(၃-၅-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ဒေးဗစ်လူးဝစ်ဇ် – ဒေးဗစ်လူးဝစ်ဇ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးမှုဟာ လက်ရှိအချိန်မှာ ကြန့်ကြာနေဆဲ ဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွယ် လူးဝစ်ဇ်ဟာ ယခုနှစ်ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။ ဆာရီကိုယ်တိုင်က လူးဝစ်ဇ်အသင်းမှာ ဆက်ရှိ/မရှိကို မသိဘူးလို့ ပြောခဲ့ကြောင်း သိရပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်အသင်းဟာ ပေါ့ဂ်ဘာကို အလိုရှိသော်လည်း သူ့အတွက် ပေါင်သန်း (၁၃၀)အထိ အသုံးပြုသွားဖို့ မရှိဘူးလို့ သိရပါတယ်။ ဇီဒန်းဟာ ပေါ့ဂ်ဘာကို အထူးဦးစားပေး ခေါ်ယူလိုနေသော်လည်း၊ အသုံးပြုရမယ့်စာရိတ်က ကြီးလွန်းနေပါတယ်။

(AP Photo/Kirsty Wigglesworth)

အမ်မရီ – အာဆင်နယ်အသင်းနည်းပြ အမ်မရီဟာ အသင်းမှာ တိုက်စစ်၊ ကွင်းလယ်၊ ခံစစ် မျှတနေလို့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းက ပိုလျှံနေတဲ့ ကစားသမားတွေကို ရောင်းထုတ်တာကလွဲပြီး၊ အခြား ကစားသမား ဖြည့်တင်းဖို့ သိပ်မလိုကြောင်း၊ ဗလင်စီယာကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီး သတင်းထောက်ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ကြောင်း သိရပါတယ်။

READ
၂၃-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဇာဗီ – ဘာစီလိုနာအသင်းနဲ့ စပိန်အသင်းတို့ရဲ့ ဂန္ထဝင်ကွင်းလယ်ကစားသမားကြီး ဇာဗီကတော့ ဘောလုံးကစားခြင်းကနေ လုံးဝ အနားယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ဇာဗီဟာ ယခုနှစ်ဘောလုံးရာသီအပြီးမှာ အနားယူမှာပါ။ သူဟာ လက်ရှိအချိန်မှာ ကာတာကလပ် Al Sadd အသင်းမှာ ကစားနေပါတယ်။

Twitter

ဒီလစ်ဂ်ျ – အေ၈ျက်အသင်းမှာ ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဒီလစ်ဂ်ျကို စပိန်ကလပ် ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေသော်လည်း၊ ကစားသမားကိုယ်တိုင်က အခြားအသင်းတစ်ခုကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ သူ့ကို မန်ယူ၊ အာဆင်နယ်၊ လီဗာပူးအသင်းတို့ကလည်း စိတ်ဝင်စားနေပေမယ့်၊ သူက ဘိုင်ယန်အသင်းမှာ ကစားလိုနေကြောင်း သိရပါတယ်။

ဟာဇက်ဒ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီအဆုံးမှာ ချယ်လ်ဆီးကွင်းလယ်လူ ဟာဇက်ဒ်ကို အပြီးခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ ရီးယဲလ်ဟာ ဟာဇက်အတွက် ပေါင်သန်း(၁၂၀)အထိ အသုံးပြုဖွယ် ရှိနေပြီး၊ ပေါ့ဂ်ဘာအတွက်ကိုတော့ မြင့်မားတဲ့ ငွေကြေး အသုံးပြုလိုခြင်း မရှိဘူးလို့ သိရပါတယ်။

READ
မော်ရင်ဟိုရဲ့၂၅သန်းတန်အိမ်ကြီးထဲကို သူခိုးဝင်ရောက်ခဲ့

မက်ဆီ – ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကြော့၊ လီဗာပူးနဲ့ကစားခဲ့ရတဲ့ ပွဲစဉ်မှာ မက်ဆီဟာ လီဗားပူးကွင်းလယ်လူ ဖာဘင်ဟိုကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တဲ့ သက်သေဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ရာ၊ လီဗာပူးပရိသတ်တွေက မက်ဆီကို ဒုတိယအကြော့မှာ ကစားရမယ့်ပွဲစဉ်ကို ပယ်ပေးဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။ UEFA ကတော့ ဒီအတွက် ဘာတုန့်ပြန်မှုမှ မရှိသေးပါဘူး။

Twitter

ကာဆီးလက် – မကြာသေးခင်က ပေါ်တိုအသင်းနဲ့ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းလုပ်နေရင်း နှလုံးရောဂါထဖောက်လို့ ဆေးရုံတက်ရောက်ခဲ့ရတဲ့ ဝါရင့် ဂန္ထဝင်ဂိုးသမားကြီး ကာဆီးလက်ဟာ၊ အခုအခါမှာ အဲဒီရောဂါကြောင့် နောက်ထပ် ကစားဖို့ မလွယ်ကူတော့ကြောင်း သိရပါတယ်။ ဒေါက်တာတွေက ရောဂါကြောင့် ဘောလုံးဆက်မကစားဖို့ အကြံပေးခဲ့ကြောင်း သိရပါတယ်။

 

လင်းဇော်ကို (SportsAhtar)

Source : thesun.co.uk/ marca.com/ metro.com/ mirror.co.uk/ goal.com

SHARE