၃၀-၁၀-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

မော်ရင်ဟို ။     ။ အာဆင်နယ်အနေနဲ့ နည်းပြအမ်မရီ ကို ရာထူးကနေ ထုတ်ပယ်လိုက်ရင် သူ့ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာဖို့အတွက် မန်ယူနဲ့ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟို က ရေပန်းစားနေပြန်ပါတယ်။ ပရီးမီးယားလိဂ်မှာ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ဖူးတဲ့ မော်ရင်ဟို ဟာ မတူညီတဲ့ အင်္ဂလိပ်ကလပ်(၃)သင်းနဲ့အတူ အဓိက ဆုဖလားတွေရယူနိုင်တဲ့ ပထမဆုံးနည်းပြ ဖြစ်လာဖို့ စိတ်ဝင်စားနေတယ်လို့ TheSun က ဖော်ပြပါတယ်။

မက်ဆီ ။         ။ ဘာစီလိုနာအသင်းကွင်းလယ်ကစားသမား ဗီဒယ် က အသင်းဖော်တိုက်စစ်မှူး မက်ဆီ ဟာ တခြားဂြိုဟ်ပေါ်ကနေ လာရောက်ကစားတယ်လို့ ထင်ရလောက်အောင် ကျွမ်းကျင်မှုပြည့်ဝသူတစ်ယောက် ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဗယ်လာဒိုးလစ်အသင်းနဲ့ ပွဲစဉ်မှာ ကိုယ်တိုင်လည်း သွင်းဂိုး (၂)ဂိုး သွင်းယူခဲ့ပြီး ဗီဒယ်အတွက် လှပတဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပေးခဲ့တဲ့ မက်ဆီ ဟာ တခြားကမ္ဘာကလာတဲ့ တိုက်စစ်မှူးတစ်ယောက်လို့ ဗီဒယ်က ချီးကျူးသွားခဲ့တာပါ။

UEFA ။ ။ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ဟာ လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့တဲ့ ဘူလ်ဂေးရီးယားအသင်းပရိသတ်တွေအပေါ် ဒဏ်ငွေချမှတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံနေရပါတယ်။ UEFA က ပရိသတ်တွေရဲ့ အပြုအမူတွေအတွက် တစ်ပွဲ ကွင်းပိတ်ကစားရမယ့် ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေ ပေါင် (၆၄၆၀၀) ပေးဆောင်စေခဲ့ပြီး အဲဒီ ပမာဏ က ယူရို(၂၀၁၂)ပြိုင်ပွဲမှာ ဒိန်းမတ်တိုက်စစ်မှူး ဘန်တနာ Paddy Power အတွင်းခံပေါ်အောင်, အောင်ပွဲခံခဲ့တဲ့အပေါ် ပေးဆောင်စေခဲ့တာထက် ပေါင် (၁၅၄၀၀) နည်းပါးနေလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

READ
အနီကဒ်ပြလို့ ဒိုင်ကိုလက်သီးနဲ့ထိုးခဲ့တဲ့ ကစားသမား

 

နယူးကာဆယ် ။ ။ နယူးကာဆယ်အသင်းဟာ ပြင်သစ်ကလပ် စထရာဘိုးအသင်းရဲ့ ကွင်းလယ်လူ အီဗရာဟီမာ ဆစ်ဆိုကို ကို ပေါင်(၁၃)သန်းနဲ့ ခေါ်နိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီလို့ Goal က ဖော်ပြပါတယ်။ အရပ် (၆)ပေ (၄)လက်မ အထိ မြင့်တဲ့ ကွင်းလယ်လူ ဟာ ပြင်သစ် ယူ(၂၁)အသင်းမှာ ကစားပေးနေရပြီး စထရာဘိုးအသင်းအနေနဲ့လည်း သူ့ကို လာမယ့်အပြောင်းအရွှေ့မှာ ရောင်းချသွားဖွယ်ရှိနေပါတယ်။

READ
၂၃-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

နေမာ ။ ။ PSG အသင်းတိုက်စစ်မှူး နေမာ တစ်ယောက် Piano တီးနေတဲ့ ဗီဒီယိုဖိုင်တစ်ခုက ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ နေမာ ဟာ Coldplay အဖွဲ့ရဲ့ “The Scientist” သီချင်းကို Piano နဲ့ တီးခတ်နေခဲ့တာဖြစ်ပြီး သူ့ရဲ့ Piano လက်သံကို ပရိသတ်တွေက ချီးကျူးနေခဲ့ကြတာပါ။

စပါး ။   ။ စပါအသင်းကစားသမားဟောင်း ဗန်ဒါဗတ် က အသင်းဥက္ကဌ လီဗိုင်းဆီ မက်ဆေ့ခ်ျတစ်စောင် ပို့ခဲ့ပြီး အေဂျက်ဇ်ကွင်းလယ်တိုက်စစ်ကစားသမား ဇီယက်ခ်ျ ကို ခေါ်ဖို့ တိုက်တွန်းခဲ့တယ်လို့ Star က ဖော်ပြပါတယ်။ မော်ရိုကို အသင်းရဲ့ ကွင်းလယ်လူ ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အေဂျက်ဇ်အသင်းအတွက် ခြေစွမ်းပြခဲ့ပေမယ့်လည်း အပြောင်းအရွှေ့အတွက် ကမ်းလှမ်းလာမှုတွေကိုတော့ အေဂျက်ဇ်အသင်းက ငြင်းဆိုထားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

 

SHARE