၁၄-၄-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းရဲ့ ကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူတို့ရဲ့လစာငွေတွေကို လျော့ယူပေးဖို့ ညှိနှိုင်းမှုအပေါ် ငြင်းဆန်ခဲ့ကြတယ်လို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကစားသမားတွေကို လာမယ့် (၁၂)လ အတွက် လစာငွေထဲက (၁၂.၅)ရာခိုင်နှုန်း လျော့ယူပေးဖို့ ညှိနှိုင်းခဲ့တာဖြစ်ပြီး ညှိနှိုင်းမှုသာ အောင်မြင်သွားခဲ့ရင် ပေါင်(၂၅)သန်းလောက် သက်သာသွားမယ့်အနေအထားပါ။

လောင်းစတက်ဖ် ။        ။ နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်ကစားသမား မက်တီ လောင်းစတက်ဖ် ဟာ သူ့ရဲ့လစာငွေထဲက (၃၀)ရာခိုင်နှုန်းကို နိုင်ငံတွင်းက ကျန်းမာရေးဝန်ထမ်းတွေအတွက် လှူဒါန်းလိုက်ပါတယ်။ သူက ပရီးမီးယားလိဂ်ရဲ့ လစာအနည်းဆုံး ကစားသမားတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ပြီး တစ်ပတ်ကို ပေါင် (၈၅၀)သာ ရသူပါ။ နယူးကာဆယ်အသင်းကြီးမှာ ပွဲထွက်ခွင့်ရနေတဲ့ အခြား ရှောင်လောင်းစတက်ဖ် ရဲ့ လစာကလည်း တစ်ပတ်ကို ပေါင်(၇၀၀)တောင် မပြည့်တာမို့ အသင်းကြီးတစ်သင်းရဲ့ ပွဲထွက်ကစားသမားတွေအပေါ် လစာပေးချေမှုကို ပရိသတ်တွေက အံ့အားသင့်နေကြပါတယ်။

ပရီးမီးယားလိဂ် ။                   ။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရာသီစာ လက်မှတ်ဝယ်ယူထားတဲ့ ပရိသတ်တွေကို လက်မှတ်ဖိုးတွေ ပြန်အမ်းရဖွယ်ရှိနေပါတယ်။ ပရီးမီးယားလိဂ်အသင်းစုစုပေါင်းရဲ့ ပြန်အမ်းရမယ့် လက်မှတ်ဖိုးငွေဟာ ပေါင်(၁၇၇)သန်း ၀န်းကျင်ရှိပြီး ရာသီလက်ကျန်ပွဲစဉ်တွေကို ကွင်းပိတ်ကစားရတော့မယ့် အနေအထားကြောင့် ပရိသတ်တွေကို လက်မှတ်ဖိုးတွေ ပြန်လည်ပေးအပ်ဖို့ စီစဉ်နေခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မာတီနက်ဇ်  ။   ။ အာဂျင်တီးနားအသင်းဂန္ဓ၀င်ကစားသမားကြီး မာရီယို ကမ်းပတ်စ် က အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်အနေနဲ့ ဘာစီလိုနာအသင်းကို အမြန်ဆုံးပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ မာတီနက်ဇ်နဲ့ ဘာစီလိုနာတို့ရဲ့ အပြောင်းအရွှေ့ဟာ ပေါင်သန်း(၁၀၀)ကျော် ၀န်းကျင်မှာ ဖြစ်လာဖို့ရှိနေပြီး မာတီနက်ဇ်အနေနဲ့ သူ့ရဲ့အာဂျင်တီးနားအသင်းဖော် မက်ဆီနဲ့ အမြန်ဆုံး သွားရောက်ပူးပေါင်းသင့်တယ်လို့ ကမ်းပတ်စ်က မှတ်ချက်ပေးပါတယ်။

ဗီဒယ် ။ ။ အင်တာမီလန်အသင်းဟာ မာတီနက်ဇ်ကို ရောင်းချမှုရဲ့ အပြောင်းအရွှေ့ တစ်စိတ်တပိုင်းအဖြစ် ဘာစီလိုနာ ကွင်းလယ်လူ ဗီဒယ်ကို ပြန်လည်ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့ဖူးတဲ့ အသက် (၃၂)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အီတလီမြေကို တဖန်ပြန်လည်ရောက်ရှိလာဖွယ်ရှိနေပြီး ဘာစီလိုနာကလည်း ဒီကစားသမားကို အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းအဖြစ် ထည့်သွင်းဖို့ ဆန္ဒရှိနေပါတယ်။

READ
မော်ရင်ဟိုဟာမန်ယူအသင်းကိုလမ်းကြောင်းမှန်ပေါ် ပို့ဆောင်ပေးနေတဲ့လို့ဆိုလိုက်တဲ့ဖာဂူဆန်

Linn

Source : TheSun , Goal , Mirror

 

SHARE