၎-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ ။ ။ မန်ယူအသင်းပရိသတ်တွေကတော့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ (၁၆)မှတ်သာ ကွာတော့တဲ့အနေအထားမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်မျှော်လင့်လို့ရနေပြီလို့ တွစ်တာမှာကြွေးကြော်နေကြပါတယ်။ လီဗာပူးလ်အသင်းက မန်စီးတီးကို (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ လီဗာပူးလ်နဲ့တခြားအသင်းတွေအကြား အမှတ်ကွာဟမှု ကျဉ်းမြောင်းသွားခဲ့လို့ မန်ယူအသင်းလည်း ချန်ပီယံဆုအတွက် မျှော်လင့်ချက် ပြန်ရှိလာပြီဆိုတဲ့အကြောင်း မန်ယူပရိသတ်တွေက ရေးသားသွားခဲ့ကြပါတယ်။ မန်ယူအသင်းဟာ လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာမှာရပ်တည်နေပြီး အဆင့်(၅)နေရာက အာဆင်နယ်နဲ့ (၃)မှတ်သာကွာတော့လို့ ဥရောပပြိုင်ပွဲဝင်ခွင့်အတွက် မျှော်လင့်ချက်တွေ ရှိလာခဲ့ပါတယ်။

ဖာနန်ဒင်ဟို ။    ။ ပရီးမီးယားလိဂ်ကွင်းလယ်ကစားသမားနဲ့ နည်းပြဟောင်း ဂရေမီဆောင်းနက် က မန်စီးတီးကွင်းလယ်ကစားသမား ဖာနန်ဒင်ဟို ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ လီဗာပူးလ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ဖာနန်ဒင်ဟို ဟာ ဘောလုံးပွဲသုံးသပ်သူတွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပြီး ဒီပွဲအတွက် အရေးအပါဆုံးကစားသမားဖြစ်ခဲ့တယ်လို့ မှတ်ချက်ပေးခံခဲ့ရတာပါ။ ဆောင်းနက်က အသက် (၃၃)နှစ်အရွယ် ကွင်းလယ်ကစားသမားနဲ့ အရည်အသွေးတူတဲ့ ကွင်းလယ်လူမျိုး ပရီးမီးယားလိဂ်မှာမရှိဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

READ
၂၉-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
EPA

ကာဇိုလာ ။      ။ ဗီလာရီးယဲလ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဆန်တီကာဇိုလာ ဟာ မနေ့ညက ကစားခဲ့တဲ့ ရီးယဲလ်အသင်းနဲ့(၂)ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။ ကာဇိုလာဟာ ပရော်ဖက်ရှင်နယ်ဘောလုံးပြိုင်ပွဲတွေမှာ ပွဲစဉ်တစ်ပွဲအတွင်း (၂) ဂိုးမသွင်းယူနိုင်တဲ့ကာလ (၄)နှစ်နီးပါး ရှိခဲ့ပြီး (၂၀၁၄)ခုနှစ်အတွင်း ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ပွဲဟာ သူနောက်ဆုံး (၂)ဂိုးသွင်းနိုင်ခဲ့တဲ့ပွဲပါပဲ။ လက်ရှိအချိန်မှာတော့ ကာဇိုလာဟာ (၄)နှစ်ကျော်ကြာပျောက်ဆုံးနေတဲ့ သူ့ရဲ့စံချိန်ကောင်းကို ပြန်လည်ရယူနိုင်ခဲ့ပြီး ဗီလာရီးယဲလ်အတွက် အဖိုးတန်တဲ့သရေတစ်မှတ်ကို ရယူပေးနိုင်ခဲ့တာပါ။

AFP

စပါး ။   ။ စပါးအသင်းဟာ သူတို့ရဲ့နောက်ခံကစားသမား အယ်လ်ဒါဝီး ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ထပ်မံ ချုပ်ဆိုနိုင်ခဲ့ပြီး အယ်လ်ဒါဝီးကိုခေါ်ယူမယ့် မန်ယူရဲ့မျှော်လင့်ချက်တွေကို အဆုံးသတ်သွားစေခဲ့ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ စပါးအသင်းနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ အယ်လ်ဒါဝီး ဟာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာမယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ တစ်နှစ်သက်တမ်းထပ်မံ တိုးဖို့ ဆုံးဖြတ်လိုက်တာပါ။ စပါးအနေနဲ့ အယ်လ်ဒါဝီးရဲ့ စာချုပ်လျော်ကြေးအဖြစ် ပေါင် (၂၅)သန်း သတ်မှတ်ထားခဲ့လို့ သူ့ကိုခေါ်ယူချင်တဲ့အသင်းတွေအနေနဲ့ ပေါင် (၂၅)သန်း အသုံးပြုနိုင်ရင်တော့ ဒီအပြောင်းအရွှေ့မှာ ရရှိနိုင်မှာဖြစ်ပါတယ်။

READ
ဘာစီလိုနာရဲ့ သမိုင်းဝင်နိုင်ပွဲအတွက် ဂုဏ်ပြုစကားပြောကြားခဲ့တဲ့ ဂန္ထ၀င်များ

ဘာလော့တယ်လီ ။      ။ ပြင်သစ်ကလပ် နိုက်စ်အသင်းရဲ့ တိုက်စစ်မှူး ဘာလော့တယ်လီဟာ ပရီးမီးယားလိဂ်မြေကို ပြန်လည်ခြေချဖို့ စဉ်းစားနေပြီး နယူးကာဆယ်အသင်းကိုပြောင်းရွှေ့လာဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အသက် (၂၈)နှစ်အရွယ် တိုက်စစ်မှူးဟာ နိုက်စ်အသင်းနည်းပြ ဗီအဲရာနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေခဲ့ပြီးနောက် လေ့ကျင့်ရေးကွင်းကိုတောင် လာရောက်ဖို့ ပိတ်ပင်ခံထားရတာပါ။ မန်စီးတီး ၊ လီဗာပူးလ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေရှိနေပေမယ့်လည်း နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ကတော့ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

AFP

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ ရိုးမားအသင်းကွင်းလယ်ကစားသမား အွန်ဒါကို ပေါင် (၅၅)သန်းနဲ့ ထပ်မံကမ်းလှမ်းလိုက်တယ်လို့ Fotomac က ဖော်ပြသွားပါတယ်။ အာဆင်နယ်ဟာ အွန်ဒါအတွက် ပေါင် သန်း(၅၀)နဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့ပြီး အဲဒီ ကမ်းလှမ်းမှုကို ရိုးမားအသင်းက ပယ်ချခဲ့လို့ ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းခဲ့တာပါ။ တူရကီအသင်းကွင်းလယ်ကစားသမားလေးကို အာဆင်နယ်နည်းပြ အမ်မရီက အလိုရှိနေတာဖြစ်ပြီး ရမ်ဆေးရဲ့နေရာမှာ အစားထိုးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Linn

Source : TheSun , Mirror , Goal

SHARE