၃၀-၅-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

စပယ်လက်တီ ။          ။ စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ အသင်းရဲ့နည်းပြ စပယ်လက်တီ ကို တရားဝင်ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ အင်တာမီလန်အသင်းကို (၂၀၁၇) ဇွန်လကစပြီး တာဝန်ယူခဲ့တဲ့ စပယ်လက်တီ ဟာ အင်တာမီလန်အသင်းကို နှစ်ရာသီဆက် ချန်ပီယံလိဂ်ဝင်အောင်လုပ်ပေးနိုင်တာကလွဲလို့ ကြီးမားတဲ့အောင်မြင်မှုမျိုး ရရှိအောင် စွမ်းဆောင်မပေးနိုင်ခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခြင်းခံလိုက်ရတာပါ။ ဒီရာသီ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ အင်တာမီလန်တို့ လှည့်ပြန်ခဲ့ရသလို ကိုပါအီတာလီယာပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရလို့ စပယ်လက်တီရဲ့ စွမ်းဆောင်ရည်ပိုင်းဟာ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လာမယ့်ဘောလုံးရာသီအတွက် လိုအပ်ရင် အသင်းကစားသမား(၁၄)ယောက်လောက်ကို ဖယ်ထုတ်သွားဖို့ စီစဉ်ထားကြောင်းပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားက အသင်းရဲ့ကစားသမားအချို့ကို စောင့်ကြည့်သွားမှာဖြစ်ပြီး လက်ရှိခြေစွမ်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် လာမယ့်အပြောင်းအရွှေ့မှာ အားလုံးကို ထုတ်ရောင်းပစ်မယ်လို့ ကြိမ်းဝါးလိုက်တာပါ။ ဗလင်စီယာ၊ ဟာရဲရား တို့ အသင်းက ထွက်ခွာသွားပြီးတဲ့နောက် လူကာကူ၊ ဆန်းချက်ဇ်တို့လို တိုက်စစ်မှူးတွေကိုလည်း မန်ယူအသင်းကနေ ရောင်းချဖို့ တာဝန်ရှိသူတွေက ပြင်ဆင်နေကြတာပါ။

AP

အိုဒွိုင်း ။         ။ ချယ်လ်ဆီးနောက်ခံကစားသမား ဒေးဗစ်လုဇ် က အသင်းရဲ့လူငယ်ကစားသမား အိုဒွိုင်းဟာ ဟာဇက်လက်သစ် ဖြစ်လာလိမ့်မယ်လို့ ချီးကျူးလိုက်ပါတယ်။ အသင်းကနေ ထွက်ခွာသွားဖို့ သေချာသလောက်ဖြစ်သွားတဲ့ ဟာဇက်ရဲ့နေရာမှာ အိုဒွိုင်းက အစားဝင်လိမ့်မယ်လို့ ဒေးဗစ်လုဇ်က မှတ်ချက်ပေးလိုက်တာဖြစ်ပြီး အိုဒွိုင်းဟာ လျှင်မြန်ပြီး ဂိုးသွင်းကောင်းတဲ့ ကစားသမားပါပဲလို့ ချီးကျူးလိုက်ပါတယ်။

READ
၁၁-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AP

နီယန်း ။                   ။ ပြင်သစ်လီဂူး(၁)ကလပ် ရင်းနက်စ်အသင်းဟာ တိုရီနိုအသင်းကနေ အငှားလာရောက် ကစားနေတဲ့ ဆီနီဂေါတိုက်စစ်မှူး နီယန်းကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အေစီမီလန်အသင်းမှာ (၂၀၁၂)ကနေ (၂၀၁၈)အထိ ကစားခဲ့ပြီး လူသိများခဲ့တဲ့ နီယန်းဟာ (၂၀၁၈)ခုနှစ်မှာ တိုရီနိုအသင်းကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် တိုရီနိုက ချက်ချင်းဆိုသလိုပဲ ပြင်သစ်ကလပ်အသင်းဆီ အငှားချခဲ့တာပါ။ နီယန်းဟာ ရင်းနက်စ်အသင်းအတွက် ပြီးခဲ့တဲ့ရာသီတုန်းက (၂၉) ပွဲ ကစားကာ (၁၁) ဂိုးသွင်းယူပေးခဲ့ပြီး အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ပေးသူ ဖြစ်ခဲ့ပါတယ်။

 

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်ဟာ မန်စီးတီးအသင်းကိုပြောင်းရွှေ့ဖို့ သဘောတူညီလုနီးပါးဖြစ်နေတဲ့ နောက်ခံလူ ကန်ဆယ်လိုရဲ့နေရာမှာ အစားထိုးဖို့ ဗလင်စီယာနောက်ခံလူ ပစ်စီနီ ကို စောင့်ကြည့်နေပါတယ်။ မန်စီးတီးဟာ ညာနောက်ခံလူ ကန်ဆယ်လိုအတွက် ပေါင်(၅၃)သန်းလောက်ပေးချေရဖို့ရှိနေပြီး ဂျူဗင်တပ်စ်အသင်းဟာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့အတွက် အသင်းကစားသမားအချို့ကို ရောင်းထုတ်ဖို့ စီစဉ်နေတာပါ။

READ
၃၀-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ကွန်တီ ။         ။ အင်တာမီလန်အသင်းရဲ့နည်းပြသစ် ဖြစ်လာတော့မယ့် ကွန်တီက အသင်းရဲ့အဓိက တိုက်စစ်မှူး အီကာဒီကိုရောင်းချသွားဖို့ ဆန္ဒရှိနေတယ်လို့ Gazzetto သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အင်တာမီလန်နဲ့ အီကာဒီတို့ကြားအဆင်မပြေဖြစ်ခဲ့တာကြောင့် အင်တာမီလန်ရဲ့ ရလဒ်ပိုင်းတွေ ထိခိုက်ခဲ့ရပြီး ဒီအခြေအနေကို ပြောင်းလဲဖို့အတွက် ကွန်တီက အသင်းရဲ့အဓိက တိုက်စစ်မှူးကို ရောင်းချချင်နေတာပါ။ အင်တာမီလန်အသင်းဟာ ဒီကစားသမားအတွက် ပေါင်သန်း(၇၀)လောက် လိုချင်နေပြီး အက်သလက်တီကိုနဲ့ ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Linn

Source : Goal , Mirror , TheSun

SHARE