၂၃-၃-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter

မာလ်ဒီနီ ။       ။ အေစီမီလန်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာလည်းဖြစ်၊ ကစားသမားဟောင်းကြီးလည်းဖြစ်တဲ့ မာလ်ဒီနီ နဲ့ သားဖြစ်သူ ဒင်နီယယ်မာလ်ဒီနီ တို့ဟာ Covid-19 ရောဂါကူးစက်ခြင်း ခံထားရပြီဖြစ်ကြောင်း အေစီမီလန်အသင်းက ကြေညာလိုက်ပါပြီ။ သူတို့နှစ်ဦးစလုံးရဲ့ ဆေးစစ်ချက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း အသင်းက ကြေညာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ နှစ်ဦးစလုံး ကုသမှု ခံယူနေကြပြီ ဖြစ်ပါတယ်။

ဂျိုဗစ် ။ ။ စပိန်နိုင်ငံအတွင်းမှာ Covid-19 ကြောင့် နေအိမ်မှာပဲ နေကြဖို့ ညွှန်ကြားထားချိန်မှာ ရီးယဲလ်တိုက်စစ်မှူး ဂျိုဗစ် တစ်ယောက်ကတော့ သူ့ရဲ့ချစ်သူနဲ့အတူ မွေးရပ်မြေ ဆားဘီးယားနိုင်ငံဆီ ပြန်သွားခဲ့ပါတယ်။ ဂျိုဗစ်ရဲ့ ဖခင်ဖြစ်သူက သားဖြစ်သူရဲ့ လုပ်ရပ်အတွက် တောင်းပန်လိုက်ပြီး ဂျိုဗစ် အတွက် ဘယ်လိုအပြစ်ပေးမှုကိုပဲဖြစ်ဖြစ် လက်ခံသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို ဟာ သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်းဒက်စ်နဲ့ ပူးပေါင်းပြီး Covid-19 အတွက် ဆေးပညာပိုင်းထောက်ပံ့မှုတွေကို ကူညီသွားမယ့်အကြောင်းအသိပေးလိုက်ပါတယ်။ ပေါ်တူဂီနိုင်ငံအတွင်းမှာရှိတဲ့ ဆေးရုံတွေကို Covid-19 အတွက် ကာကွယ်နိုင်မယ့် ပစ္စည်းတွေ လှူဒါန်းသွားမှာဖြစ်ပြီး ပေါင်သန်းနဲ့ချီပြီး အကုန်အကျခံသွားဖို့ရှိနေတယ်လို့ ပေါ်တူဂီ သတင်းစာတွေက ဖော်ပြနေကြပါတယ်။

ပရီးမီးယားလိဂ် ။                   ။ Covid-19 ကြောင့် ပွဲစဉ်တွေ ရွှေ့ဆိုင်းထားခဲ့ရပြီး လေ့ကျင့်ရေးကွင်းလည်း မဆင်းနိုင်တာကြောင့် ပရီးမီးယားလိဂ် အပါအ၀င် အခြားဘောလုံးလိဂ်တွေရဲ့ ကစားသမားတွေဟာ ပုံမှန်ကြံ့ခိုင်မှုမျိုး ပြန်လည်ရရှိဖို့ မလွယ်ပဲ ဖြစ်နေပြီလို့ TheSun က ဖော်ပြပါတယ်။ (၈)ပတ်လောက် ဘောလုံးပွဲတွေနဲ့ ဝေးကွာနေရမယ့်အနေအထားဟာ ကစားသမားတွေအတွက် အခက်အခဲဖြစ်လာစေမှာဖြစ်ပြီး နေအိမ်အတွင်းမှာ လေ့ကျင့်မှုတွေပြုလုပ်နေပေမယ့်လည်း ကြံ့ခိုင်မှုပိုင်းမှာတော့ အားနည်းလာမှာဖြစ်တယ်လို့ TheSun က သုံးသပ်ပါတယ်။

READ
ဘေးလ်က အကောင်းဆုံးကစားဖော်အဖြစ် ရော်နယ်ဒိုကို မရွေးပဲ အခြားတစ်ယောက်ကိုရွေးချယ်ခဲ့

ရွန်နီ ။  ။ မန်ယူအသင်းတိုက်စစ်မှူးဟောင်း ရွန်နီကတော့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်းပဲ ရသင့်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ဒါဘီအသင်းအတွက် ကစားသမား/နည်းပြ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရွန်နီ က လီဗာပူးလ်ဟာ ဒီရာသီမှာ အကောင်းဆုံး ကြိုးစားပြီး နိုင်ပွဲတွေ ရယူထားနိုင်ခဲ့သလို သူတို့ရဲ့ ခြေစွမ်းပိုင်းကလည်း ချန်ပီယံဆုနဲ့ တကယ်ပဲ ထိုက်တန်ကြောင်းနဲ့ ဘောလုံးရာသီပြီးဆုံးအောင် ကစားပြီး လီဗာပူးလ်ကိုသာ ချန်ပီယံဆု ပေးသင့်ကြောင်း ရွန်နီက မှတ်ချက်ပေးပါတယ်။

Linn

READ
၁၄-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : Goal , TheSun , Mirror

SHARE