၃၁-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "AS"

ဒိုင်ဘာလာ ။    ။ မန်ယူနဲ့ ဂျူဗင်တပ်စ်တို့ဟာ အသင်းတိုက်စစ်မှူးတွေဖြစ်ကြတဲ့ လူကာကူနဲ့ ဒိုင်ဘာလာ တို့ကို အလဲအလှယ်လုပ်ဖို့ ညှိနှိုင်းမှု အဆင်ပြေခဲ့ပြီဖြစ်ကြောင်း Sky Italia က ဖော်ပြပါတယ်။ မန်ယူအသင်းအနေနဲ့ ဒိုင်ဘာလာရဲ့မြင့်မားတဲ့လစာငွေကြောင့် စဉ်းစားနေရတာဖြစ်ကြောင်းနဲ့ အပြောင်းအရွှေ့ကို ရက်ပိုင်းအတွင်း အတည်ပြုဖွယ်ရှိနေကြောင်း Sky Italia က ဖော်ပြပါတယ်။

ဗီလာ ။ ။ ဒီရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)ကျော်အသုံးပြုထားတဲ့ တန်းတက်ဗီလာအသင်းကတော့ ဘန်လေအသင်းရဲ့ဂိုးသမား ဟီတန် ကို ပေါင်(၈)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ တယ်လီဂရပ်သတင်းစာက ဖော်ပြပါတယ်။ အသက် (၃၃)နှစ်အရွယ် ဂိုးသမားဟာ ဗီလာအသင်းနဲ့ လာမယ့် (၄၈)နာရီအတွင်း ဆေးစစ်မှုခံယူတော့မှာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

 

ဒိုင်ဘာလာ ။    ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ကောလာဟလတွေအပေါ် မှတ်ချက်မပေးချင်ကြောင်းနဲ့ နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူဖို့ရှိနေတာကတော့ အမှန်သာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ နော်ဝေကလပ်အသင်းနဲ့ ခြေစမ်းခရီးစဉ်မှာ မီဒီယာတွေက ဒိုင်ဘာလာရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်လို့ ဆိုးလ်ရှားကို မေးခွန်းထုတ်ခဲ့ကြပြီး ဆိုးလ်ရှားက အခုလိုဖြေဆိုသွားခဲ့တာပါ။

READ
အခွန်ရှောင်မှုကြောင့်တရားရုံးက ထောင်ဒဏ်(၂၁)လချတာခံခဲ့ရတဲ့မက်ဆီ

ရွန်နီ ။  ။ မန်ယူအသင်းတိုက်စစ်မှူးဟောင်း ၀ိန်းရွန်နီက လက်စတာအသင်းနောက်ခံလူ မက်ဂွိုင်းယား အနေနဲ့ မန်ယူအသင်းကိုပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ မန်ယူအသင်းရဲ့ ပေါင်သန်း(၈၀)နဲ့ ကမ်းလှမ်းမှုကို လက်စတာက ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေ ထွက်နေပြီးတဲ့နောက် မက်ဂွိုင်းယားနဲ့မန်ယူတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေကလည်းအေးစက်သွားခဲ့တာပါ။ ရွန်နီကတော့ မက်ဂွိုင်းယားဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ မန်ယူအသင်းကိုသာ ပြောင်းရွှေ့နိုင်ခဲ့ရင် သူ့ရဲ့ခြေစွမ်းပိုမိုတိုးတက်လာမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။

 

ဗာရန်း ။                   ။ ရီးယဲလ်အသင်းနောက်ခံကစားသမား ဗာရန်း က ပေါ့ဂ်ဘာသာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့လာခဲ့ရင် အသင်းရဲ့ကစားပုံလည်း ပြောင်းလဲသွားမှာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ပေါ့ဂ်ဘာရဲ့ ပြင်သစ်အသင်းဖော်ဖြစ်တဲ့ ဗာရန်းက ရီးယဲလ်အသင်းဆီ ပေါ့ဂ်ဘာပြောင်းရွှေ့လာမယ်ဆိုတဲ့ သတင်းတွေကို ကြိုဆိုကြောင်းနဲ့ ပေါ့ဂ်ဘာဟာ ဘယ်လောက်ကောင်းတဲ့ကစားသမားလဲဆိုတာ သူသိကြောင်းပြောဆိုလိုက်တာပါ။

READ
၁၁-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ခီဒီရာ ။ ။ ဂျူဗင်တပ်စ်အသင်းရဲ့ကွင်းလယ်ကစားသမား ခီဒီရာ ဟာ အာဆင်နယ်မှာ ကစားရဖို့အတွက် လစာငွေလျှော့ယူသွားဖို့ စဉ်းစားနေကြောင်း Gazetta Dello သတင်းစာက ရေးသားခဲ့ပါတယ်။ ဂျူဗင်တပ်စ်မှာ တစ်ပတ်လုပ်ခ ပေါင်(၇၀၀၀၀)ရရှိနေတဲ့ ခီဒီယာ ဟာ အာဆင်နယ်အသင်းမှာတော့ လစာ ပေါင်(၃၀၀၀၀)လောက်သာ ရရှိဖို့ ရှိနေပြီး အာဆင်နယ်က (၂)နှစ်စာချုပ် ချုပ်ဆိုသွားဖို့ ပြင်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Linn

Source : TheSun , Mirror , Goal

SHARE