၂၉-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

အမ်မရီ ။         ။ အာဆင်နယ်အသင်းရဲ့ နည်းပြ အမ်မရီ ကတော့ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရပြီးနောက်မှာ အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံလိုက်ရပါပြီ။ အာဆင်နယ်အသင်းဟာ နည်းပြ အမ်မရီ ကို ထုတ်ပယ်လိုက်တဲ့အကြောင်း တရားဝင်ကြေညာလိုက်ပြီး အသက် (၄၈)နှစ်အရွယ် နည်းပြဟာ အာဆင်နယ်အသင်းကိုရောက်ရှိပြီး (၁၈)လအကြာမှာပဲ နည်းပြရာထူးကနေ ထွက်ခွာသွားခဲ့ရတာပါ။ အာဆင်နယ်အသင်းရဲ့ ယာယီနည်းပြအဖြစ် လက်ထောက်နည်းပြ ယွန်းဘတ် က တာဝန်ယူသွားမှာဖြစ်ပြီး နည်းပြသစ်တစ်ဦးကို အမြန်ဆုံး ရှာဖွေသွားဖို့ စီစဉ်နေပါတယ်။

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်း ကစားသမားဟောင်း ဂျွန်ဘမ်းစ် က လီဗာပူးလ်ရဲ့ လက်ရှိကစားသမားစာရင်းဟာ အာဆင်နယ်၊ မန်ယူတို့နဲ့ မကွာခြားတဲ့အခြေအနေမှာ ရှိနေပြီး ကစားသမားတွေရဲ့ စိတ်ဓာတ်ကြောင့်သာ နိုင်ပွဲဆက်နေတာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ဂန္ဓ၀င်ကစားသမားဟောင်းကြီးက လီဗာပူးလ်ဟာ မန်ယူ၊အာဆင်နယ်တို့က ကစားသမားတွေထက်ကောင်းတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားခြင်းမရှိပဲ အသင်းလိုက်စုစည်းမှုနဲ့ ယုံကြည်မှုအားကောင်းလွန်းတာကြောင့် အောင်မြင်မှုတွေရခဲ့တာလို့ ချီးကျူးလိုက်ပါတယ်။

 

မန်စီးတီး ။       ။ မန်စီးတီးအသင်းကတော့ ရေးဗားပလိတ်အသင်းရဲ့ ကွင်းလယ်ကစားသမားလေး ဒီလာခရုဇ် ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေတောင် စတင်နေပြီလို့ TNT Sports က ဖော်ပြပါတယ်။ အသက် (၂၂)နှစ်အရွယ် ကွင်းလယ်ကစားသမားလေးဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ အာတီတာ တို့ရဲ့ သဘောကျခြင်းကို ခံနေရပြီး အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်လာဖို့ စီစဉ်နေကြတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

စပါး ။   ။ စပါးအသင်းနည်းပြ မော်ရင်ဟို ဟာ အသင်းဟောင်းဆီကို ပြန်လာဖို့အတွက် ဘေးလ် ကို ကြိုဆိုနေကြောင်း လေသံပစ်လိုက်ပါတယ်။ Sky Sports နဲ့ အင်တာဗျူးမှာ မော်ရင်ဟို က စပါးအသင်းအနေနဲ့ ဘေးလ်လို ကစားသမားမျိုးကို အချိန်မရွေးကြိုဆိုနေမှာဖြစ်ကြောင်းနဲ့ စပါးဟာ သူ့ရဲ့မွေးရပ်မြေလို ဖြစ်နေလိမ့်မယ်လို့ ယုံကြည်ကြောင်းပြောဆိုလိုက်တာပါ။ ရီးယဲလ်အသင်းတာဝန်ရှိသူတွေကလည်း ဘေးလ်ကို ရောင်းချဖို့ ဆန္ဒရှိနေပြီး စပါးအသင်းကို ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ သုံးသပ်သူတွေ အများအပြားရှိထားပါတယ်။

ဒေါ့တ်မွန် ။      ။ အသင်းရဲ့ တောင်ပံကစားသမား ဆန်ချို ကိုရောင်းချမှာမဟုတ်ဘူးလို့ လေသံပစ်ခဲ့တဲ့ ဒေါ့တ်မွန်အနေနဲ့ လက်ရှိအချိန်မှာတော့ ဆန်ချိုကို ထုတ်ရောင်းဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း Independent သတင်းစာက ဖော်ပြပါတယ်။ ဆန်ချိုကို ခေါ်ယူဖို့အတွက် မန်ယူနဲ့ လီဗာပူးလ်အသင်းက စိတ်ဝင်စားနေတာကြောင့် လာမယ့် ဇန်န၀ါရီဈေးကွက်မှာ ဆန်ချိုဟာ ဒေါ့တ်မွန်အသင်းရဲ့ အရောင်းစာရင်းထဲမှာ ရှိနေလိမ့်မယ်လို့ Independent သတင်းစာက ဖော်ပြပါတယ်။

READ
၅-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဂျရတ် ။ ။ ရိန်းဂျားစ်အသင်းနည်းပြ ဂျရတ် က (၂၇)ပွဲကစားပြီး (၂၄) ဂိုးသွင်းထားတဲ့ တိုက်စစ်မှူးလေး မိုရီလို့စ် ဟာ ရောင်းဖို့မဟုတ်ဘူးလို့ အသိပေးလိုက်ပါတယ်။ အသက် (၂၃)နှစ်အရွယ် ကြယ်ပွင့်တိုက်စစ်မှူးလေးဟာ ရိန်းဂျားစ်အသင်းမှာ ခြေစွမ်းပြနေတာဖြစ်ပြီး ယူရိုပါလိဂ်ပွဲစဉ်တွေမှာလည်း သူ့ရဲ့ သွင်းဂိုးတွေ တွေ့နေခဲ့ရတာပါ။

Linn

Source : TheSun , Goal , Mirror

SHARE