၃၀-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီရာသီမှာ မန်စီးတီးရဲ့ ကစားပုံကောင်းခဲ့ပေမယ့်လည်း ဂျာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲနေခဲ့တယ်လို့ ၀န်ခံလိုက်ပါတယ်။ ဂွာဒီယိုလာက မန်စီးတီးဟာ ကလော့ပ်ရဲ့ဒီရာသီစွမ်းဆောင်မှုကို လိုက်မှီဖို့ ခက်ခဲနေခဲ့ပြီး ပေးဂိုးမရှိတဲ့ပွဲ(၉)ပွဲနဲ့ လီဗာပူးလ်တိုက်စစ်ပိုင်းရဲ့ ဂိုးမြူးနေမှုကို ဘယ်လိုမှ လိုက်မမှီဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်တာပါ။ မန်စီးတီးအသင်းဟာ ဒီနေ့ည (၈း၄၅)မှာ ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်ကို အနိုင်ရခဲ့ရင် အမှတ်ပေးဇယားရဲ့ဒုတိယနေရာကို ပြန်လည်သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ဖာမီနိုကို ပင်နယ်တီပေးကန်ခဲ့တဲ့ တိုက်စစ်မှူး ဆာလက်ရဲ့လုပ်ရပ်ကိုကြည့်ပြီး မျက်ရည်ကျလုနီးဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်က အာဆင်နယ်ကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆာလက်က လီဗာပူးလ်ရဲ့ (၅)ဂိုးမြောက်သွင်းဂိုးဖြစ်လာမယ့် ပင်နယ်တီကို ဖာမီနို ကို ကန်ခိုင်းခဲ့တာဖြစ်ပြီး သူ့ရဲ့အသင်းဖော်တိုက်စစ်မှူး Hat-Trick ရရှိဖို့အတွက် ကူညီပေးခဲ့တာဖြစ်ပါတယ်။ ကလော့ပ်က ဆာလက်ရဲ့ အပြုအမူဟာ တကယ့်ကို အသင်းဖော်ကောင်း ပီသတဲ့လုပ်ရပ်ဖြစ်ပြီး သူ့အနေနဲ့ မျက်ရည်ကျမိမလိုတောင်ဖြစ်သွားခဲ့တယ်လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။

ESPN

ဟမ်းမဲလ် ။      ။ ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်အသင်းနောက်ခံလူ ဟမ်းမဲလ်ကိုခေါ်ယူဖို့ ပေါင်သန်း(၃၀)နဲ့ ကမ်းလှမ်းမှု စတင်ပြုလုပ်ခဲ့တယ်လို့ ဂျာမနီသတင်းစာ Bild က ဖော်ပြပါတယ်။ ဘိုင်ယန်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ဟမ်းမဲလ်ဟာ ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာမယ့်အကြောင်း အသိပေးထားခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းက သူတို့ရဲ့ ကမ်းလှမ်းမှုကို စတင်လိုက်တာပါ။ ဘိုင်ယန်မြူးနစ်အသင်းက ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ Bild က ဖော်ပြခဲ့ပြီး ဟမ်းမဲလ်ကို တကယ်ခေါ်ယူချင်တယ်ဆိုရင် ဇန်န၀ါရီ (၁၄)ရက်မတိုင်မီ လာရောက်ညှိနှိုင်းမှု ပြုလုပ်ဖို့ အကြောင်းကြားခဲ့တယ်လို့ ရေးသားထားခဲ့ပါတယ်။

READ
ဘောလုံးလောကရဲ့ အကောင်းဆုံးဂိုး(၁၀၀)
EPA

စပါး ။   ။ စပါးအသင်းတိုက်စစ်မှူး လော်ရန်တေး ဟာ တူရကီကလပ် ဂါလာတာစာရေးအသင်းကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ အသက် (၃၃)နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီကုန်ရင် အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ဇန်န၀ါရီဈေးကွက်မှာ ရောင်းချဖို့အတွက် စပါးအသင်းက ကြိုးစားနေခဲ့တာပါ။ တူရကီသတင်းစာ Star ရဲ့ဖော်ပြချက်အရ လော်ရန်တေးဟာ ပေါင်(၅)သန်းဝန်းကျင်ရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဂါလာတာစာရေးဆီ ပြောင်းဖို့ သဘောတူခဲ့ပြီလို့ သိရပါတယ်။

EPA

ရာနီရေရီ ။       ။ ဖူလ်ဟမ်အသင်းနည်းပြ ရာနီရေရီက မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီလုကန်ခဲ့တဲ့ တိုက်စစ်မှူး ကာမာရာကို သတ်ပစ်ချင်လောက်အောင် ဒေါသထွက်မိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖူလ်ဟမ်နဲ့ ဟက်ဒါဖီးလ်ပွဲစဉ်ရဲ့ ပွဲချိန် (၈၂)မိနစ်မှာ ဖူလ်ဟမ်အသင်း ပင်နယ်တီရခဲ့ပြီး အဲဒီအချိန်မှာ နှစ်သင်းစလုံး ဂိုးမရှိသရေကျခဲ့တာပါ။ နည်းပြရာနီရေရီဟာ ဖူလ်ဟမ်အသင်းရဲ့ ပင်နယ်တီကန်သွင်းသူအဖြစ် တိုက်စစ်မှူး မီထရိုဗစ် ကို သတ်မှတ်ထားခဲ့ပေမယ့်လည်း ပွဲချိန်ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ တိုက်စစ်မှူး ကာမာရာ က မီထရိုဗစ်ဆီက ပင်နယ်တီကို လုယူပြီးကန်သွင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပင်နယ်တီက လွဲချော်သွားခဲ့ပြီး ရာနီရေရီတစ်ယောက် ဒေါသအိုးပေါက်ကွဲသွားခဲ့တာပါ။ ဖူလ်ဟမ်အသင်း ကံကောင်းသွားတာက ပွဲချိန် (၉၁)မိနစ်မှာမှ မီထရိုဗစ်ရဲ့ သွင်းဂိုးတစ်ဂိုး ရရှိခဲ့တာဖြစ်ပြီး အဲဒီတစ်ဂိုးတည်းသော သွင်းဂိုးနဲ့ အနိုင်(၃)မှတ် ရရှိသွားခဲ့တာဖြစ်ပါတယ်။

READ
၂၉-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
AFP

မန်ယူ ။ ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဒီနေ့ညမှာ ကစားမယ့် မန်ယူ-ဘုန်းမောက် အသင်းပွဲစဉ်မှာ တောင်ပံကစားသမား မာရှယ်ပြန်လည်ပါဝင်လာမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မာရှယ်ဟာ ပြင်သစ်ကို ခရစ္စမတ်ပွဲပြုလုပ်ဖို့ ပြန်သွားခဲ့တာဖြစ်ပြီး ဟက်ဒါဖီးနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ရတယ်လို့ မီဒီယာတွေက ဖော်ပြနေကြပေမယ့် ဆိုးလ်ရှားကတော့ မာရှယ်ဟာနေမကောင်းဖြစ်နေတာကြောင့် ဟက်ဒါဖီးပွဲကို လွဲချော်ခဲ့ရတာလို့ မီဒီယာတွေကို ဖြေကြားသွားခဲ့ပြီး ဒီပွဲမှာ ပါဝင်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : Dailymail , TheSun , Mirror

SHARE