၁၉-၄-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းကစားသမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း လစာငွေ (၁၀)ရာခိုင်နှုန်းလျော့ယူပေးဖို့ သဘောတူညီခဲ့ကြပြီးလာမယ့် စက်တင်ဘာလအထိ လစာငွေလျော့ယူပေးသွားမှာဖြစ်ကြောင်း Goal က ဖော်ပြပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဒီအတွက်ကြောင့် ပေါင်(၁၀)သန်းလောက် သက်သာ သွားမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်ကတော့ သူ့ရဲ့လစာ (၂၅)ရာခိုင်နှုန်းအထိ လျော့ယူပေးသွားဖို့ သဘောတူခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ အက်သလက်တီကို ကွင်းလယ်လူ ပါတေး ကို ခေါ်ယူနိုင်ဖို့အတွက်တိုက်စစ်မှူး လာကာဇက် နဲ့ အလဲအလှယ် ပြုလုပ်သွားဖွယ်ရှိနေတယ်လို့ Mirror က ဖော်ပြပါတယ်။ အသက် (၂၆)နှစ်အရွယ် ကွင်းလယ်လူ ဟာ အာဆင်နယ်နည်းပြ အာတီတာ ရဲ့ နံပတ်(၁) ပစ်မှတ်ဖြစ်ပြီး ကွင်းလယ်ခံစစ်သမားတစ်ယောက်ကို အသည်းအသန် ရှာဖွေနေတဲ့ အာဆင်နယ်ကြောင့် ဒီအပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

ဟယ်ရီကိန်း ။   ။ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးယဲလ်အသင်းဟာ သူတို့ရဲ့ကြိုးစားမှုကနေ နောက်ဆုတ်သွားခဲ့ရပြီးနောက် စပါးအသင်းအနေနဲ့ ဒီကစားသမားကို ဘယ်အသင်းဆီ ရောင်းချရမလဲဆိုတာ စိန်ခေါ်မှု ဖြစ်လာခဲ့တယ်လို့ TheSun က ဖော်ပြပါတယ်။ အသက် (၂၆)နှစ်အရွယ် တိုက်စစ်မှူးအတွက် စပါးအသင်းက သန်း(၁၅၀)၀န်းကျင်လိုချင်နေခဲ့တာကြောင့် ရီးယဲလ်က နောက်ဆုတ်သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဟယ်ရီကိန်းကို စိတ်ဝင်စားနေတဲ့အသင်းအဖြစ် မန်ယူတစ်သင်းတည်းသာ ကျန်ရှိနေတော့တာပါ။

READ
(၃-၆-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ ပီရူးကလပ် အေလီယန်ဇာအသင်းရဲ့ (၁၆)နှစ်အရွယ် နောက်ခံကစားသမားလေး အဂွီလာ ကိုခေါ်ယူဖို့  သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ အဂွီလာ တစ်ယောက် အသက် (၁၈)နှစ်ပြည့်ချိန်မှာမှ အသင်းဆီ ခေါ်ယူခွင့်ရမှာဖြစ်ပြီး (၂၀၂၁) မေလ (၅)ရက်နေ့အထိ စောင့်ဆိုင်းရမှာဖြစ်တယ်လို့ Goal က ဖော်ပြပါတယ်။။

မိုနာကို ။         ။ မိုနာကိုအသင်းဟာ နာပိုလီအသင်းကနေ စာချုပ်ကုန်ဆုံးပြီး ထွက်ခွာလာမယ့် တိုက်စစ်မှူး ဒရိုင်းမာတန် ကို လစာငွေ (၂)ဆပေးပြီးခေါ်ယူဖို့ ကမ်းလှမ်းလိုက်တယ်လို့ Goal က ဖော်ပြပါတယ်။ ဒီရာသီကုန်ရင် နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်တဲ့ အသက် (၃၂)နှစ်အရွယ် တိုက်စစ်မှူးဟာ နာပိုလီအသင်းမှာ တစ်နှစ်လစာငွေ ပေါင်(၃.၅)သန်း ရရှိနေခဲ့ပြီး မိုနာကို က ပေါင်(၇)သန်း ပေးဖို့ ကမ်းလှမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

READ
ပရီးမီးယားလိဂ်သက်တော်ရှည်နည်းပြ အာစင်ဝင်းဂါးရဲ့နောက်ကွယ်က ကိန်းဂဏန်းများ

Linn

Source : TheSun , Goal , Mirror

SHARE