၃၁-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက မန်ယူအသင်းကစားသမားတွေဟာ သူတို့ရဲ့အကောင်းဆုံးပုံစံတွေကို ပြသနိုင်နေပြီး အသင်းအတွက် အကောင်းဆုံး ကစားပေးနေကြတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နည်းပြမော်ရင်ဟိုရဲ့ လက်အောက်ကနေ လွတ်မြောက်လာခဲ့တဲ့ မန်ယူဟာ နည်းပြသစ် ဆိုးလ်ရှားရဲ့လက်ထက်မှာ ကစားပုံပြောင်းလဲလာခဲ့ပြီး တိုက်စစ်ပိုင်းက နောက်ဆုံး(၃)ပွဲမှာ (၁၂)ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ မနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာ က မန်ယူကစားသမားတွေဟာ အရင်ကထက် ယုံကြည်မှုရှိရှိ ကစားနေကြပြီဖြစ်တယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းရဲ့ကွင်းလယ်လူ ဒီဘရိုင်းဟာ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေမချာဖြစ်နေဆဲပဲလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မန်စီးတီးရဲ့ အဓိက ကွင်းလယ်ကစားသမားဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပေမယ့် ကြံ့ခိုင်မှုအခြေအနေကြောင့် မနေ့ညက ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်မှာ ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ ဂွာဒီယိုလာက လီဗာပူးလ်နဲ့ပွဲစဉ်အတွက် ဒီဘရိုင်းရဲ့ ကြံ့ခိုင်မှုအခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်ကြောင်းနဲ့ ဆေးအဖွဲ့ရဲ့စစ်ဆေးမှုတွေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးဟာ လာမယ့် သောကြာနေ့ညမှာ လီဗာပူးလ်အသင်းကို သူတို့ရဲ့အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး ချန်ပီယံဆုအတွက် အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ဂွာဒီယိုလာက ယုံကြည်နေပါတယ်။

(AP Photo/Rui Vieira)

ရာဘီယော့ ။    ။ ဘာစီလိုနာအသင်းဟာ PSG ကွင်းလယ်လူ ရာဘီယော့ကိုခေါ်ယူဖို့ ကြိုးစားနေကြောင်း အတည်ပြုလိုက်ပြီး အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှု မပြုလုပ်ရသေးဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ရာဘီယော့ကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း သတင်းတွေက ဖော်ပြနေကြပြီး အပြောင်းအရွှေ့စည်းမျဉ်းတွေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားနေတယ်လို့ရေးသားနေကြတာပါ။ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကတော့ ရာဘီယော့နဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းတွေဟာ မဟုတ်မှန်ကြောင်းနဲ့ သတ်မှတ်ထားတဲ့အပြောင်းအရွှေ့စည်းမျဉ်းတွေအတိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

READ
မနက်ခင်း နောက်ဆုံးရ အားကစားသတင်းများ
(AP Photo/Michel Euler)

ဟိုးလ်ဂိတ် ။     ။ အဲဗာတန်အသင်းနောက်ခံကစားသမား ဟိုးလ်ဂိတ်ဟာ ၀က်စ်ဘရွန်းအသင်းကို အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ အသက် (၂၂)နှစ်အရွယ် နောက်ခံလူဟာ နည်းပြ မာကိုဆေးလ်ဗားရဲ့လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီးတဲ့နေုာက် ၀က်စ်ဘရွန်းအသင်းကို အငှားစာချုပ်နဲ့ သွားရောက်ရမှာပါ။ ဟိုးလ်ဂိတ်ဟာ အပြောင်းအရွှေ့အတွက် ရက်ပိုင်းအတွင်း ဆေးစစ်မှု ပြုလုပ်ရမှာဖြစ်ပြီး လာမယ့် ဇန်န၀ါရီမှာ အသင်းပြောင်းရွှေ့ရမှာဖြစ်တယ်လို့ Goal.com က ဖော်ပြပါတယ်။

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက အသင်းရဲ့တိုက်စစ်မှူး ဂျီရူးဒဏ်ရာရရှိသွားခဲ့လို့ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် စိတ်ပူမိကြောင်း ၀န်ခံလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျီရူးဟာ ပဲလေ့စ်အသင်းကို (၀-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ပွဲချိန် (၇၆)မိနစ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပြီး မိုရာတာနဲ့ လူစားလဲခဲ့ရပါတယ်။ ဆာရီက အသင်းရဲ့ကစားသမားတွေဟာ ဒီရက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး အသင်းရဲ့ဒဏ်ရာရလူစာရင်းကြောင့် စိတ်ပူနေမိတယ်လို့ ပြောဆိုသွားခဲ့တာပါ။

READ
ယူရိုပါလိဂ်ဖလားရရင်တောင်မှ ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးတဲ့ မန်ယူအသင်း
TheSun

မီနာ ။ ။ အဲဗာတန်အသင်းနောက်ခံကစားသမား ရယ်ရီမီနာ ကို ခေါ်ယူဖို့ ဘက်တစ်၊ ဆိုစီဒက်နဲ့ ဗလင်စီယာအသင်းတို့က စိတ်ဝင်စားနေကြပြီး ဘာစီလိုနာအသင်းကို ဆက်သွယ်နေကြတယ်လို့ Don Balon သတင်းစာက ဖော်ပြပါတယ်။ မီနာ ဟာ ဘာစီလိုနာကနေ အဲဗာတန်အသင်းကို အငှားနဲ့ လာရောက်ကစားနေသူဖြစ်ပြီး လာမယ့်ဇန်န၀ါရီမှာ သူ့ကိုခေါ်ယူချင်တဲ့အသင်းတွေရှိလာရင် အဲဗာတန်ကနေ ပြန်လည်ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ မီနာ ကတော့ သူ့အနေနဲ့ အဲဗာတန်အသင်းမှာပဲ ဆက်လက်ရှိနေချင်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပြီး နည်းပြ မာကိုဆေးလ်ဗားရဲ့လက်အောက်မှာလည်း ပုံမှန်ပွဲထွက်ခွင့်တစ်နေရာ ရရှိနေခဲ့ပါတယ်။

အစ္စကို ။         ။ ချယ်လ်ဆီး ၊ PSG အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ရီးယဲလ်ကွင်းလယ်လူ အစ္စကို အနေနဲ့ အသင်းမှာ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူက အတည်ပြုလိုက်ပါတယ်။ အစ္စကို ဟာ ဆိုလာရီရဲ့လက်ထက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့လို့ အသင်းကနေ ထွက်ခွာတော့မယ့်အရိပ်အယောင်တွေ ပြနေခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ပျော်ရွှင်နေကြောင်း အေးဂျင့်ဖြစ်သူက အသိပေးလိုက်တာပါ။ အစ္စကို ကိုယ်တိုင်ကလည်း သူ့အနေနဲ့ ရီးယဲလ်အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်မရှိသေးဘူးလို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Mirror

SHARE