၁၈-၄-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး မက်ဆီ၊ ကွင်းလယ်လူ ဒီဂျောင်နဲ့ ဂိုးသမား တာစတီဂန် တို့ကလွဲပြီး တခြားကစားသမားတွေကို ဘဏ္ဍာရေးအရ ရောင်းချသွားဖို့ရှိနေတယ်လို့ Marca က ဖော်ပြနေပါတယ်။ ဘာစီလိုနာအသင်းမှာ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စိတ်အေးလက်အေးရှိနေတဲ့ ကစားသမားဆိုလို့ အထက်မှာဖော်ပြထားတဲ့ ကစားသမား (၃)ယောက်ပဲ ရှိနေပြီး အသင်းဥက္ကဌ ဘာတိုမြူ အနေနဲ့ ဘာစီလိုနာရဲ့ ငွေကြေးအကျပ်အတည်းတွေကို ကျော်ဖြတ်ဖို့ ကစားသမားတွေကို ရောင်းချသွားရနိုင်တယ်လို့ Marca က သုံးသပ်လိုက်ပါတယ်။

ပရီးမီးယားလိဂ် ။                   ။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကို ပြန်လည်စတင်မယ့်ရက်ဟာ ဇွန်လ (၈)ရက်နေ့လို့ သတ်မှတ်လိုက်ကြပြီဖြစ်ကြောင်း Goal က ဖော်ပြပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ ကလပ်အသင်းတွေကြား အစည်းအဝေးပြီးတဲ့နောက်မှာတော့ ပရီးမီးယားလိဂ်ကို ခန့်မှန်းထားတာထက် ပိုပြီးစောစော စတင်ဖို့ ကလပ်အသင်းတွေက သဘောတူခဲ့ကြပြီး ဘောလုံးပွဲစဉ်တွေကို ပရိသတ် မပါပဲ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ဂျိုဗစ် ။ ။ ရီးယဲလ်အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ တိုက်စစ်မှူး ဂျိုဗစ် ကို အက်သလက်တီကို အသင်းက ချည်းကပ်နေတယ်လို့ Don Balon က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ရီးယဲလ်အသင်းကို ပေါင်(၅၈)သန်းနဲ့ ရောက်လာခဲ့တဲ့ တိုက်စစ်မှူးဟာ သူ့ရဲ့ပထမဆုံးရာသီမှာ ပွဲထွက်ခွင့်ရဖို့တောင် ရုန်းကန်ခဲ့ရပြီး အက်သလက်တီကိုအသင်းရဲ့ မျက်စိကျခြင်းကိုခံနေရတာပါ။

ဒရက်စ်လာ ။    ။ PSG အသင်းရဲ့ တောင်ပံကစားသမား ဒရက်စ်လာ ကို  ဟာသာဘာလင် အသင်းက ဆက်သွယ်နေတယ်လို့ Mercato သတင်းစာက ဖော်ပြပါတယ်။ PSG ဟာ (၂၀၂၁)ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားကို စာချုပ်သစ်ညှိနှိုင်းမှု အဆင်မပြေဖြစ်နေပြီး စာချုပ်မကုန်ဆုံးခင်မှာပဲ ရောင်းချသွားဖို့စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မာရှယ် ။         ။ မန်ယူတိုက်စစ်မှူး မာရှယ် အတွက် အင်တာမီလန်ရဲ့ ချဉ်းကပ်မှုက စတင်နေပြီလို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါပြီ။ မာတီနက်ဇ်ကို ဘာစီလိုနာဆီ ရောင်းချဖို့ သေချာသလောက်ဖြစ်သွားခဲ့တဲ့နောက် အင်တာ ဟာ မန်ယူတိုက်စစ်မှူး မာရှယ်ကို အဓိက ပစ်မှတ်အဖြစ် ကြိုးစားနေတာဖြစ်ပြီး တိုက်စစ်မှာ လူကာကူ နဲ့ တွဲဖက်ကစားဖို့ ဆန္ဒရှိနေခဲ့တယ်လို့ Goal က ဖော်ပြထားပါတယ်။

READ
၁၈-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE