၃-၁၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက စပါးအသင်းနဲ့ ကစားရမယ့် ဗုဒ္ဓဟူးည ပွဲစဉ်မှာသာ ရှုံးပွဲတွေ့ခဲ့ရင် သူ့အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရမှာဖြစ်တယ်လို့ ကစားသမားတွေကို ပြောခဲ့ကြောင်း Mirror က ဖော်ပြပါတယ်။ ဗီလာအသင်းကို (၂)ဂိုးစီ သရေကျပြီးခဲ့တဲ့နောက် ဆိုးလ်ရှားရဲ့ အခြေအနေက ဖိအားတွေအောက် ကျရောက်သွားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လီဗာပူးလ်နဲ့ (၂၂)မှတ်ကွာတဲ့အနေအထားရောက်ရှိသွားခဲ့တာပါ။ ဆိုးလ်ရှားက စပါးနဲ့ ပွဲမတိုင်မီ သူ့ရဲ့အခြေအနေအပေါ် ကစားသမားတွေကို ဖွင့်ဟလိုက်တာဖြစ်ပြီး ဒီပွဲမှာသာ ရှုံးခဲ့ရင် ရာထူးကနေ ထုတ်ပယ်ခံရဖို့ သေချာသွားပြီလို့ သိရပါတယ်။

မာဆယ်လီနို ။   ။ နည်းပြသစ်တစ်ယောက်ကို ရှာဖွေရေးဆင်းနေကြတဲ့ အဲဗာတန်နဲ့ အာဆင်နယ်တို့ဟာ ဗလင်စီယာအသင်းနည်းပြဟောင်း မာဆယ်လီနို ကို အသင်းနည်းပြသစ်အဖြစ် ခန့်ထားဖို့ စိတ်ဝင်စားနေကြတယ်လို့ Mirror က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက အသင်းပိုင်ရှင်နဲ့ အခြေအတင်တွေ ဖြစ်ခဲ့ပြီး ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မာဆယ်လီနို ဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဆီ ရောက်လာလိမ့်မယ်လို့ သတင်းတွေ ထွက်နေခဲ့ပြီး အာဆင်နယ်အသင်းဆီ ရောက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေတယ်လို့ သိရပါတယ်။

READ
၂၉-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ဒေါ့တ်မွန်အသင်း တောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူဖို့အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ marca က ဖော်ပြပါတယ်။ လီဗာပူးလ်ဟာအသင်း (၁၉)နှစ်အရွယ် တောင်ပံကစားသမားလေးအတွက် ချိတ်ဆက်မှုတွေကို စတင် လုပ်ကိုင်နေခဲ့ပြီး လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ နာပိုလီနောက်ခံလူ ကူလီဘာလေ ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ Calcio Mercato သတင်းစာက ဖော်ပြပါတယ်။ ရီးယဲလ်အသင်းဟာ အသက် ကြီးလာပြီဖြစ်တဲ့ ရာမို့စ်ရဲ့နေရမှာ အစားထိုးဖို့ ကစားသမားအသစ်တစ်ယောက် ရှာဖွေနေတာဖြစ်ပြီး ကူလီဘာလေကို ခေါ်ယူဖို့ ကြိုးစားလာခဲ့တ်ာဖြစ်ပါတယ်

READ
(၂၇-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ချီယေဆာ ။     ။ အင်တာမီလန်အသင်းဟာ ဖီအိုရင်တီးနားတောင်ပံကစားသမား ချီယေဆာ ကို ပေါင်(၂၇)သန်းနဲ့ စတင်ကမ်းလှမ်းလိုက်ပြီဖြစ်တယ်လို့ Mirrorက ဖော်ပြပါတယ်။ အင်တာမီလန်ဟာ ဖလာမင်ဂိုအသင်းကို အငှားချထားတဲ့ တိုက်စစ်မှူး ဘာဘိုဆာ ကို အပြီးသတ်ရောင်းချဖို့ ပြင်ဆင်နေပြီး အဲဒီကရတဲ့ ပိုက်ဆံနဲ့ ချီယေဆာ ကိုခေါ်ဖို့ ကြိုးစားနေတာပါ။

Linn

Source : TheSun , Goal , Mirror

SHARE