၅-၃-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Goal?Twitter

ရော်နယ်ဒင်ဟို ။ ။ ဘရာဇီးအသင်းရဲ့ ဂန္ဓ၀င်ဘောလုံးသမား ရော်နယ်ဒင်ဟို ဟာ နိုင်ငံကူးလက်မှတ်အတုပြုလုပ်မှုကြောင့် ပါရာဂွေးနိုင်ငံမှာ ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ အသက် (၃၉)နှစ်အရွယ် ရော်နယ်ဒင်ဟို ဟာ သူ့ရဲ့အစ်ကိုဖြစ်သူနဲ့အတူ ပါရာဂွေးနိုင်ငံတွင်းက ဟိုတယ်တစ်ခုမှာ တည်းခိုနေတုန်း သူတို့ရဲ့ပတ်စ်ပို့တွေနဲ့ စာရွက်စာတမ်းတွေက အတုပြုလုပ်ထားတာဖြစ်ကြောင်းကို သက်ဆိုင်ရာက တွေ့ရှိသွားခဲ့တာပါ။ ပါရာဂွေးရဲဌာနရဲ့ ထုတ်ပြန်ချက်အရ ရော်နယ်ဒင်ဟို ဟာ ပါရာဂွေးနိုင်ငံတွင်းက ကာဆီနိုပိုင်ရှင် ဘယ်လော့တီ ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ထိန်းသိမ်းထားခြင်းခံရတယ်လို့ သိရပါတယ်။

မန်ယူ ။ ။ မန်ယူအသင်းဟာ တရုတ်စူပါလိဂ်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူး အီဂါလို ကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Goal က ဖော်ပြပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အီဂါလိုအနေနဲ့ အကောင်းဆုံး ကြိုးစားမယ်ဆိုရင် မန်ယူအသင်းကနေ အပြီးသတ် စာချုပ် ချုပ်ပြီး ခေါ်ယူသွားဖို့ အဆင်သင့်ရှိနေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

 

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ စီးရီးအေကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုရဲ့ တန်ကြေးကို ပေါင်(၂၆)သန်းလို့ သတ်မှတ်ပေးလိုက်ပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးအတွက် ခြေစွမ်းပြနေပေမယ့်လည်း အလွန်ဆို ကို ချယ်လ်ဆီးနည်းပြ လမ်းပတ်က ရောင်းချဖို့ ဆန္ဒရှိနေပြီး လာမယ့် အပြောင်းအရွှေ့ကာလမှာ ရောင်းချသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

လိုဇာနို ။         ။ နာပိုလီအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား လိုဇာနို ကိုခေါ်ယူဖို့ အဲဗာတန် ၊ ၀က်စ်ဟမ်းနဲ့ ၀ုဗ်အသင်းတို့ အပြိုင်ကြိုးစားနေကြတယ်လို့ အီတလီက လာတဲ့သတင်းတွေအရ သိရပါတယ်။ မက္ကဆီကို လက်ရွေးစင် ကစားသမားလေးဟာ နာပိုလီအသင်းအတွက် ဒီရာသီမှာ (၁၆)ပွဲ ကစားပေးထားပြီး သွင်းဂိုး (၂)ဂိုး သွင်းယူပေးထားသူပါ။

ဂျွန်စတုံး ။       ။ မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုံးကို အာဆင်နယ်က ခေါ်ယူဖို့ ကြိုးပမ်းနေမှုဟာ ရပ်တန့်မသွားသေးဘူးလို့ Mirror က ဖော်ပြပါတယ်။ အာဆင်နယ်အသင်းနည်းပြ အာတီတာ ဟာ မန်စီးတီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဂျွန်စတုံးကို သူ့ရဲ့အသင်းဆီ ခေါ်ယူချင်နေတာဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့ ဂျွန်စတုံးကို မန်စီးတီးကလည်း ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။

READ
၂၉-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE