၃၀-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အမြဲတမ်းနည်းပြအဖြစ် ခန့််အပ်ခံရတဲ့ပွဲစဉ်မှာ ရှုံးပွဲနဲ့ရင်ဆိုင်ရတာမျိုးမဖြစ်အောင် ကြိုးစားပေးကြဖို့ ကစားသမားတွေကို တိုက်တွန်းလိုက်ပါတယ်။ ဆိုးလ်ရှားနဲ့ မန်ယူအသင်းသားတွေဟာ ဒီနေ့ည ၀က်ဖို့ဒ်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်အတွက် လော်ရီဟိုတယ် ကိုရောက်ရှိလာခဲ့ကြပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ ရက်ရှ်ဖို့ဒ် ၊ လင်ဂတ် တို့ကိုပါ တွေ့ခဲ့ရပါတယ်။ ဆိုးလ်ရှားက လာမယ့်အပြောင်းအရွှေ့မှာ ဘယ်ကစားသမားမှ အသင်းက ထွက်ခွာမသွားရအောင် ထိန်းသိမ်းနိုင်ဖို့ဟာ သူ့ရဲ့ဆန္ဒဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ပိုချက်တီနို ။     ။ တော့တင်ဟမ်ဟော့စပါးနည်းပြ မော်ရီစီယိုပိုချက်တီနိုက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်နည်းပြဖြစ်လာခဲ့တဲ့ နော်ဝေသားနည်းပြ ဆိုးလ်ရှားကို ဂုဏ်ပြုစကားပြောကြားသွားခဲ့ပါတယ်။ ပိုချက်တီနိုဟာ မော်ရင်ဟိုအသင်းကနေထုတ်ပယ်မခံရကတည်းက ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြဖြစ်လာဖို့ ရေပန်းစားတဲ့ထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း ဆိုးလ်ရှားဟာ ယာယီနည်းပြဘဝမှာပဲ ထင်မထားဖွယ်ရာတွေစွမ်းဆောင်ပြခဲ့ပြီး ပိုချက်တီနိုကို စပါးမှာသာ ဆက်ရှိနေစေခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားသား နည်းပြပိုချက်တီနိုကတော့ ဆိုးလ်ရှားအနေနဲ့ အမြဲတမ်းနည်းပြဖြစ်လာခဲ့တဲ့အပေါ် အံ့အားသင့်ခြင်းမရှိပဲ အကောင်းဆုံးဖြစ်လာစေဖို့သာ ဆုတောင်းပေးသွားခဲ့ပါတယ်။

Mirror

ဆာရီ ။ ။ ချယ်လ်ဆီးနည်းပြ ဆာရီက အသင်းအနေနဲ့ ထိပ်ဆုံးလေးသင်းနေရာအတွက် တိုက်ပွဲဝင်နေရချိန်မှာ နိုင်ငံတကာပွဲစဉ်တွေဆီကနေ ခြေကုန်လက်ပန်းကျပြီးပြန်လာတဲ့ ကစားသမားသုံးဦးအထိ ရှိနေတာကြောင့် မပျော်မရွှင်ဖြစ်နေရတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ကလပ်အသင်းရဲ့ကစားသမားအများစုဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်ကာလတွေမှာ ယူရို ၂၀၂၀ ခြေစစ်ပွဲတွေ ကစားခဲ့ရတာဖြစ်ပါတယ်။ အဆိုပါကာလဟာ ကစားသမားအချို့အတွက် အင်အားပြန်လည်ဖြည့်တင်းတဲ့ကာလဖြစ်ပေမယ့်လည်း ဆာရီကတော့ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဟာဇက်၊ ကန်တီနဲ့ ဂျီရော့ဒ်တို့ဟာ (၇)ရက်အတွင်း (၃)ပွဲ ကစားခဲ့ရတာမို့ ညည်းတွားပြောကြားခဲ့တာဖြစ်ပါတယ်။

READ
၁၅-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အယ်လီဂရီ ။    ။ အယ်လီဂရီကတော့ရော်နယ် ဒို အနေနဲ့ တနင်္လာနေ့ မှာ နောက်ထပ် စစ်ဆေး မှု တွေထပ်မံ ခံယူသွားရဦးမှာ ဖြစ်ပြီး အခြေအနေ ကောင်းမွန်မှသာ ပွဲတွေပြန်ကစား ခွင့်ရမှာ ဖြစ်တယ်လို့အတည် ပြု ခဲ့ပါတယ်။အယ်လီဂရီဟာ သူ့အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်တဲ့ ရော်နယ်ဒို ဒဏ်ရာကနေ ပြန်သက်သာလာစေဖို့ လတ်တလော မှာအားလပ်ရက် ခွင့်ပြုပေးထားပြီး အေဂျက် နဲ့ ပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝလာနိုင်မယ် လို့မျှော်လင့်နေပါတယ်။ ရော်နယ်ဒို မပါဝင်နိုင်တဲ့ အခြေအနေကြောင့် ယနေ့ညမှာ ကစားမယ့် ပွဲစဉ်မှာ လူငယ်တိုက်စစ်မှူးမွိုက်စ်ကင်း အတွက် အခွင့်အရေးဖြစ်လာဖွယ်ရှိနေပါတယ်။ဒီအသက် ၁၉နှစ်သားလေး ဟာပြီးခဲ့တဲ့ ၃ရက်အကြာက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ၊ လက်ချက်စတိန်း နဲ့ပွဲမှာဂိုးသွင်းနိုင် ခဲ့လို့ အီတလီ သမိုင်းမှာ ဒုတိယမြောက် အသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ထားပါသေးတယ်။

READ
(၁၇-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AFP

ဂွမ်ဒူဇီ ။ ။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂွမ်ဒူဇီ က ပရိသတ်တွေရဲ့ လေးစားမှုကို ရရှိဖို့အတွက် ဆုဖလားတွေဆွတ်ခူးသွားဖို့ ကြိုးစားသွားမယ့်အကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုလိုက်ပါတယ်။ အသက်(၁၉)နှစ်အရွယ် ကွင်းလယ်ကစားသမားလေးဟာ အာဆင်နယ်အသင်းမှာ နေရာတစ်ခု ရရှိထားပြီဖြစ်ပြီး သူ့အနေနဲ့ အသင်းအတွက် အစွမ်းကုန်ပေးဆပ်နေတဲ့အကြောင်း အသိပေးလိုက်တာပါ။ ဂွမ်ဒူဇီ ဟာ ယခုနှစ် ရာသီမှာ အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၃၈ ပွဲ ကစားခွင့် ရထားပြီး တစ်ဂိုး သွင်းယူ ထားနိုင်ပါတယ် ။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း ၂၅ ပွဲ ( လူစားဝင် ကစားသမား အဖြစ် ၆ ပွဲ ) ကစားခွင့် ရထားသူလည်း ဖြစ်ပါတယ် ။

Linn

Source : Dailymail , Goal , Mirror

SHARE