တပ်စ်ဆီ ရောက်မယ်လို့ ပြီးခဲ့တဲ့ ရာသီကတည်းက သတင်းတွေ ထွက်နေခဲ့ပြီး လာမယ့် အပြောင်းအရွှေ့မှာတော့ တကယ်ပဲ အကောင်အထည်ပေါ်လာဖို့ရှိနေတာပါ။

Linn

Source : TheSun , Goal , Mirror

 

SHARE