၃၀-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အက်ဒရီယာနို ။           ။ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အက်ဒရီယာနိုက သူ့အနေနဲ့ အင်တာမီလန်အသင်းမှာ ကစားနေချိန်မှာ အရက်ကို စွဲလန်းသွားခဲ့ပြီး အရက်ကြောင့် ခြေစွမ်းပျောက်ဆုံးသွားခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အက်ဒရီယာနိုက သူ့အနေနဲ့လေ့ကျင့်ရေးကွင်းကို အရက်မူးပြီး ရောက်လာခဲ့တဲ့နေ့တွေလည်း အများကြီးရှိခဲ့တယ်လို့ သူ့ရဲ့ဘ၀ဇာတ်ကြောင်းကို ပြန်ပြောပြသွားခဲ့ပါတယ်။

ချန်ပီယံလိဂ် ။   ။ ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်တွေရဲ့ မဲခွဲပွဲအစီအစဉ်ကို ဒီနေ့ည မြန်မာစံတော်ချိန် ည (၁၀း၃၀)မှာ ပြုလုပ်မှာဖြစ်ပြီး ပြင်သစ်နိုင်ငံ မိုနာကိုမှာ ကျင်းပသွားမှာပါ။ ပရီးမီးယားလိဂ်အသင်းတွေဖြစ်ကြတဲ့ မန်ယူနဲ့ လီဗာပူးလ်အသင်းတွေက ချန်ပီယံလိဂ်မဲအိုးသတ်မှတ်ချက် အနေအထားတွေအရ အုပ်စုကျပ်တွေကို ကျရောက်ဖို့ရှိတယ်လို့ သုံးသပ်မှုတွေ ရှိနေကြပြီး မဲအိုး(၃)ကိုရောက်ရှိခဲ့တဲ့ လီဗာပူးလ်အသင်းက ပိုပြီးအုပ်စုကျပ်ဖို့ရှိနေပါတယ်။

Twitter

ဟာရဲရား ။       ။ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒါ ဟာရဲရားက ဘန်လေအသင်းနဲ့ပွဲမှာ အနိုင်ရချင်ရင် စပါးနဲ့ပွဲမှာ ကစားခဲ့တဲ့ ပထမပိုင်းကစားပုံအတိုင်း ကစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ ဟာရဲရားက လက်ရှိအနေအထားမှာ မန်ယူရဲ့လူစာရင်းက အကောင်းဆုံးပဲဖြစ်ပြီး အခွင့်အရေးတွေကို အသုံးချနိုင်ဖို့သာ လိုပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

READ
ရာသီကုန်ရင် နှုတ်ထွက်ဖို့စဉ်းစားနေတဲ့ လူးဝစ်ဗန်ဟား

အိုဇေးလ် ။       ။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ အဖျားရောဂါကနေ ပြန်လည်သက်သာလာပြီးတဲ့နောက် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြန်လည်ပါဝင်နေပြီဖြစ်ပါတယ်။ အိုဇေးလ်ဟာ ၀က်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အဖျားရောဂါကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ပဲ အာဆင်နယ်ရဲ့ ကွင်းလယ်မှာ ရမ်ဆေးက ပွဲထွက်ကစားခဲ့ရတာဖြစ်ပါတယ်။

si.com

လီနို ။   ။ အာဆင်နယ်အသင်းရဲ့ ဂိုးသမား လီနို က သူ့အနေနဲ့ ပီတာချက်ကို ကျော်ဖြတ်ပြီး ပွဲထွက်ခွင့်ရဖို့ဆိုတာ တကယ့်ကို မလွယ်ကူဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လီနိုဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲ ကစားပြီးချိန်အထိ ပွဲထွက်ခွင့်မရသေးပဲ နည်းပြ အမ်မရီက ပွဲထွက်ဂိုးသမားအဖြစ် ပီတာချက်ကိုသာ အသုံးပြုနေခဲ့တာပါ။

အမ်မရီ ။         ။ အာဆင်နယ်အသင်းရဲ့နည်းပြ အမ်မရီက အသင်းသားတွေကို သစ်သီးဖျော်ရည်မသောက်ဖို့ တားဆီးလိုက်ပါတယ်။ အာဆင်နယ်နည်းပြဟာ အသင်း ကစားသမားတွေကို ကိုယ်အလေးချိန်နဲ့ ပတ်သက်တဲ့ အစားအသောက်ပုံစံပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ကြိုးစားနေတာဖြစ်ပြီး လေ့ကျင့်ရေးကွင်းနဲ့ ဘောလုံးကစားချိန်တွေမှာ သစ်သီးဖျော်ရည်တွေမသောက်ကြဖို့ တားမြစ်လိုက်တာပါ။

READ
(၁၂-၆-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Arsenal FC

Linn

Source : Dailymail , Mirror

SHARE