၂၉-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter 'Goal"

ဇာဟာ ။         ။ ပဲလေ့စ်အသင်းတောင်ပံကစားသမား ဇာဟာ ကတော့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ချင်တာကြောင့် အသင်းကနေ ထွက်ခွာဖို့တောင်းဆိုလိုက်ပါပြီ။ မန်ယူအသင်းဆီ အသင်းဖော် ဘစ်ဆာကာ ရောက်ရှိသွားတဲ့အချိန်မှာ ဇာဟာ ကလည်း အသင်းကြီးတစ်သင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းနည်းပြအမ်မရီကလည်း ဇာဟာအတွက် အသုံးစရိတ်ပေးဖို့ ဘုတ်အဖွဲ့ဆီ တင်ပြတောင်းဆိုထားပါတယ်။

မက်ဆီ ။         ။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ က ဗင်နီဇွဲလားအသင်းကို အနိုင်ယူခဲ့ပြီးနောက် အာဂျင်တီးနားဟာ ကိုပါအမေရိကချန်ပီယံဆုအတွက် အခွင့်အရေးအပြည့်အ၀ရှိနေကြောင်း ပြောဆိုလိုက်ပါတယ်။ ဗင်နီဇွဲလားနဲ့ပွဲမှာ မက်ဆီ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် မက်ဆီကြောင့် အသင်းဖော်ကစားသမားတွေဟာ နေရာလွတ်များစွာ ရရှိခဲ့ပြီး ပြိုင်ဖက်အသင်းအပေါ် အသာစီးရခဲ့တာပါ။ မက်ဆီက အာဂျင်တီးနားဟာ ဒီနှစ်ကိုပါအမေရိကပြိုင်ပွဲအတွက်ရေပန်းမစားပေမယ့်လည်း ချန်ပီယံဆုအတွက်တော့ မျှော်လင့်နိုင်ပြီဖြစ်ကြောင်းပြောဆိုသွားခဲ့ပါတယ်။

READ
၁၉-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Edison Vara)

အဲရစ်ဆင် ။      ။ စပါးကွင်းလယ်လူ အဲရစ်ဆင်တစ်ယောက် ရီးယဲလ်အသင်းဆီပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အဲရစ်ဆင်ရဲ့မိသားစုကတော့ မက်ဒရစ်မှာ အိမ်တောင်ရှာနေပြီလို့ The Times က ဖော်ပြပါတယ်။ ရီးယဲလ်ဟာ အဲရစ်ဆင်အတွက် ပေါင်သန်း(၁၀၀)လောက် အသုံးပြု ခေါ်ယူသွားဖို့ရှိနေပြီး ပေါ့ဂ်ဘာကိုသာ ခေါ်ယူလို့မရခဲ့ရင် အဲရစ်ဆင်ရဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

(AP Photo/Natacha Pisarenko)

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို က ဒီရာသီမှာမှ စပါးအနေနဲ့ ကစားသမားကောင်းတွေ ခေါ်ယူမှု မပြုနိုင်ဘူးဆိုရင် ဥရောပပြိုင်ပွဲတွေမှာ အောင်မြင်ဖို့မလွယ်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ပိုချက်တီနိုက စပါးအသင်းရဲ့အပြောင်းအရွှေ့ကို အသင်းဥက္ကဌလီဗိုင်းက ချုပ်ကိုင်ထားကြောင်း ၀န်ခံသွားခဲ့ပြီး သူ့အနေနဲ့ စိတ်ကြိုက်ကစားသမားကို ရွေးချယ်ဖို့ အခွင့်အရေးမရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

(AP Photo/Francisco Seco)

အင်တာ ။        ။ အင်တာမီလန်အသင်းဟာ မန်ယူတိုက်စစ်မှူး လူကာကူ ကိုခေါ်ယူဖို့အတွက် အသင်းကစားသမား (၂)ဦးကိုရောင်းချသွားဖို့ စီစဉ်နေပါတယ်။ အင်တာကွင်းလယ်လူ ဂျာအိုမာရီယို ကို မိုနာကိုအသင်းဆီ ပေါင်(၂၂)သန်းနဲ့ရောင်းချဖို့ စီစဉ်ထားပြီး ဘယ်နောက်ခံကစားသမား ဒဲလ်ဘတ် ကို ပေါင်(၁၈)သန်းနဲ့ လိုင်ယွန်အသင်းဆီရောင်းချဖို့ ပြင်ဆင်နေတာပါ။ အဲဒီကရရှိတဲ့ငွေကြေးကို လူကာကူ ကိုခေါ်ယူဖို့အတွက် အသုံးပြုမှာဖြစ်တယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။

READ
စပိန်ဝန်ကြီးချုပ်အသစ်ကို မကျေနပ်ကြောင်း အသံတိတ်နည်းနဲ့ဖော်ပြခဲ့တဲ့ ဒီဂီယာ

Linn

Source : TheSun , Dailymail , Mirror

 

SHARE