၃၁-၅-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာကြောင့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူမှုအတွက် ပေါင်(၄၅)သန်းသာ အသုံးပြုခွင့် ပေးတော့မှာဖြစ်တယ်လို့ Dailymail ကဖော်ပြပါတယ်။ အာဆင်နယ်အသင်းတာဝန်ရှိသူတွေက ယူရိုပါလိဂ်ဆုဖလားကိုသာ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆိုရင် အသင်းရဲ့အသုံးစရိတ်ကို ပေါင်သန်း(၁၀၀)ကျော်အထိ ထုတ်ပေးမှာဖြစ်ပေမယ့် လက်ရှိအခြေအနေအရတော့ ပေါင်(၄၅)သန်းသာ အသုံးပြုခွင့်ပေးတော့မယ့် အနေအထားဖြစ်လာခဲ့တာပါ။

ဖာဒီနန် ။         ။ မန်ယူအသင်းနောက်ခံလူဟောင်း ဖာဒီနန်က မကြာခင် ကစားရတော့မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ စပါးအသင်းကိုသာ အားပေးသွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဖာဒီနန်က ကစားသမားသစ်တွေ မခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိရောက်ရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ပိုချက်တီနိုကို လေးစားမိကြောင်း ပြောဆိုသွားခဲ့ပြီး လာမယ့်ဗိုလ်လုပွဲစဉ်မှာ စပါးအသင်းပရိသတ်တစ်ယောက်အဖြစ်ရှိနေမယ်လို့ဆိုလိုက်ပါတယ်။

ဆာနေး ။        ။ ဘိုင်ယန်မြူးနစ် အသင်းကတော့ မန်စီးတီး အသင်းရဲ့တောင်ပံ ကစားသမား ဆာနေးကို ပေါင် ၇၀.၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ ဒီရာသီ နည်းပြ ဂွာဒီယိုလာရဲ့လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာဖို့အတွက် စဉ်းစားနေတာ ဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ် အသင်း ဥက္ကဌ ကားလ်ဟိန်းဇ် ရူမင်နစ်ဂီကတော့ လက်ရှိ အသင်းရဲ့ဝါရင့် ကစားသမားတွေဖြစ်တဲ့ အာဂျန်ရော်ဘင်နဲ့ ရစ်ဘာရီတို့ နေရာကို အစားထိုးဖို့ ကစားသမားသစ် ရှာဖွေနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

READ
၂၅-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
ShutterStock/By Oleksandr Osipov

ဟာဇက် ။        ။ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂက်စ် က ဟာဇက်သာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် ဘလွန်းဒီအောဆုကို ဆွတ်ခူးနိုင်တဲ့အထိ အောင်မြင်မှုရလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းမှာ ဟာဇက်နဲ့ အတူတွဲကစားခဲ့ဖူးတဲ့ ဖာဘရီဂက်စ်က ဟာဇက်ဟာ အရည်အချင်းအပြည့်ရှိတဲ့ ကစားသမားဖြစ်ကြောင်းနဲ့ လာလီဂါမှာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။

(AP Photo/Luca Bruno)

အိုလ်ဆင် ။      ။ ဒိန်းမတ်ရဲ့ ခရစ်စတီရန် အဲရစ်ဆင်လက်သစ်လို့  နာမည်ကျော်နေတဲ့ လူငယ်ကစားသမား အန်ဒရီယက်စ် အိုလ်ဆင်ကို တော့တင်ဟမ်အသင်းက ခေါ်ယူဖို့ ကြိုးစားနေပါတယ်။
တော့တင်ဟမ်နည်းပြပိုချက်တီနိုဟာ နော့ဂျယ်လန်အသင်းမှာ ခြေစွမ်းပြနေတဲ့ အသက်၁၉နှစ်အရွယ် တောင်ပံကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အိုလ်ဆင်ဟာ ဒိန်းမတ်လိဂ်မှာ ၂၂ဂိုးအထိ သွင်းယူထားတာကြောင့်ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်စတဲ့ ဥရောပအသင်းကြီးများစွာက စောင့်ကြည်အကဲခတ်လျက်ရှိပါတယ်။

READ
၁၉-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဥက္ကဌဟောင်း ကယ်လ်ဒါရွန် က နေမာဟာ ရီးယဲလ်အသင်းနဲ့ သင့်တော်တဲ့ ကစားသမားမျိုးမဟုတ်ကြောင်းနဲ့ မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကသာ ရီးယဲလ်နဲ့ထိုက်တန်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ဒီကြယ်ပွင့် ကစားသမားနှစ်ယောက်စလုံးဟာ ရီးယဲလ်အသင်းကိုရောက်မယ်လို့ သတင်းထွက်နေသူတွေ ဖြစ်ကြပြီး နေမာဟာ ဒီအပြောင်းအရွှေ့မှာ ဘာစီလိုနာ၊ ဒါမှမဟုတ် ရီးယဲလ်အသင်းဆီကိုရောက်သွားလိမ့်မယ်လို့ စပိန်မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြပါတယ်။

(AP Photo/Luca Bruno)

Linn

Source : Goal , TheSun , Mirror

 

SHARE