၂၀-၃-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter/ Goal

ပေါ့ဂ်ဘာ ။       ။ ရီးယဲလ်အသင်း ကွင်းလယ်လူဟောင်း မက်မန်နာမန် က ပေါ့ဂ်ဘာအနေနဲ့ ဒီရာသီမှာ မန်ယူအတွက် လုံလုံလောက်လောက် ကစားပေးထားခြင်းမရှိတာကြောင့် ရီးယဲလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားမှာမဟုတ်ဘူးလို့ သုံးသပ်လိုက်ပါတယ်။ ဒီရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲသာ ကစားပေးထားတဲ့ ပေါ့ဂ်ဘာအနေနဲ့ လာမယ့်အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ လွယ်ကူမှာ မဟုတ်ဘူးလို့လည်း မက်မန်နာမန်က မှတ်ချက်ပေးပါတယ်။

ကန်တိုနာ ။      ။ မန်ယူအသင်းရဲ့ ဂန္ဓ၀င်ကွင်းလယ်ကစားသမားဟောင်းကြီး ကန်တိုနာ ဟာ အိုးထရက်ဖို့ဒ်ကို သံတမန်ရာထူးနဲ့ ပြန်လည်ရောက်ရှိလာတော့မယ်လို့ သတင်းတွေက ဖော်ပြနေကြပါပြီ။ မန်ယူအသင်းမှာ (၁၉၉၂)ကနေ (၁၉၉၇)အထိ ကစားပေးခဲ့ဖူးတဲ့ အသက် (၅၃)နှစ်အရွယ် ကစားသမားကြီးကို မန်ယူအသင်းက သူတို့ရဲ့ သံတမန်အဖြစ် ခန့်အပ်သွားမှာဖြစ်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံပွဲတွေ၊ မန်ယူအသင်းရဲ့ ပွဲအစီအစဉ်တွေမှာ ပါဝင်ရမှာဖြစ်ပါတယ်။

READ
၂-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

အာတီတာ ။     ။ Covid-19 ရောဂါ ခံစားနေရတဲ့ အာဆင်နယ်အသင်းနည်းပြ အာတီတာ ရဲ့ အခြေအနေဟာ တိုးတက်ကောင်းမွန်လက်ရှိနေပြီး အသင်းကစားသမားတွေနဲ့ ပုံမှန်ဆက်သွယ်မှုတွေ ရှိနေတယ်လို့ Goal က ဖော်ပြပါတယ်။ မတ်လ (၁၂)ရက်နေ့တုန်းက ရောဂါပိုးရှိကြောင်း တွေ့ရှိခဲ့တဲ့ အာတီတာ ဟာ သူ့ရဲ့နေအိမ်မှာ သီးသန့်နေထိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူနေခဲ့ရတာပါ။ လက်ရှိအချိန်မှာတော့ ပြန်လည်သက်သာလာနေခဲ့ပြီး အသင်းရဲ့ တာဝန်တွေကို ပြန်လည်လုပ်ကိုင်နေခဲ့ပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

အူဘာမီယန်း ။  ။ အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး အူဘာမီယန်း ကို ဘာစီလိုနာနဲ့ အပြိုင် မန်ယူအသင်းခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မန်ယူအသင်းအနေနဲ့ ဒီတိုက်စစ်မှူးအတွက် ပေါင်သန်း(၅၀)ပေးချေဖို့ အဆင်သင့်ရှိနေတယ်လို့ Mail က ဖော်ပြခဲ့ပြီး အာဆင်နယ်အနေနဲ့လည်း (၂၀၂၁)မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမယ့် ကစားသမားအတွက် ရောင်းချသွားဖို့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

READ
၂၈-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

တိုလစ်ဆို ။      ။ ဘိုင်ယန်မြူးနစ်ရဲ့ နောက်ခံကစားသမား တိုလစ်ဆို ကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ နာပိုလီ တို့ အပြိုင်ဖြစ်နေတယ်လို့ ပြင်သစ်သတင်းစာတွေက ဖော်ပြပါတယ်။ အသက် (၂၅)နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကစားသမားဟာ (၂၀၁၇)ခုနှစ်တုန်းက လိုင်ယွန်ကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူ့ရဲ့တန်ကြေးက ယူရို (၃၅)သန်းလောက် ရှိနေတာပါ။

Linn

Source : TheSun , Goal , Mirror

SHARE